တရုတ်နိုင်ငံမှာ Coronavirus ပိုးကူးစက်သူ ၇ သောင်းကျော်သွားပြီး သေဆုံးသူ ၁၈၀၀နီးပါးရှိသွားပြီလို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားပါတယ်။ ပိုးကူးစက်ခဲ့သူတွေထဲက ၁၁၀၀၀ လောက်ကတော့ ပြန်လည်နေကောင်းသွားကြပြီဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ Coronavirus ကူးစက်ပြန့်ပွားခြင်း ရှိမရှိ သိရှိနိုင်ဖို့ အမေရိကန်နိုင်ငံအတွင်းက ပြည်နယ် ၅ ခုမှာရှိတဲ့ ရာသီအလိုက် တုပ်ကွေးရောဂါ ကုသရေးဌာနတွေကတဆင့် ဓါတ်ခွဲ စမ်းသပ်မှုတွေ စတင်လုပ်ဆောင်တော့မှာဖြစ်ကြောင်း CDC အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက သောကြာနေ့မှာ ပြောပါတယ်။
ရခိုင်ပြည်နယ်က လက်နက်ကိုင်ပဋိပက္ခအတွင်း ကျောင်းသားအရွယ် ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အဖြစ်နဲ့ ကြုံရတဲ့အပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သံတမန်တွေရဲ့ ဝေဖန်မှုတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။
တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ Covid-19 ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်ပြန့်နှံ့တယ်ဆိုတာနဲ့ ရောဂါပိုးဟာ ဘယ်လောက်အထိ ပြင်းထန်မှုရှိသလဲ ဆိုတာကို စုံစမ်းဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဦးဆောင်တဲ့ ပညာရှင်အဖွဲ့ အခုသီတင်းပတ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည် ၄၈ ယောက်ကို ပင်လယ်ပြင်အတွင်း မြန်မာ့ရေတပ်က ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာအာဏာပိုင်တွေက သောကြာနေ့မှာ ပြောပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ကြုံုရချိန် တွေ့ကြုံရတဲ့ ပြဿနာတွေ၊ ဟာကွက်တွေ၊ အားနည်းချက်တွေကို ကွန်မြူနစ်ပါတီ အနေနဲ့ ပြင်ဆင်ရလိမ့်မယ်လို့ တရုတ်သမ္မတ Xi Jinping က သတိပေးလိုက်ပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲက ခမီမူလတန်းကျောင်းအပေါ် လက်နက်ကြီးကျည် ကျခဲ့တဲ့ဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်တယ် လို့ ရန်ကုန်အမေရိကန်သံရုံးက ပြောပါတယ်။
တရုတ်နိုင်ငံမှာ Coronavirus ပိုးကြောင့် ဒီကနေ့ သောကြာနေ့မှာ နောက်ထပ် ၁၂၁ ယောက်သေဆုံးခဲ့တဲ့အတွက် စုစုပေါင်းသေဆုံးသူ ၁၄၀၀ ရာနီးပါး ရှိသွားပြီလို တရုတ်ကျန်းမာရေးကော်မရှင်က ပြောကြားပါတယ်။ ပိုးကူးစက်နေတယ်လို့ အတည်ပြုသူကလည်း နောက်ထပ် ၅၀၉၀ ရှိတယ်လို့ ပြောပါတယ်။
သမ္မတ Trump အစိုးရက စစ်အသုံးစရိတ်အဖြစ် အတည်ပြုပေးထားတဲ့ ဘတ်ဂျက်ထဲက ဒေါ်လာ ၃.၈ ဘီလီယံကို မက္ကဆီကို-အမေရိကန်နယ်စပ်မှာ တံတိုင်းဆောက်ဖို့အတွက် လွှဲပြောင်း သုံးစွဲဖို့ စီစဉ်နေတာကြောင့် ဒီမိုကရက်တွေတင်သာ မကဘဲ စစ်တပ်အင်အားတောင့်တင်းရေးကို လိုလားတဲ့ ရီပတ်ဘလီကန်တွေအကြားမှာပါ အမျက်ဒေါသ ထွက်စေခဲ့ပါတယ်။
အမေရိကန်သမ္မတ Donald Trump အနေနဲ့ ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက်မရဘဲ အီရန်အပေါ် စစ်ရေးအရ အရေးမယူဖို့ ဆုံးဖြတ်ချက်တရပ်ကို ကြာသပတေးနေ့က မဲခွဲရာမှာ ဒီမိုကရက်ကိုယ်စားလှယ်တွေနဲ့အတူ သမ္မတရဲ့ လူများစု ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော်အမတ် တချို့လည်း ထောက်ခံခဲ့ကြပါတယ်။
