ကက်ရှမီးယား ဒေသကို အကြီးအကျယ် ပိတ်ပင်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာ ဒေသရဲ့ တစိတ်တပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပယ်ဖျက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ရဲ့ ထိပါးနှောင့်ယှက်မှုတွေ အပေါ်မှာ စိုးရိမ်ကြောင်း နဲ့ လွတ်လပ်စွာ သတင်းဖော်ပြခွင့်ပြုဖို့ ကက်ရှမီးယား ဒေသက သတင်းထောက်တွေက တောင်းဆိုလိုက်ပါတယ်။
Coronavirus ပိုးကူးကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၉၀၀ ကျော်သွားပါပြီ။ ပိုးကူးစက်နေသူကလည်း ၄ သောင်းကျော်သွားပြီလို့ တရုတ်ကျန်းမာရေးကော်မရှင် ပြောခွင့်ရ Mi Feng က ဒီကနေ့ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ Coronavirus ပိုးကူးစက်မှုကြောင့် သေဆုံးသူအရေအတွက် ဒီကနေ့အထိ ၆၃၆ ရှိခဲ့ပြီး ပိုးကူးစက်နေသူ ၃ သောင်း ၁ ထောင်ကျော် ရှိတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
Yemen နိုင်ငံမှာ အဝေးထိန်း Drone ယာဉ်တွေနဲ့တိုက်ခိုက်မှုအတွင်း al-Qaida ခေါင်းဆောင်တယောက်သေဆုံးသွားတယ်ဆိုတာကို အမေရိကန်သမ္မတ Donald Trump ကကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ သာသာနာ့ဝန်ထမ်းတွေ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် မရှိဘူးဆိုတဲ့ အချက်ကို ပယ်ဖျက်ပေးဖို့ ခရစ်ယာန် ရဟန်းအမတ် Cardinal Charles Bo က မေတ္တာရပ်ခံလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ တရုတ်နိုင်ငံအပြင်၊ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေက ထုပ်ပိုးစားသောက်ကုန်တွေ တင်သွင်းမှုကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်က ကန့်သတ်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို ကြိတင်သတိပေးဖို့ ကြိုးပမ်းရာက အာဏာပိုင်တွေ ငြိုငြင်တာခံခဲ့ရတဲ့ ဆရာဝန်ဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး သောကြာနေ့မှာပဲ ကွယ်လွန်သွားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ တရုတ်နိုင်ငံက သူလျှိုလုပ်ထောက်လှမ်းနေတာတွေကို အမေရိကန်အာဏာပိုင်တွေ ပြင်းပြင်းထန်ထန် နှိမ်နင်းလာရာမှာ လျှို့ဝှက်အချက်အလက်တွေရဖို့ ကြိုးပမ်းကြတဲ့ တရုတ်အစိုးရအရာရှိတွေ၊ စီးပွားရေးသမားတွေနဲ့ ပညာရှင်တွေ တော်တော်များများ အရေးယူခံနေရပါတယ်။
အမေရိကန်သမ္မတ Donald Trump ကို ရာထူးကဖယ်ရှားနိုင်ရေး စွဲချက်တွေအတွက် အပြစ်မရှိကြောင်း အထက်လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာပဲ သမ္မတက အိမ်ဖြူတော်မှာ အောင်ပွဲခံခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ Coronavirus ပိုးကြောင့် နောက်ထပ် ၇၃ ယောက်သေဆုံးသူခဲ့တဲ့အတွက် ဒီနေ့ ကြာသပတေးနေ့မှာ သေဆုံးသူ ၅၆၃ ယောက်ရှိသွားပြီလို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားပါတယ်။ ပိုးကူးစက်နေသူကလည်း (၂၈၀၁၈) ရှိပြီလို့ တရုတ်ကျန်းမာရေးကော်မရှင် ပြောခွင့်ရသူက ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ICJ နိုင်ငံတကာတရားရုံးက မြန်မာနိုင်ငံအတွက်ချမှတ်ထားတဲ့ ကြားဖြတ်အစီအမံတွေကို လိုက်နာဖို့ EU ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲအပြီး EU ကိုယ်စား Estonian သံအမတ်ကြီး Sven Jürgenson က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ ယုတ်လျော့ကျဆင်းနေပြီဆိုတဲ့ အတွေးခံစားချက်ကို သူ့အစိုးရသက်တမ်း သုံးနှစ်အတွင်း ပျောက် သွားအောင်လုပ်နိုင်ခဲ့တယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကပြောပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ အနာဂတ်ပန်းတိုင်ကို မှေးမှိန် သေးသိမ်စေတာမျိုးကိုလည်း လက်မခံဘူးလို့ ပြောပါတယ်။
နျူးကလီးယား လက်နက်ထိပ်ဖူး အငယ်စား တပ်ဆင်ထားတဲ့ တားဝေးပစ်ဒုံးကျည် တစင်း အသင့်ပြင်ထားတယ်လု့ိ အမေရိကန် ပြည်ထောင်စုက ပြောဆိုပါတယ်။ ရုရှားဘက်က အလားတူ လက်နက် စမ်းသပ်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ ဖျက်အားပြင်းမှုကို လျော့ချထားတဲ့ နျူးကလီးယား လက်နက် ထိပ်ဖူး အငယ်စား တခုကို အခုလို တပ်ဆင် အသင့်ပြင်ထားတာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်တွေမှာ သတင်းမှားတွေ ပျံ့နှံ့နေတာဟာ ကူးစက်မှုကို ထိန်းချုပ်ရေးမှာ အဟန့်အတားတခု ဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။
Coronavirus အဆိုးရွားဆုံး ကူးစက် ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဟူဘေး ပြည်နယ်မှာ သေဆုံးသူ ၆၅ ဦး ထပ်တိုးလာပြီး သေဆုံးသူ စုစုပေါင်း အနည်းဆုံး ၄၉၀ ထိ ရှိသွားပြီလို့ ပြည်နယ်အာဏာပိုင်တို့က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ရာရောက်မယ့် လုပ်ရပ်တွေကို ဟန့်တားနိုင်အောင် မြန်မာအစိုးရက ဆောင်ရွက်သွားဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အင်္ဂါနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းက မူးယစ်မှောင်ခိုမှုမှာ အဓိက ကြိုးကိုင်လှုပ်ရှားနေသူ ဒါဇင်နဲ့ချီပြီး လက်နက်ချ အဖမ်းခံခဲ့ကြောင်း အာဏာပိုင်တို့က အင်္ဂါနေ့မှာ ပြောပါတယ်။ တက္ကနဖ်က မူးယစ်မှောင်ခိုသမား ၂၁ ယောက် တနလာၤနေ့ နှောင်းပိုင်းက လက်နက်ချ အဖမ်းခံခဲ့တာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အမေရိကန် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ဖြစ်ရေး ယှဉ်ပြိုင်နေကြသူတွေ လနဲ့ချီ စည်းရုံးရေး ဆောင်ရွက်ခဲ့ပြီးနောက်မှာတော့ တနလာၤနေ့ ညမှာ စပြီး ပါတီဝင်တွေက စတင်ပြီး မဲပေး ရွေးချယ်နေကြပါပြီ။
တရုတ်နိုင်ငံတွင်း Coronavirus ပျံ့နှံ့ကူးစက်မှုကို ကူညီတိုက်ဖျက်ရေး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ လုပ်ငန်းစဉ် တစိတ်တပိုင်း အနေနဲ့ အမေရိကန် ကျွမ်းကျင်သူတွေကို တရုတ်က လက်ခံလိုက်ပါပြီ။
AIDS ရောဂါဖြစ်စေတဲ့ HIV ကူးစက်မှုကာကွယ်ဆေးအသစ် စမ်းသပ်မှုတွေမှာ ကောင်းမွန်တဲ့ ရလဒ်ထွက်မလာတဲ့အတွက် ရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်