"တရားဥပဒေစိုးမိုးရေးရဲ့ အသီးအပွင့်ကို အမှန်တကယ်ခံစားချင်တယ်ဆိုရင် ပြန်လည်သင့်မြတ်ရေးဟာ မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပါတယ်။" (ဒေါ်အောင်ဆန်းစုကြည်၊ မဲလ်ဘုန်းမြို့၊ Monash တက္ကသိုလ်မိန့်ခွန်း)
“ဒီခရီးစဉ်တခုလုံးရဲ့ အဓိကရည်ရွယ်ချက်ကတော့ World AIDS Day အခမ်းအနားကို တက်ရောက်ဖို့ပါ။ Melbourne မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ကျင်းပမယ့် World AIDS Day အခမ်းအနားပေါ့ဗျာ ဒီအခမ်းအနားကို တက်ရောက်ဖို့ကတော့ အဓိကရည်ရွယ်ချက်ပါ။ နောက်ပြီးကျတော့ Canberra မှာရှိတဲ့ သြစတြေးလျလွှတ်တော်ကို သွားရောက် လေ့လာစရာတွေ..."
တနိုင်ငံလုံးအပစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး ဆွေးနွေးကြဖို့အတွက် မြန်မာငြိမ်းချမ်းရေးစင်တာက ဖိတ်ကြားချက်အရ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ထိပ်ပိုင်းခေါင်းဆောင်သုံးဦးတို့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ပါတယ်။
“ဒီခရီးစဉ်က တချို့တွေ သတင်းဖြန့်သလို OIC အဖွဲ့အနေနဲ့ ကျနော်တို့နိုင်ငံမှာ ရုံးခန်းဖွင့်မယ်ဆိုတဲ့ကိစ္စတွေ၊ နောက်တခါ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီ တိုင်းရင်းသားတွေကို ရိုဟင်ဂျာနာမည်နဲ့ တိုင်းရင်းသား လူမျိုးအဖြစ် သတ်မှတ်ပေးဖို့ ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဘာမှ မဆိုင်ပါဘူး။ တည်ငြိမ်အေးချမ်းရေးနဲ့...."
“မိဖုရားကြီးမွေးနေ့၊ ဘုရင်ကြီးမွေးနေ့ဆိုရင် ကျနော်တို့က မတိုင်ခင်ကတည်းက ကြိုပို့ထားတာပေါ့နော်။ ကြိုပို့တဲ့အခါမှာ နာမည်စာရင်းတွေ ပြုစုပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့် ကျနော်တို့တွေ တင်ပါတယ်။ ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့် မရသည့်တိုင်အောင် ပြစ်ဒဏ် သက်သာခွင့်ရအောင်ပေါ့လေ ကျနော်တို့က တင်ပေးပါတယ်။"
တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့နဲ့ ဥပဒေအရ ကာကွယ်စောင့်ရှောက်နိုင်ရေး အဓိက ရည်ရွယ်တဲ့ တိုင်းရင်းသားတွေရဲ့အခွင့်အရေး ဥပဒေအရ အကာအကွယ်ပေးနိုင်မယ့် မူကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပထမဆုံး တင်သွင်းလိုက်ပါတယ်။
ဒီနေ့ည ရုရှားစံတော်ချိန်ည ၁၀ နာရီမှာ မယ်စကြဝဠာ ဆန်ခါတင် ၁၆ ယောက် စတင်ရွေးချယ်တော့မှာဖြစ်ပြီး မြန်မာအလှမယ် မိုးစက်ဝိုင်အနေနဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်လိမ့်မယ်လို့ ပြိုင်ပွဲစီစဉ်သူတွေဘက်က ယုံကြည်မှု အပြည့်ရှိနေကြောင်း ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံတဝှမ်း အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူတွေနဲ့တွေ့ဆုံပြီး လိုက်လံကောက်ယူခဲ့တဲ့ ပြည်သူ့သဘောထားစစ်တမ်းတွေအရဆိုရင် မြန်မာပြည်သူအများစုက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်ဆင်မယ်လို့ သဘောထားပေးခဲ့ကြပါတယ်။
"Information တွေကို ပေးဖို့၊ ပြီးတော့ သူတို့အတွက် Trafficking နဲ့ပတ်သက်ပြီးတော့မှ အချက်အလက်တွေသိအောင်၊ ရအောင်၊ ပြီးတော့ လိုအပ်တဲ့ အကူအညီလေးတွေကို အချိန်မှီ ကူညီနိုင်ဖို့အတွက် ဒီ အရေးပေါ် Hotline ကို လုပ်ထားတာပါ...."
"ကျနော်တို့ လိုချင်တဲ့ မျိုးဆက်သစ်ဟာ သတ္တိလည်းရှိပြီးတော့ ဉာဏ်ရည်လည်း ပိုမြင့်တဲ့ မျိုးဆက်တွေဖြစ်အောင် လေ့ကျင့်ပျိုးထောင်ကြဖို့၊ သတ္တိဆိုတဲ့နေရာမှာ အကြီးအကဲလုပ်သူတွေရဲ့ မှားယွင်းမှုတွေကို ထောက်ပြပြီး ပိုကောင်းတာတွေကို ပြီးတော့ ပိုဆန်းသစ်တဲ့ အတွေးအခေါ်.."
