ရခိုင်ပြည်မြောက်ပိုင်းက အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရ်ှနိုင်ငံကို တိမ်းရှောင်သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ် ပြန်စဖို့ ဒုတိယအကြိမ်ကြိုးပမ်းမှုအဖြစ် ဒီကနေ့ စတင်ဆောင်ရွက်ခဲ့ပေမယ့် တယောက်မှ ပြန်မရောက်လာပါဘူး။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဒီကနေ့အထိ ဆက်လက် ဖြစ်ပွားနေပါတယ်။ တချိန်တည်းမှာပဲ မကြာသေးခင်ရက်အတွင်း တိုက်ပွဲတွေ ကြုံခဲ့ရတဲ့ သိန်းနီနဲ့ မူဆယ်ကြားမှာလည်း လမ်းပန်းအဆက်အသွယ်တွေ ပြတ်တောက်နေသလို၊ တိုက်ပွဲအတွင်း ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ H1N1 pdm09 အမျိုးအစား ရာသီတုပ်ကွေးနဲ့ဆက်စပ်ပြီး သေဆုံးသူ ၉၉ ဦးရှိသွားပြီလို့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ သေဆုံးသူ အများစုကတော့ အခြားရောဂါအခံနဲ့ သေဆုံးကြတာဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံတဝှမ်းမှာ ရေကြီးရေလျံပြီး မြေပြိုကျတာတွေ ဖြစ်ပေါ်ခဲ့လို့ သေဆုံးသူ ၇၀ ကျော်ရှိလာပြီဖြစ်ပါတယ်။ ဒါ့အပြင် ရေဘေးနောက်ဆက်တွဲ ရောဂါတွေဖြစ်ပွားတာတွေအတွက်လည်း ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
မွန်ပြည်နယ်နဲ့ တင်္သာရီတိုင်းတို့မှာ မိုးအပြင်းအထန်ရွာပြီး မြေပြိုတာကြောင့် သေဆုံးသူ အယောက် ၆၀ ကျော်သွားပါပြီ။ သေဆုံး သူတွေကိုရော၊ အသက်မသေကျန်ရစ်နေသူတွေကိုပါ ရှာဖွေကယ်ဆယ်ရေး ဆက်ပြီး လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ထပ်ပြီး တော့ မြေပြိုကျမယ့် အလားအလာ ရှိနိုင်မရှိနိုင်ဆိုတာကိုလည်း စမ်းသပ် စစ်ဆေးနေပါတယ်။
အာရှ ဆင်အရေအတွက် ဒုတိယအများဆုံးရှိတဲ့ မြန်မာနိုင်ငံမှာ ဆင်မျိုးတုံးမယ့်အန္တရာယ်နဲ့ ကြုံနေရတာကြောင့် ထိန်းသိမ်းစောင့်ရှောက် ဖို့ အသိပညာပေးတဲ့ အနေနဲ့ နိုင်ငံတဝှမ်း ဆင်စခန်းတွေမှာ သြဂုတ်လ ၁၂ ရက်နေ့က ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ကြပါတယ်။
တရားရုံးမှာ အမှုရင်ဆိုင်ဖို့မလာဘဲ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးဝီရသူ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ဝရမ်းကပ်ဖို့ တရားရုံးက ဒီကနေ့ အမိန့်ထုတ်လိုက်ပါတယ်။ လက်ရှိအထိကတော့ ဦးဝီရသူဟာ သူ့အပေါ်စွဲဆိုထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု စွဲချက်ကို လာပြီးရင်ဆိုင်တာ မရှိသေးသလို ဘယ်ရောက်နေသလဲဆိုတာလည်း မသိရပါဘူး။
မြန်မာနိုင်ငံအနှံ့အပြားမှာ ဒီရက်ပိုင်း မိုးအပြင်းအထန် ရွာသွန်းတာကြောင့် မွန်ပြည်နယ် ၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ မြစ်ရေဟာ စိုးရိမ်ရေအမှတ်ရောက်ခဲ့ပြီး ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပြီးတော့ ရေဘေး ဒုက္ခသည် ဦးရေတိုးလာပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ ဒီရက်ပိုင်းတွေအတွင်း မိုးအပြင်းအထန်ရွာသွန်းပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ မြစ်ရေတွေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေတဲ့အတွက် ရေကြီးရေလျှံတာတွေ ရှိနေပါတယ်။
