ဒီကနေ့မနက်ပိုင်းကလည်း ရခိုင်မြောက်ပိုင်းက မြေပုံမြို့နယ် ညောင်ကန်ကျေးရွာမှာ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီးတော့ မူလတန်းက ဆရာမတစ်ဦးအပါအဝင် ကလေးနှစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်မှာ မနေ့တုန်းက ပစ်ခတ်မှုတွေအတွင်း ကျေးရွာတချို့ မီးလောင်သွားခဲ့သလို ဒေသခံတွေလည်း ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာနေရာက ကူးစက်သူအတည်ပြုလူနာ မရှိသေးတဲ့ ရမ်းဗြဲမြို့နယ်က လွဲလို့ ကျန်နေရာတွေ အားလုံးမှာ ညမထွက်ရအမိန့်တွေ ထုတ်ပြန်လိုက်ပါတယ်။
ဒီရက်ပိုင်းအတွင်း ပစ်ခတ်မှုတွေ၊ ထိခိုက်သေဆုံးမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ ကြုံနေရတဲ့ ကျောက်တော်မြို့နယ်မှာဆိုရင်လည်း လုံခြုံရေး စိုးရိမ်မှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အများအစည်းအရုံး REC ပြောခွင့်ရ ကိုဇော်ဇော်ထွန်းကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါ ကြုံနေရချိန်မှာပဲ စစ်ရေးတင်းမာမှုတွေ ကြုံနေရသလို ဒေသခံအရပ်သားတွေ ဖမ်းဆီးစစ်ဆေးခံရတာ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေလည်း ဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထိခိုက်သေကြေမှုတွေ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။
တိုက်ပွဲတွေကြား လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာက ဓာတ်အားလိုင်းတွေ ပြတ်တောက် ကုန်တာကြောင့် မနေ့ကစပြီး ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမောင်အုန်းက ပြောပါတယ်။
စစ်တွေအပါအဝင် မြောက်ဦးနဲ့ သံတွဲ မြို့နယ်တွေမှာ တစ်ပတ်ကျော်အတွင်း COVID-19 ကူးစက်ခံရသူ ၇၂ ဦးထိရှိလာသလို စောင့်ကြည့်လူနာတွေနဲ့ အသွားအလာ ကန့်သတ်ထား သူတွေလည်း တိုးလာနေချိန်မှာပဲ ရောဂါပိုးပျံ့နှံ့မှုတွေကို ထိန်းချုပ်ရေး စည်းကမ်းတွေကို ဒေသခံတွေ လိုက်နာအောင် ပြည်နယ်အစိုးရတာဝန်ရှိသူတွေ ကြိုးပမ်းနေတာပါ။
ရခိုင်ပြည်နယ်မှာ တပတ်အတွင်း COVID-19 ကူးစက်ခံရသူ ၂၀ နီးပါး ရှိလာတာကြောင့် ညမထွက် အမိန့် ထုတ်ပြန်ပြီး အသွားအလာတွေ ကန့်သတ်လိုက်သလို ကျောင်းတွေကိုလည်း ပိတ်လိုက်ရတဲ့အကြောင်း ပြောပြပါမယ်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ တပတ်အတွင်းမှာပဲ COVID-19 ရောဂါကူးစက်ခံရသူ ၆ ဦးအထိ ရှိလာနေတာကြောင့် မြို့တွင်းရပ်ကွက် တချို့မှာ အသွားအလာ ကန့်သတ်ထားသလို စစ်တွေ-ရန်ကုန် လေကြောင်းခရီးစဉ် တချို့လည်း ရပ်ထားတဲ့ အခြေအနေကို ပြောချင်ပါတယ်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ တပတ်အတွင်း COVID-19 ရောဂါပိုးကူးစက်သူ ၄ ဦးကို အတည်ပြုခဲ့ပြီးနောက် ထိတွေ့ဆက်ဆံခဲ့သူတွေကို အသွားအလာ ကန့်သတ်စောင့်ကြည့်နေပေမဲ့ သူတို့ကိုထားတဲ့ နေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေတဲ့အပေါ် စိုးရိမ်နေကြတဲ့အကြောင်း ပြောပြပေးပါမယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နောက်ထပ် ထွက်ပြေးလာရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ ယာယီခိုလှုံဖို့ မြေနေရာလျှောက်ထားတာကို ပြည်နယ်အစိုးရက ခွင့်ပြုချက်မပေးဘဲ ငြင်းဆန်လိုက်တဲ့အကြောင်း ပြောပြပါမယ်။
ရခိုင်ပြည်နယ် စစ်တွေခရိုင်နဲ့ မောင်တောခရိုင်တွေကနေ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ရိုဟင်ဂျာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦးထဲက ၄ ဦး ပယ်ချခံရတယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ အတွင်းရေးမှူးဦးကျော်စိုးအောင်က ပြောပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးထွန်းနိုင်ဦးကို သြဂုတ်လ ၁၂ ရက် မနေ့က ညနေပိုင်းက ရဲစခန်းအနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ခွဆုံကျေးရွာက ဦးစံရွှေလှိုင်ကို AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ဒီလ ၇ ရက်နေ့မှာပဲ တပ်မတော်က ဖမ်းဆီးခဲ့ပြီးနောက် ၃ ရက်အကြာမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။
စစ်တွေနဲ့ ဘူးသီးတောင် မောင်တောမြို့နယ်တွေလို မွတ်ဆလင်တွေ အများအပြားနေထိုင်ရာ ဒေသတွေမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းမှာ ရိုဟင်ဂျာအများအပြား ပါမလာတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောနေပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဒီရက်ပိုင်းအတွင်း ထပ်မံထွက်ပြေးလာနေကြရတဲ့ အခြေအနေကို ပြောပြပါမယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်တွေ အများစုရှိရာ ဒေသတွေ အပါအဝင် ပြည်နယ်မြို့တော် စစ်တွေနဲ့ ရန်ကုန်လိုမြို့ကြီးတွေမှာပါ ရိုဟင်ဂျာကိုယ်စားလှယ်တွေ ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေကြတာပါ။
လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်မြေတချို့မှာ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ယှဉ်ပြိုင်မှာ မဟုတ်ပေမဲ့ ရခိုင်နိုင်ငံရေး ပါတီတွေ အတွက်လည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်မြောက်ပိုင်းက မြို့နယ် ရှစ် ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေမှာ တနှစ်ကျော်ကြာ ပိတ်ထားတဲ့ အင်တာနက် ဆက်သွယ်မှုတွေကို ဒီလဆန်းကစ ပြန်ဖွင့်ပေးလိုက်ပေမဲ့ သုံးလို့မရဘဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်