တရုတ်နိုင်ငံ Wuhan မြို့မှာ စတင်ပေါ်ပေါက်ပြီး ပျံ့နှံကူးစက်ခဲ့တဲ့ Coronavirus နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တရုတ်ဘက်က ပိုပြီး ထုတ်ပြန် မျှဝေဖို့ အမေရိကန် ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။
အင်္ဂါနေ့ထိဆိုရင် ကမ္ဘာတဝန်းမှာ coronavirus ပိုး ကူးစက်ခံရသူပေါင်း ၅၄၀၀ ကျော် ရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၁၃၀ကျော် ရှိနေပါ ပြီ။ ရောဂါပိုး ကူးစက်ခံထားရသူနဲ့ သေဆုံးသူအများစုဟာ Wuhan မြို့တွင်းနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်း နန်းဖာလုံဈေးထဲမှာ အနီအောက်ရောင်ချည်သုံး ကိုယ်ပူချိန်တိုင်းကိရိယာတခုကို မြန်မာကျန်းမာရေးဌာန တာဝန်ရှိသူတွေက တပ်ဆင်ထားတယ်လို့ အိန္ဒိယအခြေစိုက် PTI သတင်းဌာန သတင်းတပုဒ်မှာ ရေး ထားပါတယ်။
Coronavirus ကူးစက်ခံထားရသူ ၁၄ ဦးရှိနေတဲ့ထိုင်းနိုင်ငံမှာ တရုတ်နိုင်ငံက ဝင်လာတဲ့ခရီးသည်အားလုံးကို ရောဂါလက္ခဏာရှိမရှိ စစ်ဆေးမယ်လို့ ထိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက အင်္ဂါနေ့မှာကြေညာပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည် ကလေးတွေကို ပညာသင်ကြားခွင့် ပေးတော့မယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာကလေးတွေ ပညာသင်ခွင့်ရစေလိုကြောင်းလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen က AFP သတင်းဌာနကို ပြောဆိုခဲ့တာပါ။
တကမ္ဘာလုံးကို ပြန့်နှံ့လာနေတဲ့ Coranavirus စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကိုရောက်နေတဲ့ သူတို့နိုင်ငံသားတွေကို ခေါ်ထုတ်ဖို့ အမေရိကန်၊ ဂျပန်နဲ့ အခြားနိုင်ငံတွေက လေယာဉ်တွေ စေလွှတ်နေကြပါတယ်။ ဒီရောဂါကြောင့်တရုတ်မှာ သေဆုံးသူ ၁၀၆ ဦးထက်မနည်း ရှိသွားပါပြီ။
ရခိုင်ပြည်နယ်တွင်းမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ရာဇဝတ်မှုနဲ့ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို တရားဥပဒေကြောင်း အရ အပြစ်ပေး အရေးယူဖို့ မြန်မာအစိုးရကို ဥရောပ သမဂ္ဂ EU က တိုက်တွန်းလိုက်ပါတယ်။
ဗြိတိန်နိုင်ငံအတွင်း 5G အင်တာနက် ဆက်သွယ်မှုတွေ တည်ဆောက်မယ့် လုပ်ငန်းစဉ်တွေမှာ တရုတ်အခြေစိုက် Huawei ကုမ္ပဏီကို ပါဝင်ခွင့်ပြုသင့် မသင့်ဆိုတာကို စဉ်းစားနေတဲ့အချိန်မှာဘဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ဒီသီတင်းပတ်အတွင်း ဗြိတိန်ကို သွားဖို့ ရှိနေပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံတွင်း စစ်မြေပြင်မှာ တပ်ဖွဲ့တွေ အချင်းချင်း ဆက်သွယ်ရေးနဲ့ ထောက်လှမ်းရေး အချက်အလက် ဖလှယ်ရေး အတွက် ဆောင်ရွက်ပေးနေတဲ့ အမေရိကန် စစ်တပ် လေယာဉ် တစင်း တာလီဘန် ထိန်းချုပ်ရာ ဒေသတွင်းမှာ ပျက်ကျခဲ့ကြောင်း အမေရိကန် စစ်တပ် တာဝန်ရှိသူတွေ တနလာၤနေ့မှာ အတည်ပြုပါတယ်။
ဒဏ်ခတ်အရေးယူခံထားရတဲ့ မြဝတီလီမိတက်နဲ့ အမေရိကန်ပြည်ထောင်စု Connecticut ပြည်နယ်မှာ ဌာနချုပ်ဖွင့်ထားတဲ့ Eagle ရေကြောင်း ပို့ဆောင်ရေးကုမ္ပဏီက ထိတွေ့ ဆက်ဆံခဲ့ကြောင်း အမေရိကန် အစိုးရထံမှာ ဝန်ခံပြောကြားခဲ့တာကြောင့် အမေရိကန်ဘဏ္ဍာရေးဌာနက ကုမ္ပဏီကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု Los Angeles မြို့မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ၆၂ ကြိမ်မြောက် Grammy ဆုပေးပွဲမှာ ဆယ်ကျော်သက်အဆိုတော် Billie Eilish က ထိပ်တန်းဆုကြီး ၄ ခုလုံးကို ဆွတ်ခူးသွားပါတယ်။
