အမေရိကန် - မက်ဆီကို ၂ နိုင်ငံ နယ်စပ်တလျှောက် တံတိုင်းကာရံဖို့ လွှတ်တော်က ရန်ပုံငွေတိုက်ရိုက်ချထားပေးဖို့ သူမပြောဆို နိုင်ဘူးဆိုရင် မကြာခင်မှာပဲ နိုင်ငံတော် အရေးပေါ် အခြေနေကြေညာပြီး စစ်တပ် တည်ဆောက်ရေးရန်ပုံငွေနဲ့ တည်ဆောက်မှာ ဖြစ်ကြောင်း သမ္မတ Donald Trump က ကြာသပတေးနေ့မှာ အရိပ်အယောင်ပြ ပြောဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေအတွင်းရောက်ရှိနေကြတဲ့ ဟိန္ဒူမိသားစု ၁၀၅စုဟာ မြန်မာနိုင်ငံကိုပြန်ချင်နေ ကြတယ်လို့ Los Angeles Times သတင်းရဲ့ရေးသားချက်ကို အိန္ဒိယနိုင်ငံက NDTV သတင်းမှာ ဇန်နဝါရီလ၁၀ရက်နေ့ ကဖေါ်ပြထားပါတယ်။
အာရှ ခရစ်ယန် ဂိုဏ်းအုပ်များ အသင်း ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်တော့မယ့် ကာဒီနယ်ရဟန်းအမတ် Charles Maung Bo ဟာ ထိပ်တိုက်ရင်ဆိုင်မှုတွေ အဖြေရှာရေးကို ဆက်လက်ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကက်သလစ် အသင်းတော် သတင်းမှာ ဖေါ်ပြထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်အသစ်ဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံက အစ္စရေးနဲ့ပါလက်စတိုင်းပဋိပက္ခ အပါအဝင် မူဆလင်ကိစ္စတွေကို အာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကိုလည်း ထည့်သွင်းဆောင်ရွက် သွားမယ်လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ပြန်ရုတ်သိမ်းဖို့ လန်ဒန်မြို့တော် ကော်ပိုရေးရှင်း က အဖွဲ့ဝင်တွေက ကြာသပတေးနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ကြပါတယ်။
မြောက်ကိုရီးယား Nuclear လက်နက်ကင်းရှင်းရေးကိစ္စ အမေရိကန်နဲ့ဆွေးနွေးမှုတွေ ရှေ့ဆက်မတိုးဖြစ်နေတဲ့အပေါ် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကစိတ်ပူနေတယ်လို့ တရုတ်အစိုးရကသတင်းမီဒီယာတွေမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့တဲ့ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ AA ရဲ့ စီးနင်းတိုက်ခိုက်မှုကို ရှုတ်ချကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ EU အဖွဲ့ဝင် သံရုံးအကြီးအကဲတွေနဲ့ EU သံကိုယ်စားလှယ်အဖွဲ့တို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့တာပါ။
၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲကို ရုရှားဝင်နှောင့်ယှက်ခဲ့မှုရှိ မရှိ စုံစမ်းမှုကို ကြီးကြပ်တဲ့ ဒုတိယရှေ့နေချုပ် Rod Rosenstein ရာထူးကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေပါတယ်။
ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်နွယ်နေတယ်လို့ဆိုတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခြေစိုက် လှုပ်ရှားနေကြောင်း မြန်မာတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်လိုက်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေအပေါ် အလွန်အမင်း စိုးရိမ်ပူပမ်ကြောင်းနဲ့ တင်းမာမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
