တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ ကြားမှာပဲ နောက်ထပ် ဟူနန်ပြည်နယ်မှာ H5N1 ကြက် ငှက် တုပ်ကွေးရောဂါ တွေ့ရှိကြောင်း အာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ Hubei ပြည်နယ်မှာ သေဆုံးသူ ၃၀၄ ယောက်ရှိပြီး လူပေါင်း ၁၄၀၀၀ နီးပါး ကူးစက်ခံထားရကြောင်း တရုတ်အာဏာပိုင်တို့က စနေနေ့မှာ အတည်ပြု ပြောဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တဦးသေဆုံးကြောင်း ဖိလစ်ပိုင်က ဒီကနေ့မှာ ကြေညာပါတယ်။
အိန္ဒိယနိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကဏ္ဍ ပြန်လည်ဖွံ့ဖြိုးစေဖို့အတွက် အစိုးရက ဒေါ်လာသန်းထောင်နဲ့ချီ သုံးစွဲဖို့ ပြင်ဆင်နေပါတယ်။ အလုပ်အကိုင်တွေ ဖန်တီးရေးအတွက် အခြေခံ အဆောက်အအုံပိုင်း ဆိုင်ရာမှာ တိုးမြှင့်သုံးစွဲမှာဖြစ်ပြီး အခွန်ကိုလည်း သိသိသာသာ လျှော့ချမှာ ဖြစ်ပါတယ်။
အီရန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရေးအတွက် တရုတ်နိုင်ငံက လာမယ့်လေကြောင်း ခရီးစဉ်တွေကို အီရန်က ဆိုင်းငံ့ထားလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်ပျံ့နှံ့နေတဲ့ တရုတ်နိုင်ငံ အလယ်အပိုင်း ဟူပေပြည်နယ်ထဲမှာ သေဆုံးသူ ၃၀၄ ယောက်ရှိပြီး လူပေါင်း ၁၄,၀၀၀ နီးပါး ကူးစက်ခံထားရကြောင်း ပြည်နယ်အာဏာပိုင်တွေက စနေနေ့မှာ ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့ကနေ စနေညဘက်က ပြန်ခေါ်လာတဲ့ မြန်မာကျောင်းသားတွေဟာ မြန်မာစံတော်ချိန် တနင်္ဂနွေနေ့မနက် အစောကြီး ၄ နာရီ ပတ်ဝန်းကျင်က မန္တလေးမြို့ကို ရောက်သွားကြပါပြီ။
သြစတြေးလျအိုးပင်းတင်းနစ် အမျိုးသမီး တဦးချင်းပြိုင်ပွဲမှာတော့ အမေရိကန်က Sofia Kenin က အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ တက္ကသိုလ်ပညာ သင်ကြားနေတဲ့ အိန္ဒိယကျောင်းသူကျောင်းသား ၃၂၄ ယောက်ကို အိန္ဒိယအစိုးရက ဒီကနေ့ စနေနေ့မှာ လေယာဉ်နဲ့ ပြန်ခေါ်လာပါပြီ။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ပြန့်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးကို ၃ လအတွင်း စမ်းသပ်နိုင်ခြေရှိတယ်လို့ အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး Anthony Fauci က ပြောပါတယ်။
ဗြိတိန်နိုင်ငံဟာ ဒီကနေ့ သောကြာနေ့ လန်ဒန်စံတော်ချိန် ည၁၁ နာရီမှာ EU ကနေ နုတ်ထွက်တော့မှာဖြစ်ပါတယ်။ ရှည်လျားရှုပ်ထွေးတဲ့ စေ့စပ်ညှိနှိုင်းပွဲတွေ၊ မတည်မငြိမ် နိုင်ငံရေးအခြေအနေတွေ ကြုံခဲ့ပြီး ဒီကိစ္စကြောင့်ပဲ ဝန်ကြီးချုပ်နှစ်ဦး နုတ်ထွက်ခဲ့ရပြီးတဲ့နောက် EU ကနေ တရားဝင် နုတ်ထွက်နိုင်တော့မယ့် အခြေအနေ ဖြစ်လာတာပါ
Coronavirus ပိုးကူးစက်မှု တားဆီး ထိန်းချုပ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေ ကြိုးစားနေကြတာနဲ့အတူ နိုင်ငံတကာလေကြောင်းလိုင်းတွေကလည်း တရုတ်နိုင်ငံကို ပျံသန်းတဲ့ လေယာဉ်ခရီးစဉ်တွေကို ရပ်နားထားတာ ဒါမှမဟုတ် ခရီးစဉ်တွေ လျှော့ချတာ လုပ်နေကြပါတယ်။