ဗြိတိန်ရဲ့ 5G တယ်လီဖုန်း ဆက်သွယ်ရေးကွန်ရက်မှာ တရုတ်နည်းပညာ လုပ်ငန်းကြီး Huawei ကို လုပ်ကိုင်ခွင့်ပြုမယ်ဆိုရင် ဖြစ်လာမယ့် ပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ Donald Trump က ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကို သတိပေးထားတယ်ဆိုပြီး နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
တူရကီနိုင်ငံမှာ လှုပ်ခဲ့တဲ့ ပြင်းအားမြင့်ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၃၈ ဦးရှိလာပြီဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ အပြိုအပျက်ပုံအောက်မှာ အသက်ရှင်ကျန်နေနိုင်သူတွေကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြပါတယ်။
တရုတ်ပြည်မှာ စတင်ခဲ့တဲ့ Corona ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅ ဦး အမေရိကန်ပြည်ထောင်စုမှာ တွေ့ရှိရတယ်လို့ ပြည်ထောင်စုကျန်းမာရေး အရာရှိတွေက အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒီထက်ပိုပြီး ရှိလာနိုင်သေးတယ်လို့ ယူဆထားပါတယ်။
“လူသားဆန်မှုအတွက် ကဗျာ” လို့ နာမည်ပေးထားတဲ့ ကဗျာရွတ်ပွဲနဲ့ ဆွေးနွေးပွဲတွေကို ရန်ကုန်မှာ သုံးရက်ကြာ ပြုလုပ်ခဲ့ပြီး တတိယမြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ တနင်္ဂနွေနေ့ကတော့ ရိုဟင်ဂျာ ကဗျာဆရာတွေလည်း ဗွီဒီယိုကနေ ပါဝင်ခဲ့ပါတယ်။
အမေရိကန် ဘတ်စ်ကက်ဘော အကျော်အမော် Kobe Bryant တယောက် တနင်္ဂနွေနေ့က ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားတဲ့အတွက် ကမ္ဘာ့အားကစားလောကက ဝမ်းနည်းကြေကွဲနေကြပါတယ်။
တရုတ်နိုင်ငံမှာ Corona ဗိုင်းရပ်စ်လို့ခေါ်တဲ့ ကူးစက်ရောဂါကြောင့် အခုဆိုရင် သေဆုံးသူ အရေအတွက်ဟာ ၅၆ ယောက် ရှိသွားခဲ့ပြီဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်းဟာ ၂၀၀၀ လောက်ရှိပြီ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် အီရန် ထိပ်တန်း စစ်ဗိုလ်ချုပ်တဦး ကျဆုံးခဲ့ရပေမယ်လို့လည်း အမေရိကန်နဲ့ စေ့စပ်ဆွေးနွေးမှုကို အီရန်ဘက်က အပြတ်ပယ်ချမထားဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့ထုတ် တွေ့ဆုံမေးမြန်းမှုတခုမှာ ပြောဆိုထားပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့နေတဲ့ အခြေအနေကို တရုတ်သမ္မတ Xi Jinping ကိုင်တွယ်လုပ်ဆောင်ပုံနဲ့ ပတ်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေက ချီးကျူး ပြောဆိုနေကြတာကြောင့် ဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ် အတိမ်အနက်ကို လျစ်လျူရှုပစ်လိုက်လို့ မရပါဘူး။
တရုတ်နိုင်ငံတွင်း Corona ဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားမှုကို ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး တရုတ်သမ္မတ Xi Jinping ကို အမေရိကန်သမ္မတ Donald Trump အပါအဝင် တခြား ကမ္ဘာ့ခေါင်းဆောင်တွေက ချီးကျူး ပြောဆိုကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်