ရန်ကုန် အမေရိကန်သံရုံးက သူ့လူမှုကွန်ယက်မှာ တင်ခဲ့တဲ့ ပုံတပုံနဲ့ပတ်သက်လို့ အမျိုးသားရေးဝါဒီဆရာတော်တဦးက တရားရုံးမှာ တိုက်ရိုက်တရားစွဲဆိုတဲ့အမှုမှာ တရားရုံးက လက်မခံ ပယ်ချလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး facebook လူမှုကွန်ယက်ပေါ်တင်ထားတဲ့ စာတခုမှာ ဗုဒ္ဓရုပ်ပွားတော်ကို ဖော်ပြထားတဲ့ ပန်းချီကား တခုနဲ့ ပတ်သက်လို့ ဝေဖန်ကန့်ကွက်မှုတွေရှိနေချိန်မှာ အမျိုးသားရေးဝါဒီဦးဆောင်ဆရာတော်တပါးက သံရုံးကို တရားစွဲမယ်လို့ဆိုပါတယ်။
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို တရားမဝင် အဖွဲ့အစည်းဖြစ် သတ်မှတ်လိုက်ပြီး အဖွဲ့အမည်ကို သုံးစွဲတာတွေ မလုပ်ဖို့နဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းဖို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
မဘသ အသွင်ပြောင်း ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည်စုံညီအစည်းအဝေး လုပ်ခဲ့တာနဲ့ ပတ်သက်လို့ အဲဒီအစည်းအဝေး ဦးဆောင်ဆရာတော် နှစ်ပါးကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဆုံးမ သြဝါဒပေးဖို့ ဒီကနေ့ ခေါ်ယူခဲ့ပါတယ်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဗဟိုသုတေသန အတွင်းရေးမှူးကို ပါတီတာဝန်ကရပ်ဆိုင်းထားသလို၊ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးကိုလည်း တိုင်ကြားချက်တွေအရ စုံစမ်းအရေးယူခဲ့တယ်လို့ သိရပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့မှာလက်ပစ်ဗုံး တွေ့တာကြောင့် လုံခြုံရေးအာဏာပိုင်တွေက လာရောက်သိမ်းဆည်းပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်နေပါတယ်။
မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အခြားစစ်တပ်ခေါင်းဆောင် ၃ ဦးနဲ့ မိသားစုဝင်တွေကို အမေရိကန်နိုင်ငံတွင်း လာရောက်ခွင့် ပိတ်ပင်တဲ့ အရေးယူဒဏ်ခတ်မှုဟာ မြန်မာနိုင်ငံရေးအပေါ်မှာ သက်ရောက်မရှိနိုင်ပေမယ့်လို့၊ နိုင်ငံတကာမှာ တပ်မတော်ရဲ့ဂုဏ်သိက္ခာ ထိခိုက်နိုင်တယ်ဆိုတဲ့ အမြင်တွေရှိပါတယ်။
ထားဝယ်-ထီးခီးအဝေးပြေးလမ်းမကြီး စီမံကိန်းကြောင့် မြန်မာနိုင်ငံမှာသာရှိတော့တဲ့ ကမ္ဘာ့ရှားပါးမျိုးစိတ် တောရိုင်း တိရစ္ဆာန်တွေအပေါ် ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ပညာရှင်တွေကပြောပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ H1N1 pdm09 ရောဂါပိုး ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၂၁ ဦး အထိ ရှိလာခဲ့ပါပြီ။ ရောဂါကို ထိန်းချုပ်ဖို့ ကြိုးစား ဆောင်ရွက်နေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အများပြည်သူသိအောင် ချပြဖို့ တောင်းဆိုခဲ့ပေမဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေဖက်က တုံ့ပြန်မှု မရှိတဲ့အတွက် နောက်တဆင့် အနေနဲ့ လှုပ်ရှားမှုတွေ တိုးမြှင့်သွားမယ့်အကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောဆိုလိုက်ကြပါတယ်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကို စတင်ပြဌာန်းချိန်ကစလို့ ဒီကနေ့ထိဆိုရင် ဒီပုဒ်မနဲပ တရားစွဲဆိုတဲ့အမှုပေါင်း ၂၀၀ ရှိသွားပြီ ဖြစ်ပါတယ်။ ဒီဥပဒေကို ပြန်လည်သုံးသပ်သင့်တယ်ဆိုတဲ့ အမြင်မျိုးရှိကြသလို ပုဒ်မ ၆၆ (ဃ) ကို လုံးဝဖျက်သိမ်းဖို့ တောင်းဆို ထားတာလည်းရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်