“ဒီလိုမျိုးတွေ ဖြစ်တာကတော့ မကောင်းဘူးပေါ့။ အများပြည်သူလည်း ထိခိုက်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ တိုင်းပြည် တည်ဆောက်နေချိန်မှာ ဒါမျိုးတွေ အများကြီး ဖြစ်လာမယ်ဆိုရင် နောက်ကြောင်း ပြန်လှည့်သွားနိုင်တယ်။ အများပြည်သူအတွက် အများကြီး ထိခိုက်လာနိုင်တယ်။"
“ရွှေပြည့်စုံတည်းခိုခန်းနဲ့ ဟိုဟာပေါ့ ဆွမ်းဦးပုညရှင်စေတီလေ အဲ့ဒီမှာ နှစ်လုံးပေါက်တယ် လို့တော့ ကြားတာပဲ။ ဘာမှတော့ အထိအခိုက် မရှိဘူးလေ။ စစ်ကိုင်းမှာလေ အခါတိုင်းတော့ ဒီလိုမျိုး ဗုံးတွေဘာတွေ မကြားဖူးဘူးလေ။"
“ကျနော်တို့ဆီမှာ Revenge လုပ်လိုတဲ့စိတ် မရှိပါဘူး။ တခုပဲရှိတာပေါ့ အဖြစ်မှန်တွေကို မမေ့အောင်တော့ ထိန်းသိမ်းရမယ်။ နောက်မဖြစ်အောင်လို့ သင်ခန်းစာယူရမယ်။”
“ပြည်နယ်တိုင်းအသီးသီးက တိုင်းရင်းသားစုံ ပါတယ်ဆိုတဲ့အကြောင်း၊ နောက်တခု ကျနော်တို့ Democratization ကို သွားနေတဲ့အခါကျတော့ ဒါနဲ့မညီတဲ့ ဥပဒေတွေကို ကျနော်တို့ အခု ပြင်ဆင်နေတာ ၅၀ ကျော်ရှိသွားပြီဆိုတဲ့အကြောင်း၊ ဆက်လက်ပြီးတော့ လည်း ကျနော်တို့ ဒါ ခေတ်နဲ့မညီတော့တဲ့"
"ကျမကို အဲ့ဒီမှာ ၅ မိနစ်ပေါ့ ပြောခွင့်ပေးထားပါတယ်။ အဲ့လိုပြောခွင့်ပေးတဲ့အခါမှာ ကျမကတော့ အဓိကကတော့ နိုင်ငံတကာ အဖွဲ့အစည်းကနေ ကျမတို့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေအတွက်ကို Policy ပိုင်းဆိုင်ရာနဲ့ ဘယ်လို အကူအညီပေးနိုင်တယ် ဆိုတဲ့ဟာလေးကို ကျမ အဓိကထားပြီးတော့ ပြောမှာပါ။”
“စင်္ကာပူ-မြန်မာ ဆက်ဆံရေးကတော့ အစကတည်းကပဲ ကောင်းပါတယ်။ တော်တော်လေး။ အခုကျတော့ ပိုတောင် ကောင်းသွားသေးတာပေါ့လေ။”
စက်တင်ဘာ ၂၁ ရက်၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြား နိုင်ငံရေးပါတီတွေနဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးရေးလှုပ်ရှားသူ လူမှုအဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးလိုလားသူတွေက ငြိမ်းချမ်းရေးအခမ်းအနားတွေကျင်းပခဲ့ကြပါတယ်။
"အပြည်ပြည်ဆိုင်ရာအနေနဲ့ မြန်မာဒီမိုကရေစီပြောင်းလဲမှုကို စိတ်ဝင်စားတာ ကျေးဇူးတင်တယ်။ သို့သော်လည်း ပြောင်းလဲမှုတွေက အခုမှ အစပဲရှိသေးတယ်။ အများကြီး ဖြတ်ကျော်ရဦးမယ်။ အခက်အခဲတွေလည်း အများကြီးရှိပါတယ်။"
"ပီပြင်တဲ့အစိုးရဟာ ပြည်သူလူထုနဲ့ ကင်းကွာတဲ့ အစိုးရမျိုးမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အစိုးရမျိုးဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒဟာ ဘယ်လိုရှိသလဲ ဆိုတာကိုလည်း အစိုးရက နားထောင်ဖို့ လိုပါတယ်။ အစိုးရကောင်း ဆိုတဲ့နေရာမှာ ခေါင်းဆောင်မှု ကောင်းဖို့လည်း လိုအပ်တာဖြစ်ပါတယ်"
“သူတို့က အတော်ကို ပြီးပြည့်စုံတဲ့ သမာသမတ်နဲ့ ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုယ် ညစ်ပတ်တာ လုံးဝမရှိဘူးဗျ။ အဲဒီတော့ ကျနော်တို့နဲ့ သူတို့နဲ့က… ဘယ်လိုခေါ်မလဲ၊ ဟို…ဆက်စပ်လို့တောင် မရသလောက် ဖြစ်နေတယ်။” (ဦးစောလှိုင် NLD ဥက္ကဋ္ဌ ဒဂုံမြို့နယ်။)
နောက်ထပ်ကြည့်ရှုရန်