အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးခံရသူ ဆက်တိုးလာနေပြီး မနေ့တရက်ထဲ ၁၀,၀၀၀ နီးပါးရှိပါတယ်။ အိန္ဒိယပြည်နယ်အတော်များများမှာ ၂ လနီးပါး ချမှတ်ထားတဲ့ ကန့်သတ်မှုတွေ ဖြေလေ ျှာ့ပြီး စီပွားရေးလုပ်ငန်းတချို့နဲ့ ဘာသာရေးအဆောက်အအုံတွေကို ပြန်ဖွင့်ပေးလိုက်ချိန်မှာပဲ ပိုးကူးစက်မှုတွေ ခုလိုမြင့်တက်လာတာဖြစ်ပါတယ်။
COVID ကာလ အာရှတလွှားက မြင်ကွင်းတချို့။
ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ အကူးစက်ခံရသူ တနေ့ တထောင်ကျော် ရှိနေဆဲ ဖြစ်ပေမယ့် ဒီရောဂါပိုးမကူးစက်အောင် ထုတ်ပြန်ထားတဲ့ ကန့်သတ်မှုတွေကို အင်္ဂါနေ့ကစပြီး ရုတ်သိမ်းပေးလိုက်ပြီဖြစ်ပါတယ်။
တရုတ်ရဲ့ အရှိန်အဝါကြီးထွားလာနေတာကို ရင်ဆိုင်နိုင်ဖို့ အတွက် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံတွေကို အကူအညီပေးရမှာ ဖြစ်သလို ကမ္ဘာ့အရေးဆောင်ရွက်ရာမှာလည်း NATO အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ နိုင်ငံရေးအရ ပါဝင်လုပ်ဆောင်ကြဖို့ NATO အတွင်းရေးမှုးချုပ် Jens Stoltenberg က ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရိုဟင်ဂျာ ဒုက္ခသည်တွေ နေထိုင်ရာ Cox’s Bazar ခရိုင် Ukhia နဲ့ Teknaf မြူနီစပယ်ဧရိယာထဲက နေရာ သုံးခုကို ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် ဟန့်တားရေးအတွက် အရေးပေါ်နေရာ အနီရောင် ဇုံနယ်မြေတွေ အဖြစ် ကြေညာ လိုက်ပါတယ်။
မေလ ၂၅ ရက်နေ့က ရဲဖမ်းထားစဉ်အတွင်း သေဆုံးခဲ့ရတဲ့ အာဖရိကန် - အမေရိကန် အမျိုးသား George Floyd အတွက် သီးသန့်ဈာပန အခမ်းအနားကို Texas ပြည်နယ်က Houston မြို့မှာ Texas စံတော်ချိန် နေ့လည် ၁၁ နာရီက စတင်ကျင်းပခဲ့ပါတယ်။
မလေးရှား ရေပိုင်နက်အတွင်း စက်လှေတစ်စင်းနဲ့ ဝင်ရောက်လာရာက ထိန်းသိမ်းခံနေရတဲ့ ရိုဟင်ဂျာ ၃၀၀ လောက်ကို ပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုသွားမယ်လို့ မလေးရှား ကာကွယ်ရေးဝန်ကြီး Ismail Sabri Yaakob က အင်္ဂါနေ့က ပြောပါတယ်။
အိန္ဒိယနိုင်ငံကနေ မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ တပ်မတော်သားတွေထဲက နောက်ထပ် တစ်ယောက်မှာ COVID-19 ရောဂါကူးစက်နေကြောင်း ဒီကနေ့ပဲ အတည်ပြုလိုက်ပါတယ်။
အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်း နှစ်ပတ်က ရဲတို့ဖမ်းဆီးချိန်မှာ သေဆုံးခဲ့တဲ့ George Floyd ရဲ့ဈာပန အခမ်းအနားကို Texas ပြည်နယ် Houston မြို့မှာ မိသားစု၊ မိတ်ဆွေတချို့နဲ့ ဒီကနေ့ သီးသန့်ကျင်းပမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ Thammakaset ကြက်မွေးမြူရေးလုပ်ငန်းကနေ လူ့အခွင့်အရေးလှုပ်ရှားသူ ၂ ဦးအပေါ် ရာဇဝတ်ကြောင်းနဲ့ တရားစ ွဲဆိုထားတဲ့အမှုကို တရားသေ လွှတ်ပေးလိုက်တဲ့အတွက် ကြိုဆိုြကောင်း အရှေ့တောင်အာရှဆိုင်ရာ ကုလသမဂ္ဂလူ့အခ ွင့်အရေးရုံးက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံမှာ ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် လှေစီးပြေးဒုက္ခသည်တွေကို တားမြစ်နေတဲ့ကြားကပဲ ၊ ရိုဟင်ဂျာ ၂၆၀ ကျော်ဟာ လှေစီးခရီးနဲ့ တနင်္လာနေ့မှာ မလေးရှားနိုင်ငံကို ရောက်လာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီနေ့ ဇွန်လ ၈ ရက်နေ့အတွက် ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကနေ ဓာတ်ခွဲနမူနာ ပထမအသုတ် ၄၄၆ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၂၀၁ ခု နဲ့ မန္တလေး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာန (မန္တလေး)မှာ ဓာတ်ခွဲနမူနာ ၁၆၉ ခု၊ စုစုပေါင်း ၈၁၆ ခုကို စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ နှစ်ပေါင်းများစွာအတွင်း လွှတ်တော်ကနေ အကြီးအကျယ် အပြောင်းအလဲလုပ်ဖို့ကြိုးစားတဲ့ အဆိုပြုချက်တခုဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကို အသွင်ပြောင်းမယ့် ဥပဒေမူကြမ်းဖြစ်တယ်လို့ African American လူမှုအသိုင်းအဝိုင်းများဆိုင်ရာ အောက်လွှတ်တော်အဖွဲ့ဥက္ကဋ္ဌ အမတ် Karen Bass က ပြောကြားထားပါတယ်။
COVID-19 တိုက်ဖျက်ရေးမှာ နယူးဇီလန်အနေနဲ့ အောင်မြင်မှုတခုရအောင် လုပ်ဆောင်နိုင်ခဲ့ပါပြီ။ ဒီဗိုင်းရပ်စ်ကို ချေမှုန်းဖို့ အားလုံးတစည်းတလုံးထဲ ညီညီညွှတ်ညွှတ်လုပ်ဆောင်ခဲ့တာပါ။ ဒီကပ်ရောဂါကြောင့် သေဆုံးသွားခဲ့ရသူတွေကိုလည်း အသိအမှတ်ပြုပါတယ်။ ကျမတို့အားလုံး လက်တွဲဆောင်ရွက်ခဲ့ကြသလို တတ်နိုင်သမျှ ဖေးမပေးခဲ့ကြပါတယ်။
အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား နယ်နိမိတ် အငြင်းပွားမှုကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းသွားမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိထားတဲ့ လူနာတချို့ Quarantine ဝင်ရမှာစိုးလို့ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။ ကိုဗစ်ပိုး စမ်းသပ်တွေ့ရှိထားတဲ့ ရိုဟင်ဂျာ အနည်းဆုံး ၂ ဦး ထွက်ပြေးနေတာပါ။
လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တနင်္ဂနွေနေ့က ကမ္ဘာတဝန်း ပြုလုပ်ခဲ့ရာမှာ ရောမ၊ ဘာလင်၊ လန်ဒန်နဲ့ ပဲရစ်မြို့ကြီးတွေမှာ လူပေါင်း သောင်းနဲ့ချီ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူတော်နားမှာ တနင်္ဂနွေနေ့က ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ၂ ယောက် ဒီနေ့ ထပ်တွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၄၂ ယောက် ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့က ဆန္ဒပြတဲ့သူတွေကို ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက လူစုခွဲပြီး ရှင်းလင်းဖယ်ရှားဖို့အတွက် သူအမိန့်ပေးခဲ့တာ မဟုတ်ဘူးလို့ အမေရိကန်ရှေ့နေချုပ် William Barr က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်