ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲမှာပဲ ဒီကနေ့မှာတော့ ပြင်သစ်၊ ဗြိတိန်၊ ဂရိနဲ့ တချို့နိုင်ငံတွေမှာ အသွားအလာတွေ ဖြေလျော့ပေးလိုက်ပါတယ်။ တခြား EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ခရီးသည်တွေကို ပြင်သစ်နိုင်ငံက ပြည်ဝင်ခွင့် ပြန်ပေးလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယအများဆုံးရှိနေတဲ့ ဘရာဇီးနိုင်ငံဟာ ဒီရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာလည်း အခုအခါ ဗြိတိန်နိုင်ငံထက် ကျော်လွန်ပြီး ဒုတိယအများဆုံး ဖြစ်လာပါတယ်။
ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ အမေရိကန် စီးပွားရေးဟာ အခုအခါမှာ ပြန်လည်ထူထောင်ရေး အဆင့်ကို ရောက်ရှိနေပြီလို့ အိမ်ဖြူတော် စီးပွားရေးအကြံပေး Larry Kudlow က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် Atlanta မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့က လူမည်းအမျိုးသားတဦးကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် သေဆုံးခဲ့တာကြောင့် လူဖြူရဲအရာရှိကို တနင်္ဂနွေနေ့က ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခဲ့ပါတယ်။
လာမယ့် ဇူလိုင်လကုန်ပိုင်း ရောက်ရင် ပါကစ္စတန်နိုင်ငံမှာ COVID-19 ကူးစက်သူ ၁.၂ သန်းထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းကြောင်း ပါကစ္စတန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာမှာ ဒီကနေ့ တနင်္ဂနွေနေ့ တရုတ်နိုင်ငံမှာ ရောဂါကူးစက်သူ အသစ် ၅၇ ယောက် ရှိတဲ့အတွက် ၂ လတာအတွင်း ကူးစက်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။
အမေရိကန်မှာ လူမည်းအမျိုးသား George Floyd ရဲကဖမ်းဆီးထားစဉ် သေဆုံးသွားရာကနေ ဆန္ဒပြပွဲတွေ အမေရိကန်နိုင်ငံတဝန်း အပါအဝင် လန်ဒန်နဲ့ ပဲရစ်မြို့တွေမှာလည်း ဆက်လက်ဖြစ်ပွားနေပြီး ဆန္ဒပြတဲ့သူတွေက နောက်ထပ် လူမည်းအမျိုးသား ၂ ယောက် သေဆုံးခဲ့တဲ့ ကိစ္စကိုလည်း အာရုံစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
တရုတ်နိုင်ငံ Zhejiang ပြည်နယ်မှာ ဓာတ်ငွေ့ရည် တင်ဆောင်လာတဲ့ ကားတစီး မီးလောင်ပေါက်ကွဲလို့ လူ ၁၉ ဦး သေဆုံးပြီး ၁၇၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင် Xinhwa သတင်းဌာနက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
အမေရိကန်က လူမည်းအမျိုးသား George Floyd သေဆုံးမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ အမေရိကန်အပြင် ကမ္ဘာတဝန်း ဆက်ဖြစ်နေတာမှာ ဂျပန်နိုင်ငံမှာလည်း ဆန္ဒပြတဲ့သူ ရာပေါင်းများစွာဟာ တိုကျိုမြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ညီမဖြစ်သူ Kim Yo Jong က တောင်ကိုရီးယားနိုင်ငံကို လက်တုံ့ပြန်ဖို့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပြီး အဲဒီအထဲ စစ်ရေးအရ အရေးယူ ဆောင်ရွက်ချက်တွေလည်း ပါဝင်မယ်လို့ ပြောပါတယ်။
မေလ ၂၅ ရက်နေ့က အာဖရိကန်-အမေရိကန် အမျိုးသား George Floyd ရဲဖမ်းထားစဉ် သေဆုံးခဲ့ရတာအတွက် တရားမမျှတတဲ့ ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ရေး တောင်းဆို ဆန္ဒပြမှုတွေကို အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီက လမ်းမတွေပေါ်မှာ တတိယမြောက် သီတင်းပတ်အဖြစ် ဆက်ပြီး တွေ့နေရပါတယ်။
