လူမှုကွန်ယက်စွဲနေသူတွေနဲ့ မူးယစ်ဆေးစွဲနေသူတွေရဲ့ ပြုမူဆောင်ရွက်ချက်တွေ အင်မတန်ဆင်တယ်လို့ သိပ္ပံပညာရှင်တွေ လေ့လာတွေ့ရှိခဲ့ပါတယ်။
အမေရိကန်အစိုးရ လုပ်ငန်းတချို့ ရပ်ဆိုင်းထားရချိန်မှာ လစာမရကြတဲ့ ဝန်ထမ်းတွေကို နောက်ပိုင်းမှာ လစာတွေပြန်ပေးမယ့် ဥပဒေမူကြမ်း တရပ်ကို ဒီနေ့ သမ္မတ Donald Trump လက်မှတ်ရေးထိုး အတည်ပြုဖို့ ရှိနေပါတယ်။
ကင်ညာနိုင်ငံ နိုင်ရူဘီမြို့တော်က ဟိုတယ်တခုနဲ့ ရုံးတွေရှိရာနေရာကို စီးနင်းတိုက်ခိုက်မှု အဆုံးသတ်ပြီဖြစ်ကြောင်း သမ္မတ Uhuru Kenyatta ကကြေညာလိုက်ပါတယ်။
ထိုင်းနိုင်ငံက ကြက်မွေးမြူရေးခြံမှာ မတရားခိုင်းစေခံခဲ့ရတယ်လို့ တိုင်ကြားထားတဲ့ မြန်မာ အလုပ်သမား ၁၄ ဦးကို နစ်နာကြေးပေး လျော်ဖို့ ထိုင်းတရားရုံးချုပ်က အင်္ဂါနေ့မှာ စီရင်ချက် ချမှတ်လိုက်ပါတယ်။
ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်က DusitD2 ဟော်တယ်နဲ့ ဆိုင်ခန်းတွေရှိရာစင်တာ မှာ အင်္ဂါနေ့က အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးတဲ့နောက် အခုအခါမှာ အခြေနေကို ထိန်းချုပ်နိုင်ပြီးဖြစ်ပြီး ကင်ညာနိုင်ငံမှာ လုံခြုံမှုရှိပြီဖြစ်ကြောင်း ကင်ညာပြည်ထဲရေးဝန်ကြီး Fred Matiang ကပြောပါတယ်။
Ivory Coast နိုင်ငံမှာ ၂၀၁၀ ခုနှစ်က ကျင်းပခဲ့တဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ သမ္မတဟောင်း Laurent Gbagbo ကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အင်္ဂါနေ့မှာ တရားသေ လွတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ ရုရှားနိုင်ငံအတွက် လုပ်ကိုင်ပေးနေတာ ဖြစ်ကောင်းဖြစ်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပြီးရက်ပိုင်းအကြာမှာပဲ “ ရုရှားအတွက် ဘယ်တုန်းက လုပ်ကိုင်ပေးခဲ့တာမရှိဘူး” လို့ သမ္မတ Trump က မနေ့ တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပါမောက္ခ Yanghee Lee ဟာ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ကရင် ဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့ စီစဉ်နေပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ စစ်ဆေးဆိုင်ရာမူဝါဒ စာတမ်းမှာ မြောက်ကိုရီးယားနိုင်ငံကို “ရန်သူ” ဆိုပြီး သုံးနှုန်းထားတာကို ဖယ်ရှားလိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ တောင်မြောက်ကိုရီးယားနှစ်နိုင်ငံကြားတင်းမာမှုတွေပြေလျော့ရေး တောင်ကိုရီးယားသမ္မတ Moon Jae-in ဘက်က အစပျိုးလိုက်တာလည်းဖြစ်ပါတယ်။
