ကမ္ဘာကျော် ကိုရီးယားကေပေါ့ပ်အဖွဲ့ BLACKPINK က အဆိုတော် ဂျီဆူး Jisoo ဇန်နဝါရီ ၃ ရက်နေ့ကပဲ မှာ အသက် ၃၀ ပြည့်မွေးနေ့ ကျင်းပသွားပါတယ်။
ဂင်းနစ် Guinness စံချိန်တင် ကမ္ဘာ့အသက်အရှည်ဆုံး လူသားစာရင်းဝင် အသက် ၁၁၆ နှစ် ရှိပြီဖြစ်တဲ့ ဂျပန်နိုင်ငံသူ Tomiko Itooka ကွယ်လွန်သွားပါပြီ။ဂျပန်နိုင်ငံ အလယ်ပိုင်း Hyogo ဒေသ အရှီယာ မြို့က လူအိုရုံမှာကွယ်လွန်ခဲ့တာ ဖြစ်ကြောင်း မြို့တာဝန်ရှိသူတွေက စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကာတာမှာ ဂါဇာစစ်ပွဲ အပစ်ရပ်ဆွေးနွေးပွဲတွေ အတွက် ထပ်ပြီးကြိုးပမ်းနေချိန်မှာပဲ အစ္စရေးတွေရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ် တဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့ရတယ် လို့ ဂါဇာတောင်ပိုင်း ဆေးရုံတာဝန်ခံက ပြောပါတယ်။
မြန်မာနိုင်ငံထဲက အွန်လိုင်း လောင်းကစားနဲ့ လိမ်လည်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့သူ ထိုင်းနိုင်ငံသား ၁၅၁ ဦး ကို ဇန်နဝါရီလ ၄ ရက် (စနေနေ့)က ချင်းရိုင်၊ မဲဆိုင် နယ်စပ်ကတဆင့် ပြန်လည် လက်ခံခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း လန်ကာဝီကျွန်စု အနီး ရေပိုင်နက်အတွင်းကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ လို့ ယူဆရတဲ့ ရွှေ့ပြောင်းသူ ၃၀၀ နီးပါး တင်ဆောင်လာတဲ့ လှေသင်္ဘောနှစ်စင်းကို နှင်ထုတ်ခဲ့ကြောင်း မလေးရှား တာဝန်ရှိသူတွေက စနေနေ့ (ဇန်နဝါရီ ၄ ရက်) မှာ ပြောပါတယ်။
ဒီကနေ့ကျရောက်တဲ့ ဇန်နဝါရီလ ၄ ရက် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဒေသခံပြည်သူတချို့ စုဝေးပြီး မှော်လှည့်သပိတ်ကြောင်းနဲ့ ချီတက်လှည့်လှည် ဆန္ဒပြခဲ့ကြ ပါတယ်။
၂၀၂၅ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ ဒီကနေ့ စနေနေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် အနေနဲ့ နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြု လိုက်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးမှာ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ဆက်လက် ရပ်တည်နေတယ်ဆိုတာကို ထပ်လောင်း ပြောကြားပါကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump က အရင် အစိုးရ အဖွဲ့ဝင် ရွေးချယ်မှုတွေ နည်းတူပဲ ပညာရေး ဌာန အကြီးအကဲ အဖြစ် သူ့ကို အခိုင်အမာ ထောက်ခံသူနဲ့ စည်းရုံးရေး အလှူရှင် Linda McMahon ကို ရွေးချယ်ထားပါတယ်။
၁၁၉ ကြိမ်မြောက် အမေရိကန် လွှတ်တော်အစည်းအဝေးတွေ ပြန်စတဲ့ သောကြာနေ့မှာ အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson ကိုပဲ နောက်ထပ် လွှတ်တော်သက်တမ်းအတွက် ထပ်မံ ရွေးချယ်လိုက်ပါတယ်။
