အမေရိကန်ရဲ့ အရေးကြီးတဲ့ သမ္မတရွေးကောက်ပွဲအတွင်း သမ္မတလောင်းနှစ်ဦးရဲ့ မဲရနိုင်ခြေဟာ နောက်ဆုံးစစ်တမ်းတွေအရ မဲသိပ်မကွာလှဘဲ ဖြစ်နေပါတယ်။
စစ်တွေမှာ OIC ရုံးခွဲဖွင့်မှာနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်မှုအပေါ် ကန့်ကွက်ပြီး စစ်တွေ ဘင်္ဂလားဒေ့ရှ်သံရုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။
တောင်ကိုရီးယားနိုင်ငံကို ရောက်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ သမ္မတအီမြောင်ဘတ်နဲ့ အသေးစားလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံရေးအတွက် ဆွေးနွေးကြဖို့ ရှိပါတယ်။
သမ္မတရဲ့ ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံအကျိုးတူ စီးပွားဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်ပြီး သဘောတူညီမှု လက်မှတ်တွေလည်း ရေးထိုးကြမယ်လို့ မျှော်လင့်ရပါတယ်။
Ramu နဲ့ Cox’s Bazar က အကြမ်းဖက် မီးရှို့မှုတွေကို အချိန်မီမတားဆီးနိုင်ခဲ့တာကို ဖြေရှင်းချက်ပေးဖို့ တရားရုံးချုပ်က အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က အကြမ်းဖက်မှုတွေကို တားမြစ်ဖို့နဲ့ လူနည်းစုတွေကို ကာကွယ်ဖို့ ဒါက တက္ကသိုလ် ကျောာင်းသားတွေက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
အရင် အာဏာရှင်လက်ထက်မှာ တွေ့ကြုံခဲ့တဲ့အခြေအနေတွေနဲ့ မတူပဲ ထူးခြားတဲ့ အတွေ့အကြုံဖြစ်တာကြောင့် သမ္မတအနေနဲ့ အံ့အားသင့်ပြီး ဝမ်းသာခဲ့ရတယ်လို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာသူ ၅၁၄ ယောက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၉၉ ဦးပါဝင်ပြီး နောက်ထပ် ၂၀၀ ကျော် ကျန်နေပါသေးတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar တို့ နေပြည်တော်မှာ တွေ့ဆုံပြီး သမ္မတဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂခရီးစဉ်ကိစ္စ၊ ရခိုင်ပြည်နယ်အတွင်းက အခြေအနေ စတာတွေကို ဆွေးနွေး တိုင်ပင်ခဲ့ကြတယ်။
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီတို့ ရခိုင်ပြည်သူတွေရဲ့လိုလားချက်အရ ပေါင်းစည်းလာဖို့ ရှိပါတယ်။
သမ္မတဦးသိန်းစိန်ဟာ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ သွားဖို့ရှိသလို နယူးယောက်မှာကျင်းပမယ့် ကုလညီလာခံမှာလည်းမိန့်ခွန်းပြောဖို့ ရှိပါတယ်။
လွှတ်တော်ကော်မီတီ၊ ကော်မရှင်တွေ ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း ဆုံးဖြတ်ချက်ကို စစ်ဆေးဖို့ ဖိတ်ခေါ်မှုကို ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့က မတုံ့ပြန်ခဲ့ပါဘူး။
မြန်မာနိုင်ငံဆိုင်ရာသံအမတ် မစ်ချဲလ်က မြန်မာ့ဒီမိုကရေစီ အသွင်းကူးပြောင်းရေးမှာ အမေရိကန်က အခုထက်ပိုပြီး ပါဝင်ဆောင်ရွက်ဖို့ ပြောလိုက်ပါတယ်။
ပြန်ကြားရေးဝန်ကြီးအသစ်က စာနယ်ဇင်းလွတ်လပ်ခွင့် နိုင်ငံတကာအဆင့်မီရေး ဆောင်ရွက်မှာဖြစ်သလို ပုဂ္ဂလိကသတင်းစာတွေ နေ့စဉ်ထုတ်နိုင်ရေးလည်း စီစဉ်နေပါတယ်။
အရင်စစ်အစိုးရလက်ထက်က ပုဒ်မအမျိုးမျိုးတပ်ပြီး နာမည်ပျက်စာရင်းသွင်းထားသူ ၆,၀၀၀ ကျော်ထဲက ၂,၀၀၀ ကျော်ကို black list စာရင်းက ဖျက်ပေးလိုက်ပါပြီ။
ရခိုင်ပဋိပက္ခအရေးမှာ ဖမ်းဆီးထားတဲ့ ကုလသမဂ္ဂဝန်ထမ်း သုံးဦးကို စီရင်ချက်အသီးသီးချမှတ်လိုက်ပြီ ဖြစ်ပါတယ်။
သမ္မတသဝဏ်လွှာနဲ့အတူ လွှတ်တော်ကိုပို့တဲ့ ရခိုင်အရေးသုံးသပ်ချက်က သမ္မတသဘောထားမဟုတ်ကြောင်း သမ္မတရုံးပြောခွင့်ရသူက ပြောပါတယ်။
လွှတ်တော်ကော်မရှင်တွေနဲ့ အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း ဆုံးဖြတ်ချက်က တည်ဆဲဥပဒေတွေကို ဆန့်ကျင်ကြောင်း ကြေညာပေးရေး မဲခွဲအတည်ပြုလိုက်ပါတယ်။
ရခိုင်အရေးမှာ ရခိုင်ပါတီနဲ့ မျိုးချစ်တွေရဲ့ သွေးထိုးမှုပါတယ်ဆိုတဲ့အချက်ကို ကန့်ကွက်ထားတဲ့အတွက် လွှတ်တော်မှာ မှတ်တမ်းတင်ဖို့ ဆိုင်းငံ့ထားပါတယ်။
ရခိုင်ဆူပူမှုတွေမှာ မသင်္ကာမှုတွေနဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေက ဝန်ထမ်းတချို့ကို တရားရှင်ပြန်လွှတ်ပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်