U.S. Open တင်းနစ် အမျိုးသမီး တဦးချင်း နောက်ဆုံးဖိုင်နယ်မှာတော့ ကနေဒါနိုင်ငံက အသက် ၁၉ နှစ်အရွယ် Bianca Andreescu က အမေရိကန်က နာမည်ကြီး Serena Williams ကို အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လူမပါတဲ့ အာကာသယာဉ် လမျက်နှာပြင်ပေါ် ဆင်းသက်ဖို့ မိနစ်ပိုင်းအလိုမှာပဲ အာကာသထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့အတွက် လကမ္ဘာပေါ် အာကာသယာဉ် စေလွှတ်နိုင်ရေး အိန္ဒိယရဲ့ ရည်မှန်းချက် မအောင်မမြင် ဖြစ်သွားရပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူတယောက် အဆုတ်ရောဂါနဲ့ သေဆုံးခဲ့တာကြောင့် အီလက်ထရောနစ်စီးကရက် သောက်သုံးသူတွေအနေနဲ့ သူတို့ရဲ့ အီလက်ထရောနစ်စီးကရက် သောက်သုံးမှုကို ပြန်ပြီးတော့ စဉ်းစားသင့်တယ်လို့ အမေရိကန် ကျန်းမာရေးအာဏာပိုင်တွေက ထပ်မံ သတိပေးလိုက်ပါတယ်။
နယူးယောက်မြို့မှာ ကျင်းပနေတဲ့ U.S. OPEN တင်းနစ်ပြိုင်ပွဲမှာတော့ စပိန်က Rafael Nadal နဲ့ ရုရှားက Daniil Medvedev တို့ အနိုင်ရပြီး ဖိုင်နယ်တက်သွားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မှာ စက်တင်ဘာ ၃ ရက်ကနေ ၁၀ ရက်နေ့အထိ ကျင်းပနေတဲ့ ၅၁ ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းဝေးနဲ့ ဆက်စပ်အစည်းဝေးတွေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း တက်ရောက် နေပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို မလိုက်နာဘဲ နျူကလီးယား လက်နက် ထုတ်လုပ်ရေး အစီအစဉ်ကို ဆက်လက် လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်ရပ်မှာ ဖော်ပြထားပါတယ်။
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော်ခလမ်ဆမ်ဆွမ်ကို စစ်တပ်က တရားစွဲဖို့ ပြင်ဆင်နေတဲ့အပေါ် အမေရိကန်အစိုးရက အင်မတန်စိုးရိမ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
Zimbabwe နိုင်ငံသမ္မတဟောင်း Robert Mugabe အသက် ၉၅ နှစ်မှာ ကွယ်လွန်သွားပါတယ်။ သမ္မတဟောင်း Mugabe ကွယ်လွန်ကြောင်းကို လက်ရှိသမ္မတ Emmerson Mnangagwa က Twitter လူမှုကွန်ယက်ပေါ်ကနေ အသိပေးခဲ့ပါတယ်။ နိုင်ငံရဲ့ဖခင်ကြီးလို့ သမ္မတ Mnangagwa ကပြောဆိုပြီး အင်မတန် စိတ်မကောင်းဖြစ်ကြောင်း Twitter ပေါ်မှာ ရေးသားပါတယ်။
တောင်ကိုရီးယား သမ္မတ Moon Jae in ရဲ့ မြန်မာနိုင်ငံ ၃ ရက်ကြာ ခရီးစဉ်အတွင်းမှာ ကြာသပတေးနေ့ကတော့ မြန်မာ- ကိုရီးယား ၂ နိုင်ငံကြား ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ရင်နှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ အခြေခံ အဆောက်အအုံ ဆိုင်ရာစီမံကိန်းတွေနဲ့ ပတ်သက်ပြီး နားလည်မှု စာချွန်လွှာ ၅ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဟောင်ကောင်မှာ ၃ လ ကြာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်စေခဲ့တဲ့ တရားခံ လွှဲပြောင်းရေးဥပဒေမူကြမ်းကို ဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်တဲ့ အပေါ် တရုတ်ပြည်က အလေးထား၊ နားလည် သဘောပေါက်၊ ထောက်ခံတယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှုး Carrie Lam က မနေ့ကပြောပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့် ဒီဇင်ဘာ ၁၉ ကနေ ၂၂ ရက်နေ့အထိ ဗီယက်နမ် ကုန်စည်ပြပွဲကြီး ကျင်းပဖို့ရှိပါတယ်။ ဒီကုန်စည်ပြပွဲကြီး ကို ဗီယက် နမ် ကုန်သွယ်မြှင့်တင်ရေး အေဂျင်စီ VIETTRADE က ၂၀၀၉ ခုနှစ်ကတည်းက စပြီး မြန်မာနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ပြသသွားမှာ ဖြစ်ပါတယ်။
