ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အင်တာနက် ဆက်သွယ်မှု ကန့်သတ်ထားတာတွေ အဆုံးသတ်ရေး မန္တလေးမြို့မှာ တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင် သုံးဦးဖြစ်တဲ့ ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်နဲ့ ကိုရဲရင့်အောင်တို့ ဖမ်းဆီးခံခဲ့ရပါတယ်။
ရခိုင်နဲ့ချင်း စစ်ရေးပဋိပက္ခ မန္တလေးမှာ ကန့်ကွက်ဆန္ဒပြသူ သုံးဦးရဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ထက်အောင်ခန့် (VOA) - စက်တင်ဘာ ၂၅၊ ၂၀၂၀)
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင် သုံး ဦးဖြစ်တဲ့ ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်နဲ့ ကိုရဲရင့်အောင်တို့က ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ ကြုံနေရတဲ့ အကြပ်အတည်းတွေ အဆုံးသတ်ရေး တောင်းဆိုဆန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတာပါ။
ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ရန်ကုန်တိုင်းတခုလုံးနီးပါး အိမ်ပြင်မထွက်ဖို့ ဒီတပတ်ထဲမှာပဲ အမိန့်ထုတ်လိုက်တာကြောင့် လုပ်ငန်းတွေ ထိခိုက်လာတဲ့အထဲ သတင်းမီဒီယာတွေလည်း ပါဝင်လာပါတယ်။
ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ဖို့နဲ့ အင်တာနက် ကန့်သတ်ချက်တွေကို အဆုံးသတ်ဖို့ စစ်တွေမြို့မှာ တောင်းဆို လှုပ်ရှားခဲ့ကြတဲ့ လူငယ် ၃ ဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ ဒီကနေ့ပဲ တရားစွဲလိုက်တဲ့အကြောင်း ကိုထက်အောင်ခန့်က ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ့် အချိန်ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေအရှိန်မြင့်လာတာကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေလည်း တွင်တွင်ကျယ်ကျယ် မလုပ်နိုင်ပါဘူး။ စည်းရုံးရေးလုပ်ငန်းတွေနဲ့ ဆက်နွယ်နေတဲ့ ကြော်ငြာတံဆိပ်ရိုက်လုပ်ငန်းတွောလည်း ထိခိုက်နေတာပါ။ ထက်အောင်ခန့် ကပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ လပိုင်းလောက်သာ ကျန်တော့တဲ့ အချိန်မှာပဲ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အရှိန်မြင့်လာနေတာကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေနဲ့ ဆက်နွယ်နေတဲ့ ကြော်ငြာတံဆိပ်ရိုက်လုပ်ငန်းတွေမှာလည်း ထိခိုက်နေတဲ့အကြောင်း ပြောပြပါမယ်။
မနေ့ စက်တင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် သုံး ဦးကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းက ထိန်းသိမ်းခေါ်ဆောင်သွားပြီး ဒီကနေ့မှာတော့ စစ်တွေမြို့တရားရုံးမှာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပေဒေနဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်တွေ မန္တလေးမြို့ ၈၄-၃၁လမ်းကနေ ဈေးချို နာရီစင်အထိ ချီတက်လမ်းလေ ျှာက်ခဲ့ကြတဲ့ မြင်ကွင်း။
ရခိုင်ပြည်နယ်မှာ အင်တာနက်တွေ ပြန်ဖွင့်ပေးဖို့နဲ့ လက်ရှိအစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သုံး ဦးကို တာဝန်ရှိသူတွေက ထိန်းသိမ်းထားတဲ့အကြောင်းကို ပြောပြပါမယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စတင်သည့်နေ့ မန္တလေးမြို့ မြင်ကွင်းတချို့
ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေချိန်မှာ ရခိုင်လူထုအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေရရှိဖို့ လိုအပ်တာကြောင့် အင်တာနက် ဆက်သွယ်မှုတွေ အပြည့်အဝရအောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း Covid -19 ကပ်ရောဂါကြောင့် အခက်အခဲ ကြုံရတဲ့အထဲမှာ ဘာသာရေး အသိုင်းအဝန်းလည်း ပါဝင်လာနေသလို သက်ဆိုင်ရာ ဘာသာအလိုက် ဝတ်ပြုဆုတောင်းရာမှာလည်း အကန့်အသတ်နဲ့ လုပ်နေရတဲ့အကြောင်း ပြောပြပါမယ်။ ကျွန်တော်ထက်အောင်ခန့်ပါ။
ကိုဗစ် ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး မန္တလေးမြို့ အထင်ကရ မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီးမှာ ကိုဗစ်ကာလ လူဝင်လူထွက်တွေကို ကန့်သတ်လိုက်ပြီး နိုင်ငံခြားသားတွေလည်း လာရောက်ကြည့်ရှုတာ မရှိတော့ပါဘူး။
ကပ်ရောဂါ ကူးစက်မှုတွေ များလာတာနဲ့အမျှ ဘာသာရေးဆိုင်ရာ ကိစ္စတွေမှာလည်း အကန့်အသတ်တွေ၊ အခက်အခဲတွေ ကြုံလာပါတယ်။ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ အများဆုံးရှိတဲ့ မန္တလေးမြို့မှာတော့ ကိုဗစ်ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ အတွက် သံဃာတော် အများစုဟာ အပြင်ထွက် ဆွမ်းမခံနိုင်ကြတော့တဲ့အတွက် တနေ့တခြား အခက်အခဲတွေ ရှိလာနေတာပါ။
"စားကျင်" လို့ခေါ်ရာကနေ ကာလဒေသပြောင်းလဲလာတဲ့အခါမှာ "စကျင်" ဆိုပြီး အမည်တွင်တဲ့ မန္တလေးတိုင်းက ရွာလေးတရွာမှာ ရွာသူ ရွာသား ၈၀ ရာခိုင်နှုန်းဟာ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်လာတဲ့ ပန်းတမော့ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။
နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရကြမယ့် မသန်စွမ်းသူ အရေအတွက်ဟာ အရင်ကထက် ပိုများလာပေမဲ့ မဲပေးခွင့် အပြည့်အ၀ မရမှာကို မသန်စွမ်းသူအရေး လှုပ်ရှားသူတွေ စိုးရိမ်နေတဲ့အကြောင်း ပြောပြပါမယ်။
ပထမဆုံးအကြိမ် မန္တလေးမြို့၊ ကျောက်ဗလီမှာ ဝတ်ပြုဆုတောင်းနေတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကရင်တိုင်းရင်းသားတွေ စုဝေးပြီး ကရင်အာဇာနည်နေ့အဖြစ် ကျင်းပရာမှာ ဦးဆောင်သူတွေဖြစ်တဲ့ စသိန်းဇော်မင်းနဲ့ စောဆာကွာလာတို့ နှစ် ဦးကို ရဲတပ်ဖွဲ့က အခမ်းအနားအတွင်းမှာပဲ ဖမ်းဆီးပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မနဲ့ အမှုဖွင့်လိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်