လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အမ်းမြို့နယ် ဂျိုက်တောကျေးရွာအနီး ဒီသီတင်းပတ်ထဲမှာပဲ ၂ ရက်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ခဲ့ရာက ဒေသခံရွာသားတချို့ ထိခိုက်သေဆုံးခဲ့ကြတာပါ။
ရခိုင်ပြည်နယ်မှာ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ပါတီကနေ နုတ်ခွင့်တင်ထားပေမဲ့ တရားဝင် ခွင့်မပြုသေးတာကြောင့် လက်ရှိလွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် ရခိုင်တိုင်းရင်းသား နိုင်ငံရေးသမားတချို့ လာမယ့်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်ရမယ့် အလားအလာရှိနေပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တပ်မတော်သားတချို့ရဲ့ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့သူ အမျိုးသမီးနဲ့ ပတ်သတ်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ အတွက် ရခိုင်တိုင်းရင်းသား အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၀၀ ကျော်က တောင်းဆိုလိုက်တဲ့ အကြောင်းပြောချင်ပါတယ်။
ရခိုင်ပြည်နယ် လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဒေသခံတွေ မကြာခဏ သေကျေထိခိုက် နေကြရတဲ့အကြောင်း ကိုယ်တိုင်ကြုံရသူတွေရဲ့ ပြောပြချက်တွေကို ကိုသက်နိုင် သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်တဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ဒေသခံတွေ တိုးလာနေသလို စစ်တပ် လှုပ်ရှားမှုတွေကြောင့် စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်သူတွေ ရှိနေတဲ့အကြောင်း ပြောပြပါမယ်။
ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဒေသခံတွေ မကြာခဏ သေကြေထိခိုက်နေကြရတဲ့အကြောင်း ကိုယ်တိုင်ကြုံရသူတွေရဲ့ ပြောပြချက်တွေကို တင်ပြပေးချင်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်းက စစ်ရှောင်စခန်းတချို့မှာ ရာသီတုပ်ကွေးဖြစ်ပွားနေတယ်လို့ စစ်ရှောင် ဒုက္ခသည်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မိုးစပါးမစိုက်ပျိုးနိုင်တဲ့ လယ်ဧကတွေ ပြီးခဲ့တဲ့ နှစ်က ထက်တိုးလာတဲ့ အကြောင်းကို ပြောပြပါမယ်။
အခြေခံပညာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်ထားပေမဲ့ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာတော့ ကျောင်းတွေ ဖွင့်နိုင်မှာ မဟုတ်တဲ့အကြောင်း ပြောပြပါမယ်။
တပ်မတော်က စနေနေ့မှာပဲ ဖမ်းဆီးခဲ့တဲ့ ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာက ဒေသခံ ခြောက် ဦး ထဲက တစ်ဦးဟာ ရဲစခန်းမှာ မနေ့က သေဆုံးခဲ့တာပါ။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တပ်မတော်သားတချို့က အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့သူ အမျိုးသမီးဟာ အခုအခါ လုံခြုံရေးအတွက် စိုးရိမ်နေတဲ့အကြောင်း ပြောချင်ပါတယ်။
ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ ပြီးခဲ့တဲ့ စနေနေ့ကစလို့ သံသယနဲ့ ဖမ်းဆီးခံထားရသူ ကိုး ဦးထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာက ဒေသခံ ခြောက် ဦးကိုတော့ ပြီးခဲ့တဲ့ စနေ့မှာပဲ တပ်မတော်က ဖမ်းဆီးသွားတယ်လို့လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝန်းက သတိပေးနေချိန်မှာပဲ နောက်ထပ် သေဆုံးသူတွေလည်း ရှိနေတဲ့အကြောင်း တင်ပြပေးချင်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှာင်ဦးရေ အခုဆိုရင် ၂၀၀,၀၀၀ နီးပါးရှိနေတယ်လို့ စစ်ရှောင်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC က သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်ရေးတင်မာမှုတွေနဲ့အတူ ဒုက္ခသည် ၁၀၀,၀၀၀ ကျော်လောက် ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ မဲဆန္ဒရှင်တွေ အပြည့်အ၀ ပါဝင်ခွင့်မရနိုင်မှာကို နိုင်ငံရေး အသိုင်းအဝန်းက စိုးရိမ်နေကြတာပါ။
စစ်ရေး ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေလည်း တိုလာနေသလို ခေတ် အဆက်အဆက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေတာကြောင့် ရခိုင်ပြည်သူတွေဟာ ပြည်တွင်း ပြည်ပနိုင်ငံတွေကို ထွက်ခွာအလုပ်လုပ်ကိုင်နေကြရတဲ့ အခြေအနေကို ပြောချင်ပါတယ်။
ရသေ့တောင်မြို့နယ်တောင်ပိုင်း မူစဲကျွန်းဒေသမှာ ဆိုရင်လည်း ပစ်ခတ်မှုတွေ တပ်မတော်စစ်ကြောင်းတွေ ဝင်ထွက်သွားလာနေတာတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ရသေ့တောင်မြို့ပေါ်နဲ့ တခြားမြို့ပေါ်တွေကို ဒီကနေ့ အထိထွက်ပြေးနေကြရတယ်လို့ စစ်ရှောင်ကူညီသူ ကိုဘက္ကာက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်နဲ့ အမ်းမြို့နယ်တွေက ဒေသခံတွေဟာ ဘေးလွတ်ရာ ဆက်လက် ထွက်ပြေးနေရတာ အခုဆိုရင် ထောင်နဲ့ချီရှိနေပါပြီ။
ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်အနီးမှာ မနေ့က ညနေပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ရသေ့တောင်မြို့ပေါ်က စစ်ရှောင်တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ရသေ့တောင်မြို့ပေါ် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုဘက္ကာက ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာတဲ့ ကုန်သည်တစ်ဦးမှာ COVID-19 ရောဂါပိုး ဓာတ်ခွဲစမ်းသပ် အဖြေတွေ့ထားတာကြောင့် ရခိုင်ပြည်နယ်တွင်း ရောဂါထိန်းချုပ်ရေး တိုးမြှင့်လုပ်ဆောင်နေတဲ့ အကြောင်း ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်