အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူဟာ ၉,၈၀၀ ကျော်ရှိတဲ့အတွက် နေ့စဉ်ကူးစက်မှုနှုန်းမှာ နောက်ထပ်စံချိန်တင်ခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၂၆,၇၇၀ နဲ့ သေဆုံးသူ ၆,၃၄၈ ယောက်ထက်မနည်းရှိသွားပြီဖြစ်ပါတယ်။