IS စစ်သွေးကြွအုပ်စုတွေ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအပေါ် လျော်ကြေးပြန်ပေးဖို့ အီရတ်လွှတ်တော်အမတ်တွေက တောင်းဆို လိုက်ပါတယ်။
အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်က Paracel ကျွန်းစုထဲမှာ တရုတ်အစိုးရက Sansha ဆိုတဲ့မြို့ တည်ထောင်နေတာကို ပိုင်ဆိုင်မှုအတွက် ဝိုင်းပြီးအငြင်းပွားနေတဲ့ အခြား ၄ နိုင်ငံက သတိထား စောင့်ကြည့် နေပါတယ်။
စင်္ကာပူဓာတ်ဆီကုမ္ပဏီ SPC ရဲ့ မြန်မာနိုင်ငံတွင်းက ပထမဆုံး ဓာတ်ဆီဆိုင်ကို ရွှေတောင် Group က ရွှေတောင် Energy လုပ်ငန်းနဲ့ ဖက်စပ်ပြီး ဒီကနေ့ စနေနေ့မှာ ဖွင့်လိုက်ပါပြီ။
EU ထဲက နုတ်ထွက်ပြီးနောက် နှစ်ဘက်လိုက်နာရမယ့် ကိစ္စတွေနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် Theresa May အစိုးရ နဲ့ EU ကြား သဘောတူထားတဲ့ သဘောတူညီမှုတွေကို ပါလီမန်က ၂ ကြိမ်ပယ်ချပြီးတဲ့နောက် ဒီကနေ့ တတိယအကြိမ် ပယ်ချခဲ့ပြန်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ IS စစ်သွေးကြွတွေက အစ္စလာမ်သာသနာစောင့်နိုင်ငံ ဒီနေရာကို သူတို့ပိုင်တဲ့နေရာလို့ ကြွေးကြော်ထားတဲ့ ဒေသက နောက်ဆုံး ခြေကုတ်စခန်းကို အမေရိကန်က ကျောထောက်နောက်ခံပေးထားတဲ့ တပ်ဖွဲ့ဝင်တွေ သောကြာနေ့က ပြန်ပြီး သိမ်းယူဖို့လှုပ်ရှားနေကြပါပြီ။
အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြား အငြင်းပွားဖွယ် Kashmir ဒေသကို ဖြတ်မောင်းရင်း ပါကစ္စတန်ဘက်ခြမ်းမှာ လေယာဉ်ပျက်ကျသွားလို့ ပါကစ္စတန်တွေ ဖမ်းဆီးခဲ့တဲ့ အိန္ဒိယလေယာဉ်မှူးကို ၂ နိုင်ငံနယ်စပ် Wagah နယ်စပ်လမ်းမှာ အိန္ဒိယဆီကို ပြန်လွှဲပြောင်းပေးလိုက်ပါပြီ။
မလေးရှားနိုင်ငံက ကမ်းခြေတခုမှာ ရိုဟင်ဂျာမူဆလင် ၃၄ ဦးကို သောကြာနေ့က တွေ့ရှိခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောတယ်လို့ မတ်လ ၁ ရက်နေ့ AFP သတင်းမှာဖေါ်ပြထားပါတယ်။
အမေရိကန်နဲ့တောင်ကိုရီးယား ၂ နိုင်ငံအကြား နှစ်စဉ်ပုံမှန်ကျင်းပနေတဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတခုကို အင်အား သိသိသာသာ လျှော့ချပြီး ကျင်းပမယ့် ကိစ္စကို ကြေညာ တော့မယ့် သဘောရှိတယ်လို့ သတင်းတွေမှာဖေါ်ပြနေပါတယ်။
Nuclear လက်နက်စမ်းသပ်မှုနဲ့ တာဝေးပစ် Missile ဒုံးစမ်းသပ်မှုတွေကို ဆက်ပြီးရပ်ထားဖို့ အပြန်အလှန်အနေနဲ့ ဒဏ်ခတ်မှု တချို့ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် ဆွေးနွေးပွဲတွေ ရှေ့မဆက်နိုင်ခဲ့ပေမယ့် ထိရောက်တဲ့ဆွေးနွေးမှုတွေ ဆက်လုပ်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယား ရုပ်သံမှာ ဒီနေ့ ထုတ်လွှင့်သွားပါတယ်။
မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို ထပ်ပြီးလက်မခံနိုင်တော့ဘူးလို့ Bangladesh နိုင်ငံကပြောကြားလိုက်ပြီး နယ်စပ်ကိုပိတ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
ဗင်နီဇွဲလားနဲ့ ဘရာဇီးလ် နှစ်နိုင်ငံနယ်စပ်နားမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်တာကြောင့် အရပ်သား နှစ်ဦးထက် မနည်း သေဆုံးပြီး အတော်များများ ဒဏ်ရာရ သွားပါတယ်။
တရုတ်နဲ့အမေရိကန်အကြား တင်းမာနေတဲ့ ကုန်သွယ်ရေးအခြေအနေတွေ ပြေလည်စေရေး နောက်ဆုံးအဆင့် အဆုံးသတ်သဘောတူ ညှိနှိုင်းတဲ့အနေနဲ့ နောက်လထဲမှာ တရုတ်သမ္မတရှီကျင်းပင်ကို အမေရိကန်သမ္မတဒေါ်နလ် ထရမ့်က အမေရိကန်ကိုဖိတ်ခေါ်မယ့်အကြောင်း သမ္မတ ထရမ့်က ပြောကြောင်း အမေရိကန်သတင်းတွေမှာ ဖော်ပြနေပါတယ်။
မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်အကဲဖြတ်တဲ့ EU ဥရောပသမဂ္ဂအဖွဲ့တွေရဲ့ ဖေဖေါ်ဝါရီလ ၁၈ ရက်ကနေ ၂၂ ရက်ထိ မြန်မာ ပြည် ခရီးစဉ် အဆုံးသတ်ခဲ့ပြီး ဥရောပကိုပြန်ရောက်လာပါပြီ။
အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂ သဘောတူစာချုပ် CEDAW ကော်မတီရဲ့ ၇၂ ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၂ ရက်၊ သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပပြီး မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆွေးနွေးကြပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း စတင် ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြိမ် ၄၀ မြောက် အစည်းအဝေးမှာ EU ဦးဆောင် တင်သွင်း သွားမယ်လို့ EU ပြည်ပရေးရာဌာန (EEAS) ရဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
မြန်မာနဲ့ နီပေါ အမျိုးသမီးဘောလုံးပွဲ ဗိုလ်လုပွဲမှာ မြန်မာက နီပေါကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပြီး အမျိုးသမီးသူရဲကောင်း ဖလားကို ဆွတ်ခူးသွားပါပြီ။
တရုတ်နဲ့အမေရိကန် ၂ နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုတွေကို ဖြေရှင်းနိုင်ဖို့ ၂ ဘက်ညှိနှိုင်းရေးအရာရှိတွေ ဝါရှင်တန်ဒီ စီမြို့တော်မှာ နောက် တပတ်ထဲ တကြိမ် ထပ်တွေ့ကြပါလိမ့်ဦးမယ်။
IS စစ်သွေးကြွအဖွဲ့နဲ့ပူးပေါင်းဖို့ ဆီးရီးယားနိုင်ငံကိုထွက်ခွါသွားခဲ့သူ ဗြိတိန်နိုင်ငံံဖွါးတွေကို ပြန်ပြီးလက်ခံမလားဆိုတာနဲ့ သူတို့ကို အရေးယူမလား ဆိုတဲ့ ကိစ္စတွေက ဗြိတိန်အစိုးရအတွက် ကြီးမားတဲ့ဖိအားတွေ ဖြစ်နေပါတယ်။
အမေရိကန်ပြည်ထောင်စု Illinois ပြည်နယ် Aurora မြို့က Henry Pratt Company အလုပ်ခွင်မှာ သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၅ ယောက်ထက်မနည်း သေဆုံးရတဲ့အကြောင်း ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို ကိုးကားပြီး CNN သတင်းမှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်