Delhi နဲ့ Maharashtra ပြည်နယ်တွေက အစောပိုင်းစာရင်းတွေမှာ မပါခဲ့တဲ့ သေဆုံးသူဦးရေ ၁,၆၇၂ ယောက်ပါ ထည့်သွင်းထားတာပါ။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စုစုပေါင်းသေဆုံးသူ ၁၁,၉၀၃ ယောက် ရှိနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ သေဆုံးမှုနှုန်း အဆင့် ၈ နေရာမှာ ရှိနေပါတယ်။
တရုတ်နဲ့ အိန္ဒိယနယ်စပ်မှာ နှစ်ဘက်တပ် ခိုက်ရန်ဖြစ်ပွါးခဲ့တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အိန္ဒိယနိုင်ငံ Ahmedabad မြို့က ဆန္ဒပြပွဲမြင်ကွင်း။ (ဇွန် ၁၆၊ ၂၀၂၀)
ဟိမဝန္တာတောင်တန်းပေါ်က တရုတ်နဲ့ အိန္ဒိယနယ်စပ်မှာ နှစ်ဘက်တပ်တွေ တနင်္လာနေ့က ခိုက်ရန်ဖြစ်ပွါးခဲ့တဲ့ ကိစ္စကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ဖို့ ကုလသမဂ္ဂက နှစ်နိုင်ငံစလုံးကို တိုက်တွန်းလိုက်ပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ အစားအသောက် လက်ကားဈေးကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကို ထိန်းချုပ်ဖို့ ဒီကနေ့ပဲ လေယာဉ်ခရီးစဉ် ၃ ပုံ ၂ ပုံလောက်ကို ရပ်ဆိုင်းလိုက်သလို ကျောင်းတွေကိုလည်း ပိတ်လိုက်ပါတယ်။
Kaesong စက်မှုဇုန်နဲ့ Mt.Kumgang အပန်းဖြေစခန်း ဧရိယာတဝိုက်တပ်တွေ ဗုဒ္ဓဟူးနေ့မှာ ပြန်ဝင်လာမယ်လို့ မြောက်ကိုရီးယား စစ်တပ်ပြောခွင့်ရသူရဲ့ ကြေငြာချက်ကိုအစိုးရသတင်းဌာန KCNA ကကြေငြာသွားပါတယ်။
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးရုံးဖောက်ခွဲခံရတဲ့ မြင်ကွင်း တချို့။
တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံ တပ်အင်အားတွေ တိုးချဲ့ ချထားတဲ့ ဟိမဝန္တာတောင်တန်း အနောက်ပိုင်းနယ်စပ်မှာ နှစ်ဖက်တပ်တွေ ကြား ခိုက်ရန်ဖြစ်ပွားရာက အိန္ဒိယ စစ်သား ၂၀ သေဆုံး ခဲ့တယ်လို့ အိန္ဒိယ စစ်တပ်က မနေ့ အင်္ဂါနေ့က ပြောပါတယ်။
ဈေးသက်သာပြီး လွယ်လွယ်ကူကူ ရနိုင်တဲ့ steroid ဆေးတမျိုးက COVID-19 ကြောင့် ရောဂါဝေဒနာ ပြင်းပြင်းထန်တန် ခံစားနေရသူတွေကို ကုသပေးနိုင်တယ်လို့ ဗြိတိန် သုတေသနပညာရှင်တွေက အင်္ဂါနေ့က ပြောပါတယ်။
အမေရိကန် နိုင်ငံတဝှမ်း လမ်းမတွေပေါ်ထွက် ဆန္ဒပြမှုတွေ ဆက်လက်ပေါ်ပေါက်နေချိန်မှာပဲ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရဲတပ်ဖွဲ့တွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်း တချို့ကို ချပြထားတဲ့ သမ္မတ အမိန့် ကို အင်္ဂါနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ ၂၀၂၀ ခုနှစ် အစီရင်ခံ စာမှာ မြန်မာစစ်တပ်ကို ကလေးစစ်သား စုဆောင်းမှု ပြုလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ စာရင်းထဲကနေ ဖယ်ရှားလိုက် ပြီ ဖြစ်ပါတယ်။
နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ခုံရုံး ICC အပေါ် အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူမှုတွေ လုပ်ပေမဲ့ အလျှော့မပေးဘဲ ICC ရဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲထားမယ်လို့ ICC ရှေ့နေ Fatou Bensouda က ပြောပါတယ်။
အမေရိကန်သမ္မတ Donald Trump က နိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှုရှိရေးနဲ့ ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေဘက်က မ ျှမ ျှတတ ဆောင်ရွက်တာမျိုး၊ အန္တရာယ်ကင်းတဲ့ နည်းလမ်းအတိုင်း လုပ်ကိုင်တာမျိုး လိုလားတယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားက ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ခြိမ်းခြောက်ပြောဆိုထားတဲ့အတိုင်း တောင်ကိုရီးယားနိုင်ငံနဲ့ နယ်စပ်မှာရှိတဲ့ နှစ် နိုင်ငံ ဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။ ဒီကနေ့မနက် ၃ နာရီလောက်က နယ်စပ်အနားမှာ ပေါက်ကွဲသံကြားရပြီး မီးခိုးတွေတွေ့ရတယ်လို့ တောင်ကိုရီးယားသတင်းတွေမှာ ဖော်ပြတာပါ။
ဗွီအိုအေ အမေရိကန်အသံရဲ့ ညွှန်ကြားရေးမှူး Amanda Bennett နဲ့ ဒုတိယ ညွှန်ကြားရေးမှူး Sandra Sugawara တို့ တနလာၤနေ့မှာဘဲ ရာထူးက နုတ်ထွက်သွားပါပြီ။
ဘေဂျင်းမှာ COVID-19 ကူးစက်သူအရေအတွက် တဖန်ပြန်တိုးလာတာကို ကြည့်ခြင်းအားဖြင့် ဒီဗိုင်းရပ်စ်ကို အောင်မြင်စွာ ထိန်းချုပ်လိုက်နိုင်တဲ့နေရာတွေမှာတောင် တကျော့ပြန် ကူးစက်ပြန့်နှံ့ခြင်းမရှိအောင် အင်မတန် သတိထားဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို ပြသလိုက်ခြင်းဖြစ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။
စစ်မက်ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း ၁၅ ခုက တနင်္လာနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။
အမေရိကန်ဗဟို အစိုးရဝန်ထမ်းများဆိုင်ရာ ဥပဒေ တွေဟာ LGBTQ - လို့ အတိုကောက်ခေါ်တဲ့ လိင်စိတ်ကွဲပြားသူ ဝန်ထမ်းတွေကို ခွဲခြားဆက်ဆံ မခံရအောင် အကာအကွယ်ပေးတယ်လို့ နိုင်ငံတော် တရားရုံးချုပ် က တနလာၤနေ့မှာ စီရင်ချက် ချမှတ်လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာ ပြည်နယ် Atlanta မြို့မှာ လူမည်း အမျိုးသား တဦး ရဲက သေနတ်နဲ့ ပစ်လို့ သေဆုံးခဲ့ရပြီးနောက် အဲဒီ သေနတ်နဲ့ ပစ်ခဲ့တဲ့ လူဖြူ ရဲအရာရှိကို တရားစွဲဆိုမလားဆိုတာကို ဒီရက်ပိုင်းအတွင်း ဆုံးဖြတ်နိုင်ခြေရှိကြောင်း အတ္တလန္တာမြို့ အစိုးရရှေ့နေ တဦးက ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ စနစ်တကျ လူမျိုးရေးခွဲခြားမှုတွေ၊ ရဲတပ်ဖွဲ့ရဲ့ အလွန်အကျွံလုပ်ရပ်တွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အင်အားသုံးနှိမ်နင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် အရေးပေါ် ဆွေးနွေးမယ့်အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်