ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီးမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် သုံး ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် လေး ဦး ဒဏ်ရာရရှိခဲ့တဲ့ သတင်းကို ပြောပြပေးပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ အင်တာနက်လိုင်းဖြတ်တောက်ထားတာနဲ့ ပတ်သတ်ပြီး အင်တာနက်အွန်လိုင်းပေါ်ကနေ ဦးဆောင်ကန့်ကွက်သူ ရမ်းဗြဲ လူငယ်ကွန်ယက်က လူငယ်တစ်ဦးကို ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်ထားတဲ့ အကြောင်းပြောချင်ပါတယ်။
ရခိုင်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအနီးမှာ ဒီကနေ့က မနက်ပိုင်းက အစိုးရတပ်နဲ့ AA အဖွဲ့တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် ဒေသခံအချို့ ထိခိုက်မှုရှိတဲ့အခြေအနေ ပြောပြပါမယ်။
ရခိုင်ပြည်နယ်အတွင်း၂၀၁၂ ပဋိပက္ခအတွင်းကစလို့ အိုးအိမ်စွန့်ခွာပြေးကြရသူတွေဟာ ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်တခုနီးပါး နေထိုင်နေကြရသလို၊ အခု ဖြစ်နေတဲ့ စစ်ရေပဋိပက္ခတွေကြောင့်လည်း စစ်ဘေးဒုက္ခ သည် တွေ တိုးသထက်တိုးလာနေပါတယ်။ စစ်တွေ့မြို့အနီးတဝိုက်က ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေကို ကျနော် သက်နိုင် သတင်းယူထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း၂၀၁၂ ပဋိပက္ခအတွင်းကစလို့ အိုးအိမ်စွန့်ခွာပြေးကြရသူတွေဟာ ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်တခုနီးပါး နေထိုင်နေကြရသလို၊ အခု ဖြစ်နေတဲ့ စစ်ရေပဋိပက္ခတွေကြောင့်လည်း စစ်ဘေးဒုက္ခသည်တွေ တိုးသထက်တိုးလာနေပါတယ်။
ရသေ့တောင်မြို့နယ် ရေဇိုးချောင်းဗျုးဟာအနီးက အုန်းချာင်းကျေးရွာအနီးမှာ မနေ့က ညနေပိုင်းက တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့တာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေကြရတယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအတွင်းမှာ မနေ့က ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီကနေ့ မနက်ပိုင်းက တပ်မတော်သားတွေ ကျေးရွာအတွင်း ဝင်ရောက်လာတာကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး ထွက်ပြေးနေကြရတယ်လို့ အပေါက်ဝ ဒေသခံတစ်ဦးက ပြောပါတယ်။
စိုက်ပျိုးရေးနဲ့ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြတဲ့ ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှူတွေနဲ့ လက်ရှိ covid-19 ကာလ ဈေးကွက်အခြေအနေတွေကြောင့် စစ်တွေအနီးတဝိုက် ရေလုပ်ငန်းတွေမှာ ထိခိုက်သက်ရောက်မှုတွေရှိလာတဲ့အခြေနေကို ကိုသက်နိုင် ပြောပြပါမယ်။
စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြတဲ့ ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှူတွေနဲ့ လက်ရှိ COVID-19 ကာလ ဈေးကွက်အခြေအနေတွေကြောင့် စစ်တွေ အနီးတဝိုက် ရေလုပ်ငန်းတွေမှာ ထိခိုက်သက်ရောက်မှုတွေရှိလာတဲ့ အခြေအနေကို ပြောပြပါမယ်။
