Eritrea နိုင်ငံဟာဆိုရင် ကမ္ဘာပေါ်မှာ မီဒီယာ အပေါ် ဆင်ဆာ တည်းဖြတ်မှု အများဆုံး နိုင်ငံ ဖြစ်တယ်လို့ သတင်းသမား ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ CPJ က ပြောဆိုလိုက်ပါတယ်။
စမတ်ဖုန်း ထုတ်လုပ်ရာမှာ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာကျော် Apple ကုမ္ပဏီဟာ အဂီါနေ့မှာ သူ့ရဲ့ နောက်ဆုံး iPhone အမျိုးအစားကို ထုတ်ပြန်ခဲ့ပါတယ်။
ဥရောပသမဂ္ဂ EU ထဲကနေ ဗြိတိန်နိုင်ငံခွဲထွက်မယ့် Brexit လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ရွေးကောက်ပွဲတွေ အစောတလျင် ကျင်းပဖို့ပြောနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ရဲ့အစီအစဉ်ကို ဗြိတိန်လွှတ်တော်က ဒုတိယအကြိမ် ထပ်မံ ပယ်ချလိုက်ပါတယ်။
ဟောင်ကောင်အရေးနဲ့ပတ်သက်လို့ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ဥပဒေတခုခုချမှတ်ဖို့ ကြိုးစားတာမျိုးကို လက်ခံမှာမဟုတ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါ ပြန့်နှံ့ဖြစ်ပွားတာကို အာကာသထဲကနေ ခန့်မှန်းနိုင်မယ့် နည်းပညာအသစ်တခုကို အမေရိကန် အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ NASA က တီထွင်ထုတ်လုပ်နေပါတယ်။
မြောက်ကိုရီးယားက အင်္ဂါနေ့မှာ အမျိုးအမည် မသိရတဲ့ ဒုံးကျည် နှစ်စင်း ပစ်လွှတ်လိုက်ပါတယ်။ နျူးကလီးယား ကင်းစင်ရေး အတွက် အမေရိကန် ပြည်ထောင်စုနဲ့ ဆွေးနွေးမှုတွေ စလိုတယ်လို့ မြောက်ကိုရီးယား အစိုးရက ပြောဆိုပြီး နာရီပိုင်း အကြာမှာ ဒုံးကျည်တွေ ပစ်လွှတ်တာ ဖြစ်ပါတယ်။
ဗြိတိန် ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲတွေ အချိန်စော ကျင်းပရေး ဒုတိယမြောက် အဆိုပြုချက်ကို လွှတ်တော်မှာ မဲခွဲ ပယ်ချလိုက်ပါတယ်။ ရွေးကောက်ပွဲတွေ အချိန်စော ကျင်းပရေး ဝန်ကြီးချုပ် Boris Johnson ရဲ့ အဆိုပြုချက် အပေါ် လွှတ်တော် အမတ်တွေ မကြာခင်က မဲခွဲခဲ့ကြတာပါ။
တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့တာကလည်း သူ့ သဘောဆန္ဒ အတိုင်းလုပ်တာ ဖြစ်ပြီး ဒီဆွေးနွေးပွဲကို ဖျက်လိုက်တာကလည်း သူ့ဆန္ဒအတိုင်း လုပ်ခဲ့တာ ဖြစ်ပြီး ဒီကိစ္စ ဘယ်သူနဲ့မှ မတိုင်ပင်ခဲ့ဘူးလို့ သတင်းထောက်တွေကို သမ္မတ Trump က ပြောဆိုခဲ့တာပါ။
ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက်စေရေး အားပေးပံ့ပိုးမယ့် ပါတီ နှစ်ရပ်စလုံးထောက်ခံတဲ့ ဥပဒေ မူကြမ်းတရပ် အတည်ပြုရေး အမေရိကန်ကွန်ဂရက်က ရှေ့ဆက်လုပ်မယ်ဆိုရင် ဒါဟာ ဟောင်ကောင်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ဖြစ်လိမ့်မယ်လို့ တရုတ်အစိုးရပိုင် သတင်းစာမှာ ဒီကနေ့ ရေးထားပါတယ်။
“တရားဥပဒေနဲ့အညီ ဖြစ်စေဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခိုင်မာအားကောင်းစေဖို့ တည်ထောင်ထားတဲ့ နိုင်ငံတကာ ဖွဲ့စည်းလုပ်ဆောင်ချက်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အစိုးရကို ကျမတိုက်တွန်းပါတယ်”