အာရှနိုင်ငံတွေမှာ လွတ်လပ်မှုကို အာဏာပိုင်တွေ ဖိနှိပ်မှု ပိုများလာနေသလို ဖိနှပ်မှုကို တွန်းလှန်ဖို့ကြိုးစားသူတွေလည်း များလာတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့က ပြောလိုက်ပါတယ်။
(Zawgyi / Unicode) အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကို ရာထူးက ဖယ်ရှားနိုင်ရေး တရားစွဲထားတဲ့အပေါ် အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးပွဲဟာ ဗုဒ္ဓဟူးနေ့မှာ တစ်မုဟုတ်ချင်းပဲ စကား စစ်ထိုးပွဲ အသွင်း ပြောင်းလဲသွားခဲ့ပါတယ်။
(Zawgyi / Unicode) ပြီးခဲ့တဲ့နှစ်က ရုရှား သတင်းထောက်တစ်ဦးကို မူးယစ်ဆေးနဲ့ အမှုဆင် ဖမ်းဆီးခဲ့မှုနဲ့ ရုရှား ရဲတပ်ဖွဲ့ဝင်ဟောင်း ၅ ဦးကို ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ဗုဒ္ဓဟူးနေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ သူတို့ကို အထောက်အထား လိမ်လည် ပြသမှုနဲ့ စွဲချက်တင်မယ်လို့ ဆိုပါတယ်။
(Zawgyi / Unicode) တရုတ်နိုင်ငံမှာ မကြုံစဖူး Coronavirus ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ ရင်ဆိုင်နေရတာကြောင့် တရုတ်အစိုးရဟာလည်း ဒါကို ဟန့်တား ကာကွယ်နိုင်ဖို့ မလုပ်စဖူးတဲ့ အတိုင်းအတာနဲ့ ဆောင်ရွက်နေကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အရေးပေါ်ဌာန အကြီးအကဲ ဒေါက်တာ Michael Ryan က ပြောပါတယ်။
ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ အမှုအတွက် ၂ ဖက် ကနဦးလျှောက်ထားချက်တွေပေးဖို့ ICJ တရားရုံးက သတ်မှတ်လိုက်ပါတယ်။
Coronavirus ပိုးကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၁၃၀ ထက် မနည်းရှိနေချိန်မှာ နိုင်ငံတကာလေကြောင်းလိုင်းတချို့က တရုတ်နိုင်ငံကို ပျံသန်းတဲ့ခရီးစဉ်တွေကို စတင် ရပ်ဆိုင်းနေကြပါတယ်။
နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ အပါအဝင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေး NLD က ဦးဆောင်ကြိုးပမ်းနေတာတွေဟာ ဘယ်လောက်အထိ အောင်မြင်နိုင်ပါသလဲ၊ ဘယ်လို စိန်ခေါ်မှုတွေ အခက်အခဲတွေ ကြုံရနိုင်ပါသလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ ဖေဖော်ဝါရီ ၁၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။
အမေရိကန် နိုင်ငံသားတွေ လိုက်ပါလာတဲ့ လေယာဉ်ကတော့ ဗုဒ္ဓဟူးနေ့မှာ Wuhan မြို့ကနေ ထွက်ခွာလာပါပြီ။ လေယာဉ်ပေါ်မှာတော့ အမေရိကန် ကောင်စစ် ဝန်ထမ်းတွေ အပါအဝင် အမေရိကန် နိုင်ငံသား ၂၅၀ လောက် လိုက်ပါလာတယ်လို့ နိုင်ငံခြားရေး ဌာန တာဝန်ရှိသူကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။
ဆိုးရွားတဲ့ coronavirus ပို ကူးစက်ပြန့့်ပွားနေတာကို တရုတ်နိုင်ငံအနေနဲ့ အနိုင်ယူ နှိမ်နင်းသွားမယ်လို့ သမ္မတ ရှီ ကျင့်ဖျင်က အင်္ဂါနေ့မှာ အခိုင်အမာ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်