စစ်တွေမြို့နယ် အတွင်းက အမြင့်ကျွန်းကျေးရွာမှာ မနေ့က ညသန်းခေါင်းကျော်အချိန်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး သုံး ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်းက ကမ္ဘောဇဘဏ်ခွဲ (၂) ကို ဒီကနေ့ ညနေ ၄ နာရီကျော်လောက်က HI-JET ကားအမျိုးအစား မော်တော်ယာဉ်တစ်စီးနဲ့ အမျိုးသားလေးဦးက လာရောက်ပြီး ဓါးပြတိုက်ခဲ့တာကြောင့် ကျပ်သိန်း ၁,၈၀၀ ကျော်ပါသွားခဲ့ပါတယ်။
တင်းမဒေသခံတွေကို တပ်မတော်ကခေါ်ဆောင်သွားတာဖြစ်ပြီး ခေါ်ဆောင်သွားပြီး နောက်ပိုင်းမှာ တင်းမကျေးရွာ အနီးအနားက မျောက်တောင်ကျေးရွာအနီးမှာ အလောင်းနှစ်လောင်းကိုတွေ့တယ်လို့လည်း တင်းမကျေးရွာသားတစ်ဦးက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက လူ ၃၈ ဦးကို ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က တပ်မတော်စစ်ကြောင်း တစ်ခုက ဖမ်းစီးခဲ့ပြီး အဲဒီထဲက ၃၃ ဦးကို တပ်ဘက်က ပြန်လွှတ်ပေးခဲ့ပြီး ငါးဦးကတော့ လက်ရှိတရားစွဲ ဆိုခံထားရသူတွေလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာတဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ ယာယီဆောက် လုပ်ထားတဲ့ လှဖိုးခေါင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ရောဂါပိုးကူးစက်ခံထားသူ တစ်ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။
ပလက်ဝမြို့နယ်မှာ နေထိုင်ကြတဲ့ ဒေသခံအများစုဟာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြတာဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ဆက်သွယ်ထားတဲ့ ကုလားတန်ရေလမ်းကြောင်းကို အသုံးပြုကာ ကုန်ပစ္စည်းတွေ ဖလှယ်ပြီး စားဝတ်နေရေးတွေကို ဖြေရှင်းနေရတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ယောက်ကို ပြီးခဲ့ မေလ ၃၁ ရက်နေ့က စစ်ဆေးစရာ ရှိတယ်ဆိုပြီး တပ်မတော်က ခေါ်ဆောင်သွားပြီး တပ်မတော်ဗိုလ်တစ်ဦးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ နှစ်ရက်အတွင်း မူးယစ်ဆေးဝါး ဆေးပြား သန်းတဆယ်နီးပါး ဖမ်းမိခဲ့ပြီး အဲဒီမူးယစ်ဆေးဝါးရောင်းဝယ်မှုတွေမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ARSA အဖွဲ့တို့ ပါဝင်နေတယ်လို့ တပ်ဘက်က စွပ်စွဲထားတာကို ပြောပြပါမယ်။
ရခိုင်ပြည်နယ်အတွင်းက အမ်းမြို့နယ်မှာ မနေ့က မနက်ပိုင်းက ရုတ်တရက် လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်လဲကျပြီး လေဆိပ်လုံခြုံရေးယူနေတဲ့ တပ်မတော်သား တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောပါတယ်။
ရခိုင်မြောက်ပိုင်း မင်းပြားမြို့နယ်အတွင်းက မင်းရွာကျေးရွာက နှစ်ယောက်နဲ့ သန်းပုန်းချောင်းကျေးရွာသား သုံး ဦးဟာ ၂၀၂၀ ခုနှစ် အစောပိုင်းကတည်းက ပျောက်ဆုံးသွားပြီး ၃ လလောက်အကြာမှာ သူတို့ရဲ့အလောင်းကို ပြန်တွေ့ခဲ့တယ်လို့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေက ပြောဆိုကြပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက အောက်မီးလက်ဝကျေးရွာဟာ မနေ့က မီးရှို့ခံခဲ့ရတာဖြစ်ပြီး အိမ်ခြေ ၄၀ ကျော်လောက် မီးလောင်သွားတယ်လို့ အောက်မီးလက်ဝ ဒေသခံ ဦးဝှေ့ပက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်