အီးယူ ဥရောပသမဂ္ဂနဲ့ ဝန်ကြီးချုပ် Theresa May တို့ စေ့စပ် ညှိနှိုင်းထားတဲ့ အီးယူထဲက ဗြိတိန်နှုတ်ထွက်ရေးအစီအစဉ် Brexit သဘောတူညီချက်ကို ဒီကနေ့ ဗြိတိန် ပါလီမန်မှာ မဲခွဲ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ကနေဒါနိုင်ငံသားတဦးကို တရုတ်နိုင်ငံတရားရုံးတခုက သေဒဏ်ချမှတ်လိုက်ပါတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ သေဒဏ်ကို ထင်သလိုသုံးစွဲနေတယ်လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau ကစွပ်စွဲ လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် AK Abdul Momen က ရိုဟင်ဂျာတွေဝင်လာတာ တကယ့် ပြဿနာကြီး တခုဖြစ်ကြောင်းနဲ့ ဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာမှု ဆိုင်ရာပြဿနာဟာ ဖြေရှင်းဖို့ မလွယ်လှဖူးလို့ တနင်္လာနေ့ က ပြောပါတယ်။
အမေရိကန် အစိုးရယန္တရား တစိတ်တပိုင်းကို ရပ်ဆိုင်းထားရတာ ကာလကြာရှည်ဖြစ်နေတာဟာ သမ္မတကြောင့်လို့ အမေရိကန် အများစုက အပြစ်တင်နေကြပေမယ့် သမ္မတ Donald Trump ကတော့ ကွန်ဂရက်လွှတ်တော်က အတိုက်အခံ ဒီမိုကရက်အမတ်တွေမှာလည်း တာဝန်တူတူ ရှိနေကြောင်း တနင်္လာနေ့ အမေရိကန် လယ်သမားထုနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးမှူး Yanghee Lee ကို မြန်မာနိုင်ငံတွင်း လာရောက်ခွင့် ပေးဖို့ ကုလသမဂ္ဂက မျှော်လင့်နေကြောင်း ကုလအတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က တနင်္လာနေ့ နယူးရောက်ရုံးချုပ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆီးရီးယားကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းလို့ Kurd လက်နက်ကိုင်အဖွဲ့တွေအပေါ် တူရကီကတိုက်ခိုက်လာရင် စီးပွားအရအကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေရင်ဆိုင်ရမယ်လို့ သမ္မတ Donald Trump ကသတိပေးလိုက်ပါတယ်။
သတင်းထောက် Jamal Khashoggi အသတ်ခံရတဲ့ကိစ္စအတွက် တာဝန်ရှိသူ တာဝန်ခံရမယ်ဆိုတာကို Saudi Arabia အိမ်ရှေ့မင်းသား Mohammed bin Salman ကအသိအမှတ်ပြုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောကြားလိုက်ပါတယ်။
လုပ်ခလစာ တိုးမြှင့်ရရှိရေး တောင်းဆိုကြတဲ့ ထောင်နဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ်က အထည်ချုပ် အလုပ်သမားတွေ မနေ့ တနင်္ဂနွေနေ့က ဆန္ဒပြကြတာမှာတော့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ပိတ်ထားရတဲ့ ပြည်ထောင်စု အစိုးရကို အနည်းဆုံး ယာယီအားဖြင့် ပြန်ဖွင့်ပြီး ဒီမိုကရက်တွေနဲ့ နယ်စပ် တံတိုင်းကိစ္စ ဆက်ပြီး ညှိနှိုင်းဖို့ အမေရိကန် အထက်လွှတ်တော်က သမ္မတ Donald Trump အနီးစပ်ဆုံး မဟာမိတ် တဦးက တိုက်တွန်းလိုက်ပါတယ်။
မလေးရှားနိုင်ငံ ပီနန်ကျွန်း Bukit Minyak စက်မှုဇုံက တိုက်ခန်းတခုမှာ နိုင်ငံခြားသား အလုပ်ရှာဖွေရေး အေဂျင်စီကလူတဦး ဓါးဒဏ်ရာ ၁၄ ချက်နဲ့ သေဆုံးမှုအတွက် သံသယရှိသူ မြန်မာနိုင်ငံသား ၅ ဦးကို မလေးအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံ ၁၁ ရက်ကြာ ခရီးစဉ်ကို ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ တနလာၤနေ့မှာ စတင်မှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်