စစ်တွေမြို့တွင်းမှာ ဒီနေ့နေ့လယ်ပိုင်းက ကျောင်းသားတွေဦးဆောင်ပြီး မြန်မာစစ်တပ်အလိုမရှိ၊ ပြည်နယ်အစိုးရထွက်သွားဆိုပြီး အစိုးရဆန့်ကျင်ရေးလှည့်လည်ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။ ဦးဆောင်ဆန္ဒပြသူ ကျောင်းသားလေးဦးကို သက်ဆိုင်ရာရဲအာဏာပိုင်တို့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ကိုဗစ်ကပ်ရောဂါကိုပါ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်မှာ ရောဂါအန္တရာယ်ကို မကြောက်နိုင်ပဲ စားဝတ်နေရေးပြဿနာကို ဖြေရှင်းနေရသူတွေ အများကြီးရှိပါတယ်။ ဘာအလုပ်အကိုင်မှ လုပ်မရလို့ စစ်တွေက ကိုသိန်းအောင် အမှိုက်ပုံကနေ ဝင်ငွေရအောင်လုပ်ရပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုသက်နိုင် တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၄ဦးကို တပ်မတော်က ဖမ်းဆီးထားတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေပါတယ်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ယောက်ကို လက်နက်ကိုင်တွေ ဖမ်းဆီးသွားတဲ့ ကိစ္စနဲ့ပတ်သက်လို့ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေ စိုးရိမ်နေတဲ့အကြောင်း ပြောပြပါမယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ကိုယ်စားလှယ်လောင်း ၃ ဦးကို လက်နက်ကိုင်တချို့က ဖမ်းဆီးသွားတဲ့အတွက် ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ထွက်ပေါ်လာတဲ့အကြောင်း ပြောပြပါမယ်။
ရှေ့လကျင်းပမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မိုဘိုင်းလက်ကိုင်ဖုန်းတွေမှာ အလွယ်တကူ ကြည့်နိုင်မယ့် app တခုကို ရွေးကောက်ပွဲ ကော်မရှင်က မိတ်ဆက်လိုက်ပါတယ်။ ရွေးကောက်ပွဲ အကြောင်း သိချင်သူတွေအတွက် ဒီ app က ဘယ်လောက်အထိ အသုံးဝင်ပါသလဲ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုသက်နိုင် တင်ပြပေးပါမယ်။
ကိုဗစ်ကပ်ရောဂါနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အသွားအလာ ကန့်သတ်ထားတဲ့အတွက် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့လကစပြီး အခုအထိ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံနေရတဲ့ အကြောင်းပြောပြပါမယ်။
စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ စွဲချက်နဲ့စစ်တွေမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးနောက်တဦးကို တပ်မတော်က စနေနေ့က ဖမ်းဆီးသွားကြောင်း ဇနီးဖြစ်သူက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့်နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရမယ့် မဲဆန္ဒရှင်တွေအတွက် သတင်းအချက်တွေ ရနိုင်ဖို့ မိုဘိုင်းလက်ကိုင်ဖုန်း Application ကို ဒီတပတ်ထဲမှာပဲ စတင်အသုံးပြုခွင့်ပေးလိုက်ပေမဲ့ လက်တွေ့သုံးဖို့ အခက်ကြုံနေရတဲ့ ရခိုင်ပြည်နယ်က အခြေအနေကို ပြောပြပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ် မြို့သစ်ရပ်ကွက်မှာ နေထိုင်သူ့ အသက် ၃၅ နှစ်အရွယ် ဦးအေးကျော်ဟာ AA လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးနေစဉ် မနေ့တုန်းကပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကြုံနေရချိန်မှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးအန္တရာယ်ကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးကြရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်နဲ့ ကျောက် တော်မြို့နယ်က ဒေသခံတွေ ထွက်ပြေးကြရတာပါ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ ကိုသက်နိုင် တင်ပြပေးထားပါတယ်။
ကပ်ရောဂါနဲ့ စစ်ဘေးသင့်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေး ကန့်သတ်ချက်တွေကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် စစ်ရှောင်ဒုက္ခသည်တွေ အခက်တွေ့နေပါတယ်။
ရသေ့တောင်မြို့နယ်အတွင်းမှာ ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေတာကြောင့် မိုးစဲကျွန်းဒေသမှာရှိတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံကျေးရွာသားတွေဟာ စစ်တွေမြို့နယ်အပါအဝင် တစ်ခြားနီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေလည်း ဆက်လက် ဖြစ်ပွားနေတာကြောင့် ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့်အခြေအနေအပေါ် စိုးရိမ်နေကြပါတယ်။
ကိုဗစ်ကပ်ဘေး ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေ ဆက်လက်ကြီးထွားနေတာကြောင့် ထိခိုက်သေဆုံးမှုတွေ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ဒီကနေ့အထိ တိုးလာနေဆဲဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒေသခံတွေ လုံခြုံရေးရော၊ကပ်ဘေးအန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ပါ ရင်ဆိုင်နေရတဲ့အကြောင်းကိုသက်နိုင်ကတင်ပြပေးမှပါ။
ကိုဗစ်ကပ်ဘေး ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေ ဆက်လက်ကြီးထွားနေတာကြောင့် ထိခိုက်သေဆုံးမှုတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ဒီကနေ့အထိ တိုးလာနေဆဲဖြစ်ပြီး၊ လုံခြုံရေးရော၊ ကပ်ဘေးအန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ပါ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ကိုယ်တိုင်သွားရောက်သတင်းယူထားတဲ့အကြောင်း တင်ပြပေးပါမယ်။
ရသေ့တောင်မြို့နယ် ရွှေလောင်းတင် ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ ၂ လလောက်တောင် မလိုတော့တဲ့ အချိန်မှာပဲ ကပ်ရောဂါကူးစက်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ မရှိန်မလျော့သေးတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးဖို့ မလွယ်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၇ နာရီဝန်းကျင်လောက်မှာ နယ်ထိန်းရဲအရာရှိ တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဆေးရုံတင်ထားရတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။
ရခိုင် ဆန္ဒပြကျောင်းသားသုံးယောက်နဲ့ ပတ်သက်လို့ စစ်တွေ မြို့မရဲစခန်းရှေ့မှာ လူအများ သွားရောက် စုဝေးခဲ့ကြတဲ့ မြင်ကွင်း။ ဓာတ်ပုံ - သက်နိုင် (ဗွီအိုအေ)
နောက်ထပ်ကြည့်ရှုရန်