မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေးအတွက် အကူအညီအဖြစ် ဥရောပ သမဂ္ဂ (EU) က ယူရိုငွေ ၃၂ သန်း (မြန်မာ ကျပ်ငွေတန်ဖိုး ၅၁ ဘီလီယံ ) ပေးအပ်ခဲ့ကြောင်း ဥရောပ သမဂ္ဂ နဲ့ ပညာရေး ဝန်ကြီးဌာနတို့က မတ်လ ၂၂ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကို အမေရိကန်မှာ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်တော့မယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က Twitter မှာရေးပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေထဲ COVID-19 ရောဂါကြောင့် သေဆုံးမှုနှုန်းဟာ ၁% ရှိနေလား ၃.၄% ရှိနေလား၊ ဘယ်လောက်ပြင်းထန်သလဲဆိုတဲ့ ခန့်မှန်းချက်အပေါ်မှာ လူထုကျန်းမာရေး အရာရှိတွေနဲ့ ကူးစက်ရောဂါ ပါရဂူတွေကြား အငြင်းပွားစရာဖြစ်နေပါတယ်။
ဥရောပတိုက်မှာ Coronavirus အဆိုးရွားဆုံးဖြစ်နေတဲ့ အီတလီအစိုးရက ဒီဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်အောင် ကြိုးစားတဲ့အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ခရီးသွားလာခွင့်တွေ ကန့်သတ်လိုက်ပါတယ်။ ဒီ ကန့်သတ်ချက်ကြောင့် လူပေါင်း သန်း ၆၀ ခရီးသွားလို့ မရကြတော့ပါဘူး။
ရိုက်တာသတင်းဌာနနဲ့ လွှတ်တော်အမတ်တဦးတို့ကို ရာဇဝတ်မှုမြောက်တဲ့ အသရေဖျက်မှုနဲ့ စစ်တပ်က တရားစွဲလိုက်ပါတယ်။ စစ်တပ်ပစ်လိုက်တဲ့ အမြောက်ကျည်ဆံတွေ ထိမှန်ပြီး ရိုဟင်ဂျာအမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ ဘူးသီးတောင်လွှတ်တော်အမတ်ပြောတာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြခဲ့တာကြောင့် တရားစွဲလိုက်တာပါ။
ပြည်ပစစ်သံမှူးတချို့ လိုက်ပါလာတဲ့ တပ်မတော်ရဟတ်ယာဉ်တစင်း ကွတ်ခိုင်မြို့အနီးမှာ ပျက်ကျခဲ့ပေမယ့် စစ်သံမှူး တစ်ယောက်မှ ဒဏ်ရာရတာမရှိခဲ့ပါဘူး။
Coronavirus ကူးစက် ပြန့်နှံ့နေမှု တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့အစီအစဉ်တွေကို နိုင်ငံအတော်များများက လုပ်ဆောင်ခြင်းမရှိဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြာသပတေးနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။
အာဖဂန်နစ္စတန်ပဋိပက္ခမှာ အမေရိကန်နဲ့ နိုင်ငံတကာ လက်နက်ကိုင်တပ်ဖွဲ့တွေ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးဖို့ ခွင့်လိုက်တဲ့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို အမေရိကန်ပြည်ထောင်စုက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ ဒေသခံတွေအတွက် အကူအညီအဖြစ် နောက်ထပ် ဒေါ်လာ ၅၉ သန်း ကူညီမယ့်အကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။
ဂျပန်နိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် အကျိုးဆောင်ပေးနေတဲ့ အလုပ်သမား သမဂ္ဂဟာ ဂျပန်နိုင်ငံက အကြီးအဆုံး အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် Rengo ရဲ့ လက်အောက်ခံ အဖွဲ့တခုနဲ့ ပူးပေါင်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာနိုင်ငံ ဘက်က ကြိုးပမ်းမှုတွေဟာ နှေးကွေးလွန်းတဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရေး အတွက် လူသားချင်း စာနာမှု အထောက်အပံ့ အဖြစ် ဥရောပ ကော်မရှင်က ယူရို ၃၁ သန်း ပေးအပ်ပါတယ်။
အမေရိကန် ပြည်ထောင်စု Tennessee ပြည်နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်မှုတွေကြောင့် လူ ၂၂ ယောက်ထက်မနည်း သေဆုံးပြီး၊ အကြီးအကျယ် ထိခိုက်ပျက်စီးသွားပါတယ်။
မတ်လ ၃ ရက်၊ အင်္ဂါနေ့ဟာ အမေရိကန် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းရွေးချယ်ပွဲတွေ ပြည်နယ် ၁၄ ခုမှာ တပြိုင်ထဲလုပ်တဲ့ Super Tuesday လို့ခေါ်တဲ့နေ့ဖြစ်ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံနဲ့ ထိပ်သီးဆွေးနွေးပွဲ ရှေ့လထဲ ကျင်းပမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့ အမေရိကန်က ဆုံးဖြတ်လိုက်ပါတယ်။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် နိုင်ငံတကာအဆင့် ဘောလုံးပွဲတွေကို လိုအပ်ရင် ရွှေ့ဆိုင်းမယ့်အကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။
လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် အခွင့်အရေးတွေကို အသုံးချုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြရုံကလေးနဲ့ ထောင်ဒဏ် ၁ လစီ ချခံ ခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို လူ့အခွင့်အရေးအဖွဲ့ ၃ ခုက ပူးတွဲ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နဲ့ အာဖဂန် နစစ္စတန် တာလီဘန်အဖွဲ့တို့အကြား ငြိမ်းချမ်းရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး Mike Pompeo တက်ရောက်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
မကြာသေးခင်ရက်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့ နိုင်ငံတွေ တိုးလာနေတာဟာ စိုးရိမ်စရာ ကောင်းတာကြောင့် ကမ္ဘာတဝှမ်းမှာ စိုးရိမ်ရတဲ့အဆင့်ကို တိုးမြှင့်လိုက်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်