တရုတ်နိုင်ငံမှာ Coronavirus ပိုးနောက်ထပ်ကူးစက်သူ ကျဆင်းသွားပေမဲ့ တောင်ကိုရီးယားမှာ ကူးစက်သူ အရေအတွက် တိုးလာနေပါတယ်။
ထိုင်းနိုင်ငံ Chonburi ခရိုင် Sattahip ကမ်းခြေမှာ ထိုင်းနဲ့ အမေရိကန် Marine ကမ်းတက်တပ်သားနဲ့ စစ်သား ၃၀၀ကျော် ဒီကနေ့ စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်နေရတဲ့ အခြေခံအကြောင်းရင်းတွေထဲမှာ ဒီမိုကရေစီ အခြေခံတွေ အားနည်းတာ၊ အပြစ်ကျုးလွန်သူတွေ အရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရနေတာ၊ တရားဥပဒေစိုးမိုးရေး အားနည်းတာ၊ အရပ်ဘက်က ကြီးကြပ်ခွင့် မရတာ စတာတွေအပေါ်မှာ အခြေခံနေပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင်အတွင်း ရေကန်တခုမှာ မူးယစ်ဆေးဝါး မှောင်ခိုသူတွေလို့ သံသယရှိသူတွေရဲ့ အလောင်း ၇ လောင်းကို ကြာသပတေးနေ့က တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ ဟိန္ဒူနဲ့ မွတ်ဆလင်တွေအကြား အဓိကရုဏ်းဖြစ်နေတဲ့ ဒေသတွေမှာ ကြာသပတေးနေ့က လုံခြုံရေးတပ်ဖွဲ့တွေကို ချထားလိုက်ပါတယ်။ ဒီ အဓိကရုဏ်းကြောင့် အနည်ဆုံး လူ ၃၂ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော်လည်း ထိခိုက် ဒဏ်ရာရခဲ့ပြီး ဖြစ်ပါတယ်။
ကင်ညာနိုင်ငံ၊ နိုင်ရိုးဘီမြို့က ဟိုတယ်ကို အကြမ်းဖက် တိုက်ခိုက်မှုလုပ်နိုင်ကြောင်း အမေရိကန်က ကြာသပတေးနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း လူမှုဖွံ့ဖြိုးရေးစီမံကိန်းတွေ ကူညီပေးမယ့် သဘောတူညီချက် အပါအဝင် အိန္ဒိယနဲ့ မြန်မာအကြား နားလည်မှုစာချွန်လွှာ (၁၀) ခုကို ကြာသပတေးနေ့က လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
သမ္မတဦးဝင်းမြင့်ကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဒီကနေ့ နယူးဒေလီမြို့တော်မှာ အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုပါတယ်။ အိန္ဒိယသမ္မတ Ram Nath Kovind ရဲ့ ဖိတ်ကြားချက်နဲ့ သမ္မတဦးဝင်းမြင့်ဟာ သမ္မတကတော် ဒေါ်ချိုချိုနဲ့အတူ နိုင်ငံတော် ခရီး စဉ်အဖြစ် အိန္ဒိယမှာရောက်နေတာပါ။
မော်ဒိုက်နိုင်ငံဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ICJ နိုင်ငံတကာတရားရုံးမှာ ကြားဖြတ်အမှုတင်တဲ့အကြောင်း ကြေညာပါတယ်။
ကမ္ဘာတဝှမ်းမှာရှိတဲ့ အစိုးရတွေအနေနဲ့ ကိုယ့်နိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ဖြစ်ပွားတာတွေရှိတယ်ဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန် ကာကွယ်ကြဖို့အတွက် အဆင်သင့်ပြင်ထားဖို့ ကမ္ဘာကျန်းမာရေးအာဏာပိုင်တွေ တိုက်တွန်းလိုက်ပါတယ်။