ကန်သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တဲ့ ၂၀၁၆ ခုနှစ်လယ်ပိုင်းလောက်တုန်းက သမ္မတလောင်း Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို ဦးဆောင်ခဲ့သူ Manafort ဟာ စည်းရုံးရဲ့အဖွဲ့ရဲ့ ရွေးကောက်ပွဲ အချက်အလက်တွေကို ရုရှားထောက်လှမ်းရေးတွေနဲ့ နီးစပ်သူတဦးထံ ပေးအပ်ခဲ့ကြောင်း တရားရုံးမှာ တင်ပြတဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်စံတော်ချိန် အင်္ဂါနေ့ ညမှာ သမ္မတအိမ်ဖြူ Oval ရုံးခန်းကနေ နိုင်ငံတော်ကို မိန့်ခွန်းပြောမယ့် သမ္မတ Trump ရဲ့ မိန့်ခွန်းမူကြမ်းကို ဖတ်ခဲ့ရတဲ့ အိမ်ဖြူဝန်ထမ်း တဦးရဲ့ ပြောကြားချက်အရ သမ္မတ ဟာ အမေရိကန် တောင်ပိုင်းနယ်စပ် ဒေသတလျှောက် နိုင်ငံတော် အရေးပေါ်အခြေနေ ကြေညာမယ့် အလားလာ သိပ်မရှိဘူးလို့ သိရပါတယ်။
အရှေ့ကြည့်မူဝါဒကို အဓိကတိုးမြှင့်ဆောင်ရွက်နေတဲ့ အိန္ဒိယအစိုးရက အိမ်နီးချင်း မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်း ကွပ်ကဲမှုကို တာဝန်ယူဆောင်ရွက်ဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
ကနေဒါနိုင်ငံမှာ လက်ရှိ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားဆဲဖြစ်တဲ့ ရဲရင့် (ခေါ်) ကိုသန်းစိုးဟာ ကနေဒါအစိုးရက မြန်မာနိုင်ငံကို ပြန်ပို့မယ့်အရေးနဲ့ ရင်ဆိုင်နေရတာကြောင့် လူ့အခွင့်အရေး လှုပ်ရှားသူအဖြစ် လက်ခံပြီး သူ့ကို ပြန်မပို့ဖို့ ကြိုးစားနေကြောင်း ကနေဒါနိုင်ငံ အခြေစိုက် သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့က မူလတန်းကျောင်းတကျောင်းမှာ အဆောက်အဦပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတယောက်က တူတလက်နဲ့ လျှောက်ပြီးထုနှက်ခဲ့လို့ ကျောင်းသား ၂၀ ဒဏ်ရာရသွားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာတရုတ်သမ္မတ Xi Jinping နဲ့ ၄ ရက်ကြာဆွေးနွေးဖို့ တရုတ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ Kim Jong Un နဲ့ဇနီးသည် Ri Sol Ju အပြင် ထိပ်တန်းအရာရှိတချို့ပါလာတဲ့ အထူးရထားဟာ ဒီကနေ့ အင်္ဂါနေ့မနက်က ဘေဂျင်းမြို့တော်ကို ဆိုက်ရောက်လာခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim ဟာ အဖွဲ့ကို ၆ နှစ်ကြာ ဦးဆောင်ခဲ့ပြီးတဲ့နောက် ရာထူးက နုတ်ထွက်မယ့်အကြောင်း တနင်္လာနေ့က ရုတ်တရက် ကြေညာလိုက်ပါတယ်။
အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ စာမှုဆိုင်ရာ အခက်အခဲတွေနဲ့ အမျိုးသားလုံခြုံရေး ပဋိပက္ခဆိုင်ရာ ကိစ္စရပ်တွေအတွက် အင်္ဂါနေ့ည ဝါရှင်တန် ဒီစီ ဒေသစံတော်ချိန် ည ၉ နာရီမှာ တိုင်းပြည်ကို မိန့်ခွန်း ပြောကြားမယ်လို့ သမ္မတ Donald Trump က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် လယ်သမားတွေအတွက် ဂျပန်အစိုးရက ၂၀၂၀ ဒီဇင်ဘာလအထိ အမေရိကန် ဒေါ်လာ ၅ သန်း ပံ့ပိုးကူညီမှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု Los Angeles မြို့မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ၇၆ ကြိမ်မြောက် Golden Globes ဆုပေးပွဲမှာ အကောင်းဆုံး Drama ရုပ်ရှင် ဇတ်ကားဆုကို ''Bohemian Rhapsody" ရရှိသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်