ဖျက်သိမ်းခံထားရတဲ့ UDP ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုပုဒ်မနဲ့ ဒီကနေ့ပဲ မန္တလေးမြို့ တရားရုံးမှာ ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်တဲ့အကြောင်း ပြောပြပါမယ်။
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်ကနေ ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ်ဝင်းမြမြဟာ စုစုပေါင်းမဲပေးခွင့်ရှိသူ ၁ သိန်း ၁ သောင်းကျော်အနက်၊ ထောက်ခံမဲ ၇ သောင်း ၇ ထောင်ကျော် ရပြီး အနိုင်ရသွားပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင်း မဲရုံတချို့မှာ မဲပေးကြတဲ့အခြေအနေကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
လာမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ စတင်ပေးခွင့်ရတဲ့နေ့မှာပဲ မကွေးတိုင်း ပေါက်မြို့နယ်မှာ အငြင်းပွားမှု ဖြစ်ပွားခဲ့တာကြောင့် ကော်မရှင်တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေတဲ့အကြောင်း ပြောပြပါမယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာ အသက် ၆၀ နဲ့အထက်လူကြီးတွေ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်ရုံးတွေမှာ ဒီကနေ့ ကြိုတင်မဲပေးကြပါတယ်။ (ဓာတ်ပုံ - ထက်အောင်ခန့် (ဗွီအိုအေ))
မကြာသေးမီက ဖျက်သိမ်းခံလိုက်ရတဲ့ UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ လက်ရှိအချိန်မှာ ထောင်ပြေးမှုရင်ဆိုင်နေရပြီး သူ့ကိုဒီကနေ့ပဲ လက်ရှိ မန္တလေး အမှတ် (၈) စခန်းမှူးက ဒုရဲမှူး အောင်မင်းက တရားလို လုပ်ပြီး မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး မန္တလေးမြို့မှာ တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့ ကျောင်းသား သမဂ္ဂအဖွဲ့ဝင် လူငယ် ၂ဦးကို နောက်ထပ် ထောင်ဒဏ် ၁ နှစ်စီ ဗုဒ္ဓဟူးနေ့က ချမှတ်ခံခဲ့ရပါတယ်။သူတို့နှစ်ဦးဟာ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံထားရတာပါ။
စစ်ကိုင်းမြို့ပေါ်ကို လာရောက်တဲ့အခါ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ COVID-19 ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်တွေကို လိုက်နာလုပ်ဆောင်ကြဖို့ စစ်ကိုင်းမြို့၊ မီးသတ်တပ်ဖွဲ့ အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေ က ဧရာဝတီမြစ်အတွင်း လိုက်လံနှိုးဆော်နေကြတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
ထောင်ပြေးအမှုနဲ့ ဖမ်းဆီးအရေးယူခံထားရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးကျော်မြင့်ဟာ လက်ရှိအမှုအပြင် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေနဲ့ပါ အရေးယူခံရမယ့် အလားအလာရှိနေတဲ့အကြောင်းပြောပြပါမယ်။
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်မှာ ဒီကနေ့ မနက်အစောပိုင်းက ၈၆x၈၇ လမ်းကြားက လင်းလဲ့ဖြူ အလှပြင်ဆိုင်မီးလောင်ခဲ့တာပါ။ မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့ ဒုတိယတိုင်းဦးစီးမှူး ဦးဌေးဝင်းက အခုလို ရှင်းပြပါတယ်။
မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့မှာ လူစုလူဝေးနဲ့ နိုင်ငံရေးမဲဆွယ်လှုပ်ရှားခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေထဲက အားလုံးနီးပါး ပြန်လွတ်လာပါတယ်။
ရှေ့လရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းနေရာ ဒုတိယ အများဆုံးနဲ့ ယှဉ်ပြိုင်မယ့် ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှု ပုဒ်မ ၂၂၄ နဲ့ တရားစွဲထားတဲ့ အမှုမှာ တရားလိုဘက်က သက်သေခံမယ့်သူတွေ မလာနိုင်သေးတာကြောင့် ရုံးချိန်းရက်ကို ရွှေ့လိုက်တာပါ။
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှာ ရှိတဲ့ ကုန်တင်ယာဉ်မောင်း ယာဉ်နောက်လိုက်တွေကို COVID -19 ရောဂါပိုး ရှိမရှိ စစ်ဆေးပေးနေပြီး ရောဂါပိုးမရှိပါက ကျန်းမာရေးဝန်ကြီးဌာနက ရောဂါပိုးကင်းရှင်းကြောင်း ၁၄ ရက်ထောက်ခံစာ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။
ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး မကြာသေးခင်တုန်းက တောင်းဆိုလှုပ်ရှားခဲ့မှုနဲ့ ထောင်ဒဏ် ၂ နှစ် ကျခံနေရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ် ၂ ဦးကို ဒီကနေ့ပဲ မန္တလေးမြို့တရားရုံးက နောက်ထပ်ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်တဲ့အကြောင်း ပြောပြပါမယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်တန့်ဖို့ မန္တလေးမြို့မှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ် ၂ ဦးဖြစ်တဲ့ ကိုစိုးလှနိုင်၊ ကိုသီဟ ရဲကျော်တို့ကို ဒီကနေ့ မနက်ပိုင်းမှာ အမပူရ မြို့နယ်တရားရုံးမှာ ရုံးထုတ်လာတာဖြစ်ပါတယ်။
UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် တရားရုံးထုတ်မြင်ကွင်း။ (အောက်တိုဘာ ၀၂၊ ၂၀၂၀)
လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ဒုတိယ အများဆုံးနဲ့ ယှဉ်ပြိုင်မယ့် ညီညွတ်သော ဒီမိုကကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို အရင်ကအမှုဟောင်းဖြစ်တဲ့ ထောင်ပြေးမှု ပုဒ်မ - ၂၂၄ နဲ့ မန္တလေးမြို့ ချမ်းအေးသာစံ မြို့နုယ်တရားရုံးမှာ တရားစွဲလိုက်တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့က လက်နက်ကိုင် ပဋိပက္ခတွေနဲ့ 4G အင်တာနက် ကန့်သတ်ထားတာတွေကို အဆုံးသတ်ရေး မန္တလေးမှာ တောင်းဆိုဆန္ဒပြပြီး စတေကာ ကမ်ပိန်းလုပ်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) လူငယ် ၃ ဦးကို ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ဒုတိယအများဆုံး ဝင်ပြိုင်မယ့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို အရင်ကအမှုဟောင်းနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာပါ။
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာတာကြောင့် အိမ်မှာပဲနေဖို့ အမိန့်ထုတ်ထားတဲ့အတွက် မီဒီယာတွေ သတင်းရယူဖို့ အခက်ကြုံနေရတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ သတင်းမီဒီယာကောင်စီက တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်