ကိုရီးယားကျွန်းဆွယ်ဒေသတွင်း ငြိမ်းချမ်းရေး ရေရှည်တည်မြဲ နိုင်ဖို့အတွက် မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ကြား အလုပ်သဘော ဆွေးနွေးမှုတွေ အမြန်ဆုံး ပြန်လည် စတင်ဖို့ တောင်ကိုရီးယားဝန်ကြီးချုပ် Lee Nak-yon က ကြာသပတေးနေ့က ပန်ကြားလိုက်ပါတယ်။
အလင်းနှစ် သန်းပေါင်း ၅၀ လောက်ရှိတဲ့အကွာအဝေးမှာ ရှိတဲ့ black hole လို့ခေါ်တဲ့ အာကာသ တွင်းနက်ကြီးရဲ့ ဓါတ်ပုံကို နိုင်ငံတကာသိပ္ပံပညာရှင် ၃၄၇ ဦးပူးပေါင်းကြိုးပမ်းပြီး ပထမဆုံး ပြသနိုင်ခဲ့တဲ့ အတွက် သူတို့ကို သိပ္ပံဆိုင်ရာ အော်စကာ Oscars of science ဆုချီးမြှင့်လိုက်ပါတယ်။
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ စစ်လေယာဉ် တစင်း လမ်းချော်သွားတဲ့အတွက် ပြည်ပနိုင်ငံတွေကနေလာတဲ့ လေယာဉ်တွေ ဆင်းမရပဲ လမ်းကြောင်းပြောင်းခဲ့ရတယ်လို့ သိရပါတယ်။ ရန်ကုန်နိုင်ငံတကာလေဆိပ်အာဏာပိုင်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာတော့ ည ၁၁ နာရီအထိ လေယာဉ်ပြေးလမ်းတွေကို ပိတ်ထားမယ်လို့ ကြေညာထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး လက်မခံကြဖို့ တိုက်တွန်းနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကူအညီပေးရေး အဖွဲ့ ၂ ဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပိတ်လိုက်ပါတယ်။
ဟောင်ကောင်က အထင်ကရ လေကြောင်းလိုင်းဖြစ်တဲ့ Cathay လေကြောင်းလိုင်းရဲ့ ဥက္ကဌ John Slosar ဟာ ဗုဒ္ဓဟူးနေ့မှာ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။
ဟာရီကိန်း Dorian ဟာ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်အရှေ့တောင်ဘက် ကမ်းရိုးတန်းတလျှောက် ဝင်ရောက်လာပြီး အရင်ကလောက် အင်အားပြင်းထန်မှု မရှိတော့ပေမယ့် ကမ်းရိုးတန်းဒေသနေလူထုအတွက် အန္တရာယ် ကြီးတဲ့ မုန်တိုင်း အနေအထားမှာ ရှိနေဆဲ ဖြစ်ပြီး ကုန်းတွင်းပိုင်းထဲ ဝင်ရောက်လာနိုင်ဆဲဖြစ်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ ဂျပန်အစိုးရက အကူအညီတွေပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး Shahriar Alam က ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshiko Abe ကို ပန်ကြားလိုက်ပါတယ်။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ဟာ သုံးရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း ဒီကနေ့ Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဆီ သွားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ သိသိသာသာ ပိုများလာနေတဲ့အပေါ် အထူးစိုးရိမ် တဲ့အကြောင်း ကုလသမဂ္ဂ ယာယီ ဌာနေကိုယ်စားလှယ်နဲ့ လူသားစာနာမှုဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းရေးမှူး June Kunugi က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်