မြန်မာနိုင်ငံက အထင်ရှားဆုံး သမိုင်းဝင်နေရာတခုလည်းဖြစ်၊ ဘာသာရေးအရ အထွတ်အမြတ် ထားတဲ့နေရာလည်းဖြစ်တဲ့အပြင် UNESCO အဖွဲ့ကြီးက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ပုဂံမြေမှာ ၁၂ မိနစ်ကြာ ရိုက်ကူးထားတဲ့ ညစ်ညမ်းဗွီဒီယို ထွက်လာတဲ့အပေါ် မြန်မာတွေအကြား အမျက်ဒေါသထွက်နေကြပါတယ်။
ရခိုင်ပြည်နယ်မှာ ကြာသပတေးနေ့က လက်နက်ကြီးကျည် ထိမှန်ရာက မူလတန်းကျောင်းသား ကလေး ၂၀ ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာက တိုက်တွန်းသံတွေ ထွက်ပေါ်လာပါတယ်။
မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုအန္တရာယ်နဲ့ ကြုံရမှာကို အမေရိကန်က အလွန်အမင်း စိုးရိမ်ကြောင်းနဲ့ အကူအညီပေးဖို့ အသင့်ရှိကြောင်း ပြောဆိုလိုက်ပါတယ်။
အမေရိကန်တရားရေးဌာနနဲ့ ရာဇဝတ်ကြောင်း တရားစီရင်ရေးစနစ်အပေါ် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ သြဇာလွှမ်းမိုးမှုကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုနေကြချိန်မှာပဲ အမေရိကန် အစိုးရရှေ့နေချုပ် William Barr ဟာ အောက်လွှတ်တော် တရားရေးကော်မတီမှာ ရှေ့လအတွင်း မေးခွန်းတွေကိုဖြေဆိုပြီး ရှင်းလင်းပြောကြားမယ်လို့ ခန့်မှန်းထားပါတယ်။
ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း ရွေးချယ်ပွဲတွေ လုပ်နေတာမှာ အင်္ဂါနေ့ညကလုပ်တဲ့ New Hampshire Primary မှာတော့ ဗားမွန့်ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကပ်ပြီး အနိုင်ရသွားပါတယ်။
Samsung ကုမ္ပဏီက Galaxy Z Flip လို့ အမည်ပေးထားတဲ့ ခေါက်လို့ရတဲ့ဖုန်းကို အင်္ဂါနေ့မှာ စတင် မိတ်ဆက်လိုက်ပါပြီ။ ခေါက်လို့၊ ကွေးလို့ရနိုင်တဲ့ ခုံးကောင်အခွံ ဒီဇိုင်းဖန်တီးထားတဲ့ဖုန်းကို သုံးစွဲသူတွေလက်ထဲ ရောက်နိုင်အောင် Samsung က ဒုတိယအကြိမ်မြောက် ကြိုးစားခြင်းလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရားဝင်ရောဂါအမည် သတ်မှတ်လိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ အဆမတန် တင်လာတဲ့ စက်လှေတစင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ဒီကနေ့ နစ်မြုပ်သွားတာကြောင့် လူ ၁၅ ယောက်ထက်မနည်း ရေနစ်သေဆုံးသွားတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။
အမေရိကန် သမ္မတ Donald Trump အစိုးရက အမေရိကန် ပြည်ထောင်စုကနေ ပြည်ပ နိုင်ငံတွေကို ပေးအပ်နေတဲ့ အကူအညီကို ၂၁ ရာခိုင်နှုန်းထိ အကြီးအကျယ် လျှော့ချ ဖြတ်တောက်ဖို့ အဆိုပြုထားပါတယ်။
လူတဦးချင်းစီရဲ့ ငွေကြေးဆိုင်ရာ ယုံကြည်စိတ်ချရမှု စံနှုန်းတွေကို သတ်မှတ်တဲ့ အမေရိကန် လုပ်ငန်းကြီး Equifax ကို ၂၀၁၇ ခုနှစ်တုန်းက အင်တာနက်ကနေ ဖောက်ထွင်းပြီး အမေရိကန် ပြည်သူ ထက်ဝက်နီးပါးရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ခိုးယူခဲ့မှုနဲ့ တရုတ် စစ်တပ် တပ်ဖွဲ့ဝင် ၄ ဦးကို စွဲချက်တင်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်