တရုတ်အစိုးရအနေနဲ့ မြန်မာ့အရေးမှာ ဝင်ရောက် စွက်ဖက်နေတာတွေ ရပ်ဖို့ မြန်မာ အနုပညာရှင်တွေ ဦးဆောင်ပြီး အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်က တရုတ်သံရုံးရှေ့မှာ ရာသီဥတု ဆိုးရွားနေတဲ့ကြားကပဲ သောကြာနေ့က သံပုံးတွေတီးပြီး စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန် သံမဏိလုပ်ငန်းကြီး US Steel ကို ဂျပန် Nippon Steel ကုမ္ပဏီက ဝယ်ယူမယ့်ကိစ္စကို သူ အခိုင်အမာ ဆက်လက် ကန့်ကွက်တဲ့အကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၄.၉ သန်းနဲ့ US Steel ကုမ္ပဏီကို Nippon Steel က ဝယ်ယူဖို့ ကြိုးပမ်းနေတာပါ။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက မူးယစ်ဆေးဝါး ထုတ်လုပ် တင်သွင်းတာတွေ ပိုများလာတာ တွေ့ရတယ်လို့ ဇန်နဝါရီလ ၃ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်းရဲအရာရှိတဦးက ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့က လမ်းမကြီးတွေပေါ်မှာ နှင်းဆီ အပါအဝင် ပန်းမျိုးစုံနဲ့ ရုပ်ပုံမျိုးစုံ ရောင်စုံခန်းနားကြီးကျယ်စွာ ဖန်တီး အလှဆင် ပြသကြတဲ့ယာဥ်တွေနဲ့ လှည့်လည်ကြတာဟာ နှစ်သစ်ကူးနေ့တိုင်းရဲ့ အစဥ်အလာတရပ်ဖြစ်နေပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀ နီးပါး လိုက်ပါလာတဲ့ စက်လှေ တစင်းကို မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ မလေးကမ်းခြေစောင့် တပ်ဖွဲ့က ဇန်နဝါရီ ၃ ရက် မှာ ဖမ်းဆီးလိုက်ပါတယ်။
ဘိုင်ဒန် အစိုးရ လက်ထက်မှာ သေနတ်နဲ့ အကြမ်းဖက်မှု ကာကွယ်ရေး ကို ခိုင်မာအောင် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလမှာ ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် တက်လာတဲ့အခါ အပြောင်းအလဲကြီးတွေ လုပ်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဗွီအိုအေ သတင်းထောက် Veronica Balderas Iglesias တင်ပြထားတာကို ဦးတင်မောင်သန်းက ပြောပြပါမယ်။
ဇန်နဝါရီ ၁ ရက်နေ့က စစ်ကောင်စီပြဌာန်းလိုက်တဲ့ အခန်း(၁၆) ခန်း၊ ပုဒ်မ(၈၈) ခု ပါဝင်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေက ဘယ်လိုအချက်တွေကို အဓိက ထိန်းချုပ် ကာကွယ်ပေးနိုင်ပါသလဲ။ အွန်လိုင်း အသုံးပြုတဲ့ ပြည်သူတွေအတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်ပါလဲ။
သမ္မတဟောင်း Bashar Assad အစိုးရပြုတ်ကျပြီးတဲ့နောက် အနောက်နိုင်ငံတွေထဲက အဆင့်မြင့်တာဝန်ရှိသူတွေဖြစ်ကြတဲ့ ပြင်သစ်နဲ့ ဂျမနီနိုင်ငံခြားရေးဝန်ကြီးတွေ ဆီးရီးယားကို ပထမဆုံးသွားပြီး ကြားကာလအစိုးရခေါင်းဆောင်လည်းဖြစ် HTS သူပုန်အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သူနဲ့ ပထမဆုံးတွေ့ဆုံခဲ့ပါတယ်။
နှစ်သစ်ကူးနေ့က အမေရိကန်ပြည်ထောင်စု Louisiana ပြည်နယ် New Orleans မြို့မှာ လူ ၁၄ ဦး သေဆုံးခဲ့တဲ့ ကားနဲ့ အတင်းဝင်တိုက်၊ ပစ်ခတ်မှုဖြစ်ခဲ့ရာ Bourbon လမ်းမတဝိုက် ကြာသပတေး နေ့လယ်ပိုင်းကစပြီး ပုံမှန် ပြန်လည်စည်ကားနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၁၁၉ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေ ဒီနေ့ သောကြာနေ့မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။ အခုလွှတ်တော်သစ်မှာ အထက်လွှတ်တော်ရော အောက်လွှတ်တော်မှာ ပါ Republican အမတ်တွေက လူများစုဖြစ်ပြီး Democratic အမတ်တွေက လူနည်းစုဖြစ်သွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်