သမ္မတ ဦးဝင်းမြင့်ဟာ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရှေ့သီတင်းပတ်ထဲ သွားရောက်မှာ ဖြစ်ကြောင်း ၂ နိုင်ငံ တာဝန်ရှိသူတွေ ကြေညာလိုက်ပါတယ်။
အမေရိကန်အစိုးရနဲ့ တာလီဘန်တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်ကို လာမယ့် ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ လက်မှတ်ရေးထိုးနိုင်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ တာလီဘန်အဖွဲ့တို့က သောကြာနေ့မှာ တပြိုင်ထဲ ကြေညာလိုက်ကြပါတယ်။
နိုင်ငံတကာမှာ ဘဏ္ဍာငွေကြေး မသာမှုဆိုင်ရာ လုပ်ရပ်တွေကို စောင့်ကြည့်နေတဲ့အဖွဲ့ကြီးက မြန်မာနိုင်ငံကို ငွေကြေးမသမာမှုဆိုင်ရာ စောင့်ကြည့်နိုင်ငံများစာရင်းထဲ သောကြာနေ့မှာ ထည့်သွင်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်လို့ စုံစမ်းခဲ့တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ICOE အစီရင်ခံစာထဲမှာ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ ဖော်ပြထားတဲ့ မောင်နုရွာနဲ့ ချွတ်ပြင်ရွာက သတ်ဖြတ်မှုတွေကိစ္စကို စုံစမ်းစစ်ဆေးရေးခုံရုံး နဲ့ စစ်ဆေး ဆောင်ရွက်သွားမယ်လို့ စစ်တပ်က ပြောကြားလိုက်ပါတယ်။
သမ္မတ Donald Trump ရဲ့ လူယုံတဦးလည်းဖြစ်၊ ရီပတ်ဘလီကန်ပါတီအတွက် လုပ်ဆောင်ပေး နေသူတဦးလည်း ဖြစ်တဲ့ Roger Stone ကို ပြည်ထောင်စုတရားသူကြီးက ကြာသပတေးနေ့မှာ ထောင်ဒဏ် ၃ နှစ်ခွဲနီးပါး ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်နဲ့ သြစတြေးလျနိုင်ငံက အဆက်ဖြတ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ (Human Rights Watch) က တိုက်တွန်းလိုက်ပါတယ်။
မဲခေါင်မြစ်ကြောအောက်ဘက်ပိုင်းမှာရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာကာလရှည်ကြာ မိုးခေါင်ရေရှားမှုနဲ့ ကြုံနေရတာကို ကူညီတဲ့အနေနဲ့ တရုတ်နိုင်ငံက သူ့ဆည်တွေထဲကနေ မဲခေါင်မြစ်ထဲကို ရေတွေ လွတ်ပေးမယ်လို့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပြီး အနာဂတ်မှာလည်း ဇလဗေဒနဲ့ဆိုင်တဲ့ နည်းပညာတွေကို အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ တာလီဘန်တို့အကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ လျော့ချရေးဆိုင်ရာ သဘောတူညီမှုရထားတဲ့ ကာလအတွင်း တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးအရ မှားယွင်း တွက်ချက်မှုတွေကို ဟန့်တားနိုင်မယ့် ဆက်သွယ်ရေးနည်းလမ်းတခုလည်း ပါဝင်မယ်လို့ အမေရိကန်အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။
COVID-19 ရောဂါကူးစက်ဖြစ်ပွားနေတာနဲ့ပါတ်သက်လို့ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကြား အထူးအစည်းအဝေးတခုကို Laos နိုင်ငံ Vientiane မြို့တော်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု၊ ကြော်ငြာအားကောင်းတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကြောင့် အနာဂတ်ကလေးငယ်တွေရဲ့ ကျန်းမာရေး အန္တရာယ်ရှိတယ်လို့ ကမ္ဘာတဝန်းက ကလေးငယ်နဲ့ဆယ်ကျော်သက်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ကြပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အဓိကကြုံနေရတဲ့ ဟူဘေပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က သေဆုံးသူ နောက်ထပ် ၁၃၂ ယောက် တိုးလာတဲ့အတွက် အခုဆိုရင် သေဆုံးသူ စုစုပေါင်း ၂,၀၀၀ ကျော်သွားပါပြီ။ နောက်ထပ် ရောဂါကူးစက်သူ ၁၆၉၃ ယောက် ရှိကြောင်းလည်း ပြည်နယ် ကျန်းမာရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြန်မာက ၇ ဂိုး အသွင်းခံရပြီး တဂိုးမှ ပြန်မသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့ရတာဟာ လုပ်ပွဲဖြစ်မလားဆိုတဲ့ သံသယနဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA က မြန်မာဘောလုံးအသင်းကို စုံစမ်းစစ်ဆေးနေပါတယ်။
ရခိုင်ပြည်နယ်မှာ အင်တာနက် ဆက်သွယ်မှုတွေ ထပ်မံဖြတ်တောက်လိုက်ပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးနေတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက ပြောဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၁၉၀၀ နီးပါးရှိနေချိန်မှာပဲ ကူးစက်ခံထားရသူ ၇၂၀၀၀ ကျော်သွားပြီလို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက အင်္ဂါနေ့မှာ အတည်ပြုပါတယ်။ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့နောက်ဆုံးစာရင်း ထဲမှာတော့ ရောဂါကူးစက်ခံထားရတဲ့လူနာသစ်က ၁၈၈၆ ဦး နဲ့ သေဆုံးသူ ၉၈ ဦးလည်း ပါဝင်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Victory Monument အနီးက ဈေးဝယ်စင်တာတခုမှာ ဒီကနေ့ နေ့ခင်းပိုင်းက သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦးသေဆုံးပြီး အခြားလူတယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။
ရခိုင် ကမ်းလွန်ရေနံလုပ်ကွက် A-3 မှာ မဟာ (၁) အစမ်းတွင်းမှာ သဘာဝဓာတ်ငွေ့ အစမ်းတွင်း အောင်မြင်ကြောင်း တောင်ကိုရီးယား လုပ်ငန်းကြီး Posco International က တနလာၤနေ့မှာ ကြေညာပါတယ်။
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ တနလာၤနေ့က လူအုပ်တွင်း အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး လူ ၂၀ လောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဘာလူချစ္စတန် ပြည်နယ်ရဲ့ မြို့တော် Quetta မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူကမှ သူတို့ လက်ချက်လို့ ပြောဆိုထားတာ မရှိပါဘူး။
တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၄၄,၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို ထုတ်ပြန်လိုက်ပါတယ်။ ဒီကိန်းဂဏန်း အချက်အလက်တွေ အရ ကိုရိုနာဗိုင်းရပ်စ် အသစ် ကူးစက်ခံရမှု အရေအတွက် လျော့ကျလာနေတဲ့ အနေအထား ဖြစ်ပါတယ်။
အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား ရေကြောင်းဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးဖို့ အိန္ဒိယရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Karambir Singh ဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၁၇ ကနေ ၂၀ ရက်နေ့အထိ ၄ ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က အဖွဲ့ဝင် ၃ ယောက်ကို နောက်ထပ် ၆ လ ထောင်ဒဏ်ချတဲ့အပေါ် Amnesty International အဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်