အီတလီနိုင်ငံမှာ အားကစားပြိုင်ပွဲတွေကို လာမယ့်ဇွန်လ ၁၂ ရက်နေ့က စပြီး ပြန်စတော့မှာဖြစ်တယ်လို့ အီတလီ ဝန်ကြီးချုပ် Giuseppe Conte က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
မလေးရှားနဲ့ ထိုင်းနိုင်ငံတို့အနေနဲ့ ပင်လယ်တွင်း စက်လှေတွေပေါ်က ရိုဟင်ဂျာဒုက္ခသည်တွေကို အမြန်ဆုံး ကမ်းကပ်ခွင့်ပေးပြီး ကယ်တင်သင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီနေ့ ပြောလိုက်ပါတယ်။ ဒါ့အပြင် အဲဒီလူတွေကို လိုအပ်တဲ့ အကူအညီတွေပေးပြီး ခိုလှုံခွင့်ရအောင်လည်း လုပ်ပေးသင့်တယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု Florida ပြည်နယ် Jacksonville မြို့မှာ August လထဲ ကျင်းပမယ့် Republican ပါတီညီလာခံကျရင် ရွေးကောက်ပွဲ ပြန်ဝင်မယ့် သမ္မတလောင်းအဖြစ် သမ္မတ Donald Trump မိန့်ခွန်းပြောကြားမယ်လို့ Republican ပါတီကော်မတီက ကြာသပတေးနေ့က ကြေညာပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မှုတွေကို ဇူလိုင်လအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်သွားမှာဖြစ်တယ်လို့ အမေရိကန်က Moderna ဇီဝနည်းပညာကုမ္ပဏီက ပြောလိုက်ပါတယ်။ COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့အတွက် Moderna ကုမ္ပဏီက အမေရိကန်အမျိုးသားကျန်းမာရေးဌာနနဲ့ အတူ လုပ်နေတာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံ Seoul မြို့ နဲ့ တဝိုက် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အသစ်တွေ ပြန်တွေ့နေရပြီးတဲ့နောက် ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူတွေက COVID-19 ဒုတိယ လှိုင်း ကူးစက်မှုကို တားဆီးနိုင်ဖို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို မဖြစ်မနေ လုပ်ဆောင်သွားဖို့ သတိပေး ပြောဆိုလိုက်ပါတယ်။
ICC က အမေရိကန်စစ်တပ် တပ်သားတွေနဲ့ ထောက်လှမ်းရေးတွေရဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းရေးလုပ်ဆောင်စဉ် အမှားကျူးလွန်မှု ရှိမရှိ စုံစမ်းစစ်ဆေးနေတဲ့အတွက် ICC အရာရှိတွေကို သမ္မတဒေါ်နယ်ထရမ့်က ခရီးသွားနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ပိတ်ပင်အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကြောင့် ကမ္ဘာတလွှားစီးပွါးရေးထိခိုက်ကြတဲ့ အထဲမှာ ဗြိတိန်နိုင်ငံက အဆိုးဆုံး ဖြစ်နေတယ်လို့ နောက်ဆုံးခန့်မှန်းချက်တွေ ထွက်လာချိန်မှာပဲ ဗြိတိန်အစိုးရဟာ ဒီကပ်ရောဂါဆိုင်ရာ တုန့်ပြန်မှုအတွက် အပြင်းအထန် အဝေဖန်ခံနေရပါတယ်။
ကပ်ရောဂါ ကာလအတွင်း Travel Bubbles လို့ခေါ်တဲ့ အပြန်အလှန် ခရီးသွားလာရေးဆိုင်ရာနှစ်နိုင်ငံ သဘောတူညီချက်တွေကို ထိုင်းနိုင်ငံနဲ့အတူ ရယူဖို့ တရုတ်၊ ဂျပန် အပါအဝင် နိုင်ငံ အတော်များများက စိတ်ဝင်စားနေကြတယ်လို့ ထိုင်းနိုင်ငံက ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ နောက်ထပ် ၁ သန်းခွဲရှိပြီး ဒါဟာ ၃ လအတွင်း အနည်းဆုံး တွေ့ရတာ ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ COVID-19 ရောဂါပိုးကူးစက်ခံရသူ နောက်ထပ် ၁၁ ယောက် စစ်ဆေး တွေ့ရှိတာကြောင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၆၀ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဇွန်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်မှာ ကုလသမဂ္ဂ အဖွဲ့အစည်းများ ရန်ပုံငွေ အစီအစဉ်အနေနဲ့ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် အရှိန်အဟုန် နဲ့ ဆက်လက် ထောက်ပံ့ပေးနေတယ်လို့ ဖော်ပြထားပါတယ်။
Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် သုတေသန စင်တာနောက်ဆုံးရ စာရင်းတွေအရ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂,၀၀၀,၀၀၀ ကျော်၊ သေဆုံးသူ ၁၁၀,၀၀၀ ကျော်နဲ့ တကမ္ဘာလုံးမှာ ကူးစက်မှု အများဆုံးဖြစ်နေပါတယ်။
ကမ္ဘာတလွှားက COVID ကာလ မြင်ကွင်းတချို့
တရုတ်အစိုးရရဲ့ အလုပ်အကိုင်ရှာဖွေခန့်ထားရေး THOUSAND TALENTS PROGRAM အစီအစဉ်မှာ ပါဝင်ရင်း သုတေသန ရန်ပုံငွေ တွေ လိမ်လည် ဖုံးကွယ်ခဲ့တဲ့ ပြစ်မှုနဲ့ အမေရိကန် HARVARD တက္ကသိုလ် ဓာတုဗေဒ နဲ့ ဇီဝဓာတုဗေဒ ဌာန အကြီးအကဲဟောင်း CHARLES LIEBER ကို ဒီကနေ့စွဲချက်တင်
ပါကစ္စတန်နိုင်ငံမှာ မကြာခင်ရက်တွေ အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ အကူးစက်ခံရသူ အရေအတွက် တိုးလာနေတာကြောင့် ဒီရောဂါအတွက် အသွားအလာကန့်သတ်မှုတွေ နောက်တကြိမ် ပြန်ချမှတ်ပေးဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှု အဖွဲ့အစည်း (USCIRF) က ၂၀၁၉ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာ ကို ဇွန်လ ၁၀ ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ရာမှာ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်မှု အခြေနေတွေဟာ အဖျက်သဘော ဆောင်တဲ့ ဘက်ကို ဦးတည်နေကြောင်း ဖေါ်ပြထားပါတယ်။
တရုတ်ပြည်မကြီးက ဟောင်ကောင်အပေါ် ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်လာနေချိန်မှာပဲ လချီ ကြာမြင့်ခဲ့တဲ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူ ဟောင်ကောင်သား တစ်ချို့ ထောင်ဒဏ်ကျခံရနိုင်တဲ့ အရေးယူခံရမှာကို ရှောင်ရှားဖို့ မိမိဆန္ဒအလျောက် ဟောင်ကောင်က ထွက်ခွာပြီး ပြည်ပမှာ နေထိုင်လာကြ ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်ခဲ့ချိန်မှာပဲ အသွားအလာ ပိတ်ပင်တား မြစ်ချက်တွေကို ဖြေလျှော့ပေးနေတာနဲ့ ပတ်သက်လို့ ကျန်းမာရေးပညာရှင်တွေရဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီလို ပြန်ဖွင့်ပေးလိုက်တာကြောင့် မနေ့က တရက်တည်း ကူးစက်သူ ၁၂၄၁ ယောက်ရှိခဲ့ပါတယ်။
မြန်မာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ Facebook မှာ တင်ခဲ့တဲ့ စာအရေးအသား Post တွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေကိုFacebook ကုမ္ပဏီကနေ ရယူနိုင်ရေး တရားရုံး အမိန့်ထုတ်ပြန်ပေးဖို့ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ မြန်မာနိုင်ငံကိစ္စ ICJ ကို အမှုတင်ခဲ့သူ ရှေ့နေတွေက အမေရိကန် ခရိုင်တရားရုံးတစ်ခုမှာ လျှောက်ထားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မကြာသေးခင်က ပြန်လာခဲ့ပြီးနောက် မောင်တောမြို့နယ်မှာ အသွားအလာ ကန့်သတ်ထားတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတို့မှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်