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့တာကို ဆက်လက်ထိန်းချုပ်ဖို့ လိုအပ်တာကြောင့် ဇွန်လ ၁၅ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေနဲ့ ပန်ကြားချက်တွေကို ဇွန်လ ၃၀ ရက်နေ့အထိ တိုးမြှင့်လိုက်တယ်လို့ COVID-19 တိုက်ဖျက်ရေး အမျိုးသားအဆင့် ကော်မတီက ကြေညာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်သူ့ဆီကနေ ဘယ်လို အဆင့်ဆင့် ကူးစက်ပျံ့နှံ့တယ်ဆိုတာ သေချာ ရှာဖွေစုံစမ်းမှုတွေ မလုပ်ဘူးဆိုရင် တချို့ပြည်နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆေးရုံတင်ရတာတွေ မြင့်တက်လာနေတာကနေ အခြေအနေ ထိန်းမရအောင် ဖြစ်သွားမယ်လို့ ထိပ်တန်းတာဝန်ရှိသူတဦးက သတိပေးသွားပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က ကုန်ပစ္စည်း လက်ကားရောင်းချတဲ့ ဈေးတခုမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ အသစ်တွေ့ရှိလာတဲ့အတွက် အဲဒီနားက လူနေရပ်ကွက် ၁၁ ခုကို အပြင်မထွက်ရအမိန့် ထုတ်လိုက်သလို ဘေဂျင်းမြို့ကိုလည်း ခရီးသွားတွေ မလာဖို့ တားမြစ်လိုက်ပါတယ်။
နီပေါနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေပေါ် မကျေနပ်လို့ ဆန္ဒပြတဲ့ နိုင်ငံခြားသား ၇ ယောက် အပါအဝင် လူ ၁၀ ယောက်ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း COVID-19 ရောဂါကူးစက်မှု အခြေအနေ ဆိုးလာတဲ့ အိန္ဒိယနိုင်ငံမှာ ဒီကနေ့ အများဆုံးဖြစ်ခဲ့ပြီး ၂၄ နာရီအတွင်း ရောဂါကူးစက်သူ ၁၁,၄၅၈ ဦး ရှိပါတယ်။ အခုဆိုရင် အိန္ဒိယမှာ ရောဂါကူးစက်မှု အတည်ပြုထားတာတင်ပဲ ၃ သိန်းကျော်သွားပါပြီ။
မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်းမှာ အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ မြန်မာနိုင်ငံ အတွင်း ဒီမိုကရေစီစနစ် ချုပ်ငြိမ်း သေဆုံးသွားပြီလို့ ထွက်ပြေးတိမ်းရှောင်နေသူ DMG သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကပြောကြောင်း ရိုက်တာ သတင်း တစ်ရပ် မှာ ဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွါးရေးကျဆင်းမှုတွေကနေ ကမ္ဘာတဝှမ်းက သန်းနဲ့ချီတဲ့ ကလေးငယ်တွေ အဓမ္မလုပ်အားခိုင်းစေမှု အန္တရာယ်နဲ့ ကြုံလာရနိုင်တယ်လို့ ဇွန်လ ၁၂ ရက် ကမ္ဘာ့ကလေးလုပ်သား အသုံးပြုမှုတိုက်ဖျက်ရေးနေ့ မှာ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သိပ်ကို လ ျှင်လ ျှင်မြန်မြန် ပြန့်နှံ့ နေပြီး ရောဂါပိုးကူးစက်သူ တသိန်းပြည့်ဖို့ ၉၈ ရက် ကြာခဲ့ပေမယ့် နောက်ထပ် ၁၈ ရက်အတွင်းမှာတင် ၂ သိန်းဖြစ်လာတာ တွေ့ရတယ်လို့ အာဖရိကဒေသဆိုင်ရာ WHO က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကြောင်း ပြောဆို ရေးသားတဲ့ သတင်းသမားတွေ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေကြရ တာကြောင့် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ခြယ်ဖို့ အိန္ဒိယနိုင်ငံရဲ့ဥပဒေတွေ အသုံးချခံရမှာကို စိုးရမ်နေရကြောင်း သတင်း လွတ်လပ်ခွင့်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်