စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်းနေတဲ့ကြားကပဲ ဒီနေ့လည်း မြို့တော်တော်များများမှာ ဆန္ဒပြပွဲတွေ ရှိခဲ့ပြီး ရန်ကုန်မှာ သာကေတ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တာမွေ၊ သင်္ကန်းကျွန်း စတဲ့မြို့နယ်တွေမှာ မျက်ရည်ယိုဗုံး၊ အသံဗုံးတွေအပြင် ပစ်ခတ်လူစုခွဲတဲ့ကြားက ပြန်လည်စုစည်း ဆန္ဒပြခဲ့ကြပါတယ်။
အီရတ်မှာရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အီရတ်က ရှီးယား ထိပ်တန်းဘာသာရေးခေါင်းဆောင် al-Sistani နဲ့ ဒီကနေ့တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူတွေကိုအင်အားသုံးတာ ချက်ချင်းရပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရုံးက စစ်တပ်ကို တောင်းဆိုလိုက်သလို ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်ကြောင်း ကုလ လူ့အခွင့်အရေးရုံး ပြောခွင့်ရ Ravina Shamdasani က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မြန်မာ၊ ထိုင်း၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့က ဒီမိုကရေစီရေးတက်ကြွတဲ့လူငယ်တွေ အွန်လိုင်းပေါ်မှာ ဖွဲ့ထားတဲ့ Milk Tea Alliance မဟာမိတ်အဖွဲ့က ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီရေးအတွက် ဆန္ဒပြကြဖို့ ဆော်သြထားပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေနဲ့အတူရပ်တည်ကြောင်း ပြသခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု New York မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံက ကယ်တင်ထားတဲ့ ရိုဟင်ဂျာမွတ်ဆလင်ဒုက္ခသည် ၈၁ ယောက်ကို လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်မှာ ဘာတာဝန်မှမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး A. K. Abdul Momen ကပြောပါတယ်။
ဒီကနေ့ နိုင်ဒီငံအနှံ့ မိုကရေစီရေးတောင်းဆိုဆန္ဒပြနေသူတွေကို တုတ်၊ သေနတ်ကိုင်ရဲတွေ၊ အရပ်ဝတ်တွေ အင်အားသုံးပစ်ခတ် ရိုက်နှက် ဖြိုခွဲခံခဲ့ရပေမယ့် မနက်ဖြန်မှာ #MilkTeaAlliance နဲ့အတူ မြန်မာမှာသာမက အိမ်နီးချင်းထိုင်းနဲ့ ဟောင်ကောင်၊ တိုင်ဝမ်၊ အိန္ဒိယတို့မှာ ဆန္ဒပြဆင်နွှဲကြဖို့ နှိုးဆော်ထားကြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သူဟာ စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ကြောင်းနဲ့ NLD အစိုးရကိုသာ ကိုယ်စားပြုကြောင်း ဒီကနေ့ပြောပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေနဲ့ ကျောင်းသူကျောင်းသားတွေဟာ UNHCR ရုံးရှေ့မှာ စစ်အာဏာသိမ်းမှု ကန့်ကွက်ကြောင်း ၆ ရက်မြောက်နေ့အဖြစ် ဒီနေ့လည်း ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှာ ရောဂါပိုးပျံ့နှံ့မှု ရပ်တန်ဖို့ကြိုးစားတဲ့အနေနဲ့ ပိတ်ပင် ကန့်သတ်ချက်တွေ ပြန်ပြီး ချမှတ်လာကြပါတယ် ။
ဒီမိုကရက်သမ္မတလောင်း Joe Biden ဟာ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသွားပြီလို့ သတင်းမီဒီယာအသီးသီးက ခန့်မှန်းကြေညာလိုက်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်သူ ၁,၄၀၀ ကျော် ထပ်တိုးပြီး နောက်ထပ်သေဆုံးသူ ၂၅ ဦး ထပ်တိုးပါတယ်
အမေရိကန် ဒုသမ္မတလောင်း စကားစစ်ထိုးပွဲကို ဗွီအိုအေက တိုက်ရိုက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။
ရဲက လက်ထိပ်ခတ်ဖမ်းဆီး ချုပ်နှောင်ခံရချိန်အတွင်း George Floyd သေဆုံးသွားသည့်အပေါ် မကျေနပ်သည့် ဆန္ဒပြပွဲများမှ မြင်ကွင်းတချို့
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ဧပြီလ ၂၀ ရက်နေ့က ကုလသမဂ္ဂ အမှတ်တံဆိပ် ထင်ထင်ရှားရှား ပါရှိတဲ့ မော်တော်ယာဉ် တစ်စီး ပစ်ခတ် တိုက်ခိုက်ခံရတဲ့အတွက် ပြစ်တင် ရှုတ်ချကြောင်း ဧပြီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး က ကြေညာချက် တစ် စောင် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ဝန်ထမ်းတဦးလည်း ပါဝင်ကြောင်း ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ပြန်ကြားရေးရုံးက အတည်ပြုလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ဝန်ကြီးချုပ်ကိုယ်တိုင်ကရော သူ့ရုံးကပါ ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက်ထပ် ၂ ဦးကို ထပ်မံအတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် ကူးစက်သူ စုစုပေါင်း ၅ ဦး ရှိသွားပါပြီ။
တရုတ်နိုင်ငံရဲ့ ဒီဂျစ်တယ် သူလျှိုလုပ်မှုတွေ မကြာသေးမီ ကာလအတွင်း တစ်ရှိန်ထိုး မြင့်တက်လာခဲ့တာကို တွေ့လာရတယ်လို့ အမေရိကန် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်