နယူးယောက်မြို့မှာ ကျင်းပတဲ့ U.S. Open တင်းနစ် အမျိုးသားတဦးချင်း ပြိုင်ပွဲမှာတော့ စပိန်နိုင်ငံသား Rafael Nadal က ဗိုလ်စွဲပြီး ချန်ပီယံဖြစ်သွားပါတယ်။
ရိုဟင်ဂျာဖြစ်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ် တက္ကသိုလ်တခုက ကျောင်းသူတဦးကို ကျောင်းထုတ်လိုက်ကြောင်း တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။
သမိုင်းဝင် အကြီးမားဆုံး ဟာရီကိန်းမုန်တိုင်းဖြစ်တဲ့ Dorian ဟာ မြောက်အတ္တလန္တိတ် သမုဒ္ဒရာဘက်ကို ဦးတည်မထွက်ခွာခင် တနင်္ဂနွေက သူ့ရဲ့ နောက်ဆုံးရိုက်ခတ်မှုအဖြစ် ကနေဒါ အရှေ့ခြမ်းကို ဝင်ရောက်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ တရားမဝင် ရွှေ့ပြောင်းအခြေချသူ တဦးတယောက်ကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ အာသံပြည်နယ်ကို ရောက်ရှိနေတဲ့ အိန္ဒိယပြည်ထဲရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်နဲ့ အီရန်ကြား သံတမန်ရေး မပြေလည်မှုမှာ အဓိကကျတဲ့ အီရန် ရေနံတင်သဘောၤက သဘောၤပေါ်ပါ ကုန်စည်တွေကို နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ပြီး ရောင်းချပြီးစီးကြောင်း အီရန်က ပြောဆိုလိုက်ပါတယ်။
တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။
ဟောင်ကောင်က ဒီမိုကရေစီရေး ထောက်ခံဆန္ဒပြတဲ့သူတွေဟာ တရုတ်အစိုးရအပေါ်မှာ နိုင်ငံတကာ ဖိအားပေးလာအောင် လုပ်တဲ့အနေနဲ့ ဒီကနေ့မှာတော့ ဟောင်ကောင်မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးရှေ့မှာ သွားရောက်စုဝေးခဲ့ကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံတွင်း အုတ်ဖုတ်တဲ့လုပ်ငန်းတွေမှာ ကလေးအလုပ်သမားတွေ အသုံးပြုမှုကို ၂၀၂၀ ပြည့်နှစ် အရောက်မှာ အဆုံးသတ်နိုင်ရေး လှုပ်ရှားမှုတခုကို စတင်လိုက်တဲ့အပေါ် လေ့လာသူတွေက သတိထားပြီး ကြိုဆိုကြပါတယ်။
ကက်သလစ်ခရစ်ယာန်အများစု နေထိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ မွတ်စလင်လက်နက်ကိုင်တွေဟာ ခွဲထွက်ဖို့ ဆယ်စုနှစ်နဲ့ချီပြီး တိုက်ခိုက်မှုတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးအတွက် သီးခြားလွတ်လပ်တဲ့ နိုင်ငံခြားစောင့်ကြည့်အဖွဲ့ဆီမှာ စနေနေ့ကစပြီး သူတို့လက်နက်တွေ လာရောက် အပ်နှံနေပါတယ်။
အီရန်က သူ့ရဲ့ ခေတ်မီ နျူကလီးယား ဗဟိုခွါအားသုံးစက်တွေမှာ ယူရေနီယံဓာတ်ငွေ့သွင်းဖို့ စလုပ်နေပြီလို့ အီရန် အဏုမြူစွမ်းအင် အေဂျင်စီက စနေနေ့မှာ ပြောကြားလိုက်တာကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်ကြား ၂၀၁၅ က ရရှိထားတဲ့ နျူကလီးယား သဘောတူညီချက် JCPOA ကို တတိယအကြိမ်မြောက် ချိုးဖောက်လိုက်တာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်