မင်္ဂလာဒုံမြို့မဈေးနဲ့ မင်္ဂလာဒုံ တပ်မတော် ဆေးတက္ကသိုလ်ကြားမှာရှိတဲ့ တပ်မြို့ စည်ပင်ပိုင်မြေထဲက ဆိုင်ခန်းပေါင်း ၁၀၀ နီးပါးကို ၁၅ ရက်အတွင်း ဖယ်ရှားပေးရမယ်လို့ မင်္ဂလာဒုံတပ်မြို့စည်ပင်ဌာနက ဒီရက်ပိုင်းထဲမှာ အသိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
ရုရှားနဲ့ မြန်မာကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာဆိုရင် အမေရိကန် ဒေါ်လာ အပေါ် အားပြုရမှု လျော့သွားစေရေး စစ်ကောင်စီရဲ့ ကြိုးပမ်းမှု အဖြစ် စီးပွားရေး အသိုင်းအဝိုင်းက ရှုမြင်ကြပါတယ်။
အဲဒီ အချိန်မှာ ရူဘဲလ်နဲ့ ကျပ် တိုက်ရိုက်ပေးချေနိုင်ရေး ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး စီးပွားရေး မရေရာမှုတွေကြားမှာ ရွှေဝယ်ယူမှု များလာပြီး ရွှေဈေးကလည်း တက်ပြီးရင်း တက်နေပါတယ်။
ကမေ ္ဘာဒီးယား နိုင်ငံတွင်းမှာ တရုတ်ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေ အတွင်းမှာ အာရှတလွှားက အလုပ်သမားတွေကို လူကုန်ကူးနေတယ်ဆိုတဲ့ သတင်းတွေ လနဲ့ချီ ထွက်ပေါ်လာပြီး ကိုင်တွယ် ဆောင်ရွက်မယ့်အကြောင်း အစိုးရက ကတိပြုပါတယ်။ ဗွီအိုအေ ခမာ ဌာနရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
ရုရှားရဲ့ သမိုင်းမှာ အရေးကြီးတဲ့ အချိန်မှာဘဲ ဆိုဗီယက် ခေါင်းဆောင် Mikhail Gorbachev ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီလ်း နိုင်ငံရဲ့ ကော်ဖီ ထုတ်လုပ်မှု အများစုက ပြည်ပ တင်ပို့မှု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အထူးထုတ် ကော်ဖီ တံဆိပ်သစ်တွေနဲ့ ပြည်တွင်း ဈေးကွက်ကလည်း ကြီးထွားလာနေပါတယ်။
အလုပ်အကိုင် ရရှိရေးအတွက် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေကို သွားရောက်ရင်း လိမ်ညာလှည့်ဖျားမှုတွေနဲ့ မိပြီး အဓမ္မခိုင်းစေခံနေရတဲ့ ဟောင်ကောင် ပြည်သူတွေ ဌာနေပြန်လာနိုင်ရေး ကြိုးစားနေကြောင်း ဟောင်ကောင်တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုတုန်းက တရုတ်ရဲ့ စက်မှုလုပ်ငန်းတွေနဲ့ စီးပွားရေး မောင်းနှင်အားက ကမ ္ဘာကို အံ့သြမင်သက်စေခဲ့ပြီး တနှစ်ကို ၁၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့တာပါ။
စစ်ကိုင်းတိုင်းဒေသကြီးထဲက ဒီပဲယင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေအပေါ် စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနေရာတွေမှာ တိုက်ပွဲမရှိဘဲ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပင်လယ် ရေကြောင်း တင်ပို့မှုမှာ နောက်ထပ် အမှာသစ် ရဖို့ မသေချာသလို နယ်စပ် ကုန်သွယ်ရေးမှာလည်း ပို့ကုန်တန်ဖိုး သတ်မှတ်ချက်ကို အမေရိကန် ဒေါ်လာနဲ့ ပြောင်းလဲလိုက်တာကြောင့် ကုန်သွယ်ရေး ကျနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ငတ်မွတ်မှု၊ စားနပ်ရိက္ခာ မလုံခြုံမှုနဲ့ အဟာရမပြည့်ဝမှု ပုံစံအားလုံးကို အဆုံးသတ်ရေး ကမ ္ဘာတလွှား ကြိုးပမ်းဆောင်ရွက်မှု အားလုံး နောက်ပြန်ဆုတ်သွားကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ FAO ရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းမှာ စစ်သားနဲ့ ရဲအင်အား အတော်များများချထားပြီး မြို့အဝင်အထွက် စစ်ဆေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့ညနေပိုင်းက ပစ်ခတ်သံတွေ ထွက်ပေါ်ပြီးနောက် ဒေသခံကို မြန်မာစစ်တပ်က လိုက်လံဖမ်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့အထိ ပုဏ္ဏားကျွန်းမြို့ပေါ်က ဖမ်းဆီးခံထားရသူ ဆယ်ဦးထက်မနည်း ရှိနေပြီး တစ်ချို့က စစ်တွေစစ်ကြောရေးမှာ စစ်ဆေးနေပါတယ်။
အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုမျိုးနဲ့ နိုင်ငံသားတွေရဲ့ နိုင်ငံရေး အခွင့်အရေးကိုသာ လွတ်လပ်စွာ အသုံးချခွင့် မရဘူးဆိုရင်တော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ ပိုပြီး ကျယ်ပြန့်လာမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်က တနလာၤနေ့မှာ သတိပေးလိုက်ပါတယ်။
အဆင်းရဲဆုံး နိုင်ငံတွေမှာ အခြေခံ ကုန်စည်ဈေးနှုန်းတွေ တက်လာပြီး အကြွေးတွေ များလာတဲ့ ရင်ဆိုင် ရုန်းကန်နေရချိန်မှာ ကိုရိုနာကပ်ဘေး အစပိုင်းက စလို့ ကမ ္ဘာ့ ကုဋေကြွယ် သူဌေးကြီးတွေရဲ့ ကြွယ်ဝမှုကတော့ ဒေါ်လာ ထရီလီယံနဲ့ချီ တိုးလာနေပါတယ်။ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ရာသီဥတု လွန်ကဲမှုရဲ့ ရိုက်ခတ်မှုတွေကြောင့် အသက်ဆုံးရှုံးရမှုနဲ့ ကူးစက်ရောဂါတွေ၊ ရွှေ့ပြောင်း အခြေချမှု၊ ဒေါ်လာ သန်းထောင်ပေါင်း ရာချီ စီးပွားရေး အရ ဆုံးရှုံးရမှုတွေကို ဦးတည်စေပြီး ဒီနှစ် အထိ ဆိုးကျိုး သက်ရောက်စေပါတယ်။ AP သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ရုရှားနိုင်ငံ အပေါ် မကြုံစဖူး ဒဏ်ခတ် ပိတ်ဆို့မှုချမှတ်ထားတာနဲ့ အတူ စီးပွားရေး ပညာရှင် အများအပြားကတော့ ရူဘဲလ် ငွေကြေးကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။ ရုရှားရဲ့ ရူဘဲလ် ငွေကြေးနဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ သက်ရောက်တွေကိုတော့ မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်