လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင် တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ၆၆ (ဃ) နဲ့အမှုဖွင့်ခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားခံရပါတယ်။
တနင်္သာရီတိုင်းဒေသအတွင်း အဓိက စိန်ခေါ်မှုတွေဖြစ်နေတဲ့ လျှပ်စစ်မီးကိစ္စ၊ မြေယာ ပဿနာတွေ နဲ့ သယံ ဇာတ ထုတ်ယူမှုဆိုင်ရာ ကိစ္စရပ်တွေကို ပြည်သူတွေအတွက် အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းပေး သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အသစ် ဦးမြင့်မောင်က ပြောဆိုလိုက်ပါတယ်။
၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပ်မတော်အနေနဲ့ ပြည်သူနဲ့အတူ လက်တွဲပါဝင်ပြီး အောင်မြင်အောင် ဆောင်ရွက်ဖို့ ဒီကနေ့ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ NLD အဖွဲ့ချုပ်က နှိုးဆော်လိုက်ပါတယ်။ ရန်ကုန်က အခမ်းအနားကို ကိုယ်တိုင်သွားခဲ့တဲ့ ကိုထက်အောင်ခန့်ပြောပြပါမယ်။
၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပ်မတော်အနေနဲ့ ပြည်သူနဲ့အတူ လက်တွဲပါဝင်ပြီး အောင်မြင်အောင် ဆောင်ရွက်ဖို့ ဒီကနေ့ကျရောက်တဲ့ ၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နှိုးဆော်လိုက်ပါတယ်။
ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲက ဟောပြောချက်တွေနဲ့ ပတ်သက်ပြီး အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂၀ နှစ်စီ ချမှတ်လိုက်ပါတယ်။
လွှတ်တော်တွေမှာ တပ်မတော်ကိုယ်စားလှယ်ပါဝင်မှုရာခိုင်နှုန်းလျော့ချရေးအပေါ် ပြည်ထောင်စုလွှတ်တော်က ဖွဲ့ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ ဆွေးနွေးခဲ့ကြပါတယ်။
ဖုန်းမော်နေ့ဆိုပြီး လူသိများတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးခဲ့ရတဲ့ မတ်လအရေးအခင်းဖြစ်ပွားခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်နေ့ကို ယခင်ရန်ကုန် စက်မှုတက္ကသိုလ်နေရာ အခု ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ဒီကနေ့ ကျင်းပပါတယ်။
သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို သက်တမ်း ထပ်မတိုးတော့ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပညာဆည်းပူးခဲ့တဲ့ ရန်ကုန် တက္ကသိုလ်က ပဲခူးဆောင်ကို ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှာ ကျောင်းသားကျောင်းသူတွေ လေ့လာလို့ ရအောင် ဖွင့်လှစ် ပြသခဲ့ပါတယ်။ ကိုယ်တိုင် သတင်းသွားရောက်ယူခဲ့တဲ့ ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပညာဆည်းပူးခဲ့တဲ့ ရန်ကုန် တက္ကသိုလ်က ပဲခူးဆောင်ကို ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှာ ကျောင်းသားကျောင်းသူတွေ လေ့လာလို့ ရအောင် ဖွင့်လှစ် ပြသခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု လွိုင်ကော်မှာ စိုက်ထူတာကို ကန့်ကွက်တဲ့အနေနဲ့ ပြည်နယ်လုံးကျွတ် သပိတ်ပွဲကို ကရင်နီလူထုတွေက ဒီကနေ့ပြုလုပ်တာမှာ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ နှိမ်နင်းခဲ့ပါတယ်။
ရိုက်တာသတင်းထောက်နှစ်ယောက်ကို ရဲမှူးချုပ်က ထောင်ချောက်ဆင် ဖမ်းခဲ့ကြောင်း သက်သေထွက်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁ နှစ် ချခံခဲ့ရတဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ဟာ ကျခံရမယ့် ထောင်ကျရက် ပြည့် သွားတာကြောင့် ဒီကနေ့မှာပဲ အင်းစိန်ထောင်က ပြန်လွတ်လာပါပြီ။
ထောင်ဒဏ်၁ နှစ် ချခံခဲ့ရတဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ဟာ ကျခံရမယ့် ထောင်ကျရက် ပြည့်သွားတာကြောင့် အင်းစိန်ထောင်က ပြန်လွတ်လာပါပြီ။ သူဟာရဲစည်းကမ်းကို ဖောက်ဖျက်တာမျိုး မရှိဖူးသလို အဲဒီ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သင့်တယ်လို့ ထောင်အထွက်မှာ ပြောပါတယ်။ ကိုထက်အောင်ခန့်က သတင်း ပေးပို့ထားပါတယ်။
တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ ကွယ်လွန်သွားတာဟာ မြန်မာနိုင်ငံအတွက် ဆုံးရှုံးမှု ဖြစ်ပြီး အမှန်တရားပေါ်ပေါက်အောင်ကြိုးပမ်းဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
ရိုက်တာသတင်းထောက်တွေကို တရားစွဲဆို ထောင်ချလိုက်တဲ့ အမှုနဲ့ဆက်စပ်လို့ ရဲစည်းကမ်း ဖောက်ဖျက်တယ်ဆိုပြီး ထောင် ၁ နှစ်ကျနေတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ သူမျှော်လင့်ထားတဲ့အတိုင်း ဒီနေ့မှာ အကျဉ်းထောင်ကနေ ပြန်လွတ်မလာပါဘူး။
ဒီကနေ့ဟာဖြင့် ခရစ်ယာန်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် ခရစ္စမတ်စ်နေ့ဖြစ်တာနဲ့အညီ ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာ ဝင်တွေလိုပဲ ရန်ကုန်မြို့က ခရစ်ယာန်ဘာသာဝင်တွေသာမက တခြားဘာသာဝင်တွေလည်း ဒီပွဲတော်ကို ဆင်နွှဲကြပါတယ်။
တပ်မတော်နဲ့ ပတ်သက်နေတယ်ဆိုတဲ့ Facebook စာမျက်နှာ ၄၀၀ ကျော်နဲ့ အကောင့် ၁၀၀ ကျော်ကို ပိတ်ပစ်လိုက်ပြီလို့ Facebook က သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအကျဉ်းထောင်ထဲတွေမှာ အကျဉ်းသားဦးရေဟာ ရှိသင့်တဲ့ပမာဏထက် နှစ်ဆ ပိုများနေပြီး အကျဉ်းထောင်ထဲမှာ တရားဆိုင်နေဆဲ အချုပ်သားအရေအတွက် များနေပြီး သာမန်မူးယစ် ဆေးမှုနဲ့က ထက်ဝက် နီးပါးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ နောက်ဆုံးထုတ်အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်လာဖို့ လူ့အခွင့်အရေးကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ သမ္မတဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးမှာအဂတိလိုက်စားမှုဟာ ကြီးမားတဲ့အတားအဆီး အဟန့် အတားတခု ဖြစ်နေတယ်လို့ သမ္မတဦးဝင်းမြင့်ကအပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပေးပို့တဲ့သဝဏ်လွှာမှာဖော်ပြထားပါတယ်။အခမ်းအနားနဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း ကိုထက်အောင်ခန့်ကသတင်းပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်