သမ္မတ ဦးဝင်းမြင့်က အိန္ဒိယ နိုင်ငံ ခရီးစဉ်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင်ပါမယ်။ အိန္ဒိယ သမ္မတ ရှရီယမ် နက်သ် ကိုဗင့်ဒ်ရဲ့ ဖိတ်ကြားချက်နဲ့ သွားမယ့် ၄ ရက်ကြာ အိန္ဒိယ ခရီးစဉ် အတွင်းမှာတော့ သမ္မတကတော် ဒေါ်ချိုချိုလည်း လိုက်ပါသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတချို့က ပြန်လာသူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ရောဂါလက္ခဏာ တွေ့ရတယ်ဆိုရင် ကိုယ့်ဖာသာ သီးခြားနေထိုင်ဖို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကြုံရနိုင်တဲ့အတွက် သတိထားကြဖို့ ကူးစက်ရောဂါ ထိန်းချုပ်တားဆီးရေးဌာန (CDC) က သတိပေးလိုက်ပါတယ်။
အမေရိကန် သမ္မတ Donald Trump က သူ့ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ဝန်ကြီးချုပ် Narendra Modi နဲ့ ကုန်သွယ်ရေးကိစ္စတွေ တော်တော်များများ ဆွေးနွေးဖြစ်ပေမဲ့ ကြီးကြီးမားမား သဘောတူညီချက်မျိုးတော့ မရခဲ့ပါဘူး။
တရုတ်နိုင်ငံက ဒေသတွင်းက မဟာမိတ်နိုင်ငံတွေနဲ့ အမေရိကန်အကြား သဘောထားကွဲအောင် သပ်လျှိုပြီး အရှေ့တောင်အာရှတိုက်အတွင်း သူ့ရဲ့သြဇာ ကြီးထွားမှု ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်တဲ့အချိန်မှာဘဲ အမေရိကန်ပြည်ထောင်စုက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေနဲ့ လာမယ့် မတ်လအတွင်း တွေ့ဆုံဖို့ စီစဉ်နေပါတယ်။
Coronavirus ဟာ တရုတ်နိုင်ငံမှာ အဆိုးဆုံးဖြစ်ပေါ်တဲ့အခြေအနေကို ကျော်လွန်ခဲ့ပြီဖြစ်ပေမယ့် တခြားနိုင်ငံမှာ ကူးစက်ပြန့်နှံ့မှု တိုးပွားလာနေတဲ့အပေါ် အထူး စိုးရိမ်ပူပန်မိကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။
မလေးရှား ဝန်ကြီးချုပ် Mahathir Mohamad က ရာထူးက နုတ်ထွက်လွှာကို ဘုရင်ထံ တနလာၤနေ့က တင်သွင်းခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာပေမယ့် အသေးစိတ်ကိုတော့ ရှင်းလင်း မထားပါဘူး။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ စီးပွားရေး အပေါ်မှာ သက်ရောက်မှုတွေကြောင့် တနလာၤနေ့မှာတော့ ကမ္ဘာ့ အစုရှယ်ယာ ဈေးနှုန်းတွေနဲ့ ရေနံဈေးနှုန်းတွေ ကျသွားပါတယ်။
ဒေါ်လာ ၃ ဘီလျံတန်ဖိုးရှိတဲ့ အမေရိကန်ရဟတ်ယာဉ်တွေနဲ့ တခြားပစ္စည်း ကိရိယာတွေကို အိန္ဒိယ စစ်တပ်ကို ရောင်းဖို့ အမေရိကန်နဲ့ အိန္ဒိယ နိုင်ငံကြား လက်မှတ်ရေးထိုးမယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။
မလေးရှား ဝန်ကြီးချုပ် Mahathir Mohamad ကမျှော်လင့်မထားဘဲ ရာထူးကနေ နုတ်ထွက်စာတင်ခဲ့ပြီးတဲ့နောက် သူ့နုတ်ထွက်စာကို ဘုရင်က လက်ခံပေမဲ့ ဝန်ကြီးချုပ်သစ် မခန့်နိုင်ခင်အထိ ယာယီဝန်ကြီးချုပ်အဖြစ် ဆက်တာဝန်ထမ်းဖို့ ပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်