ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံက နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေ ပိုဆိုးနိုင်တယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ မြန်မာနိုင်ငံက ပြည်တွင်း ဒုက္ခသည်တွေကတော့ ကိုဗစ်ကပ်ရောဂါကို အာရုံမစိုက်နိုင်ကြဘူးလို့ပြောပါတယ်။
မန္တလေးတိုင်း ငါန်းဇွန်မြို့က ရဲကင်းစခန်းတခုနဲ့ ပဲခူး ညောင်လေးပင်မြို့က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်ကတော့ ငါန်းဇွန် ရဲကင်းစခန်းတိုက်ခိုက်ခံရတယ်ဆိုတာ အတည်ပြုပေမယ့်၊ ညောင်လေးပင်အဝင်က ရဲကင်းတိုက်ခိုက်ခံရတယ်ဆိုတာကတော့ မမှန်ကန်ဘူးလို့ တုန့်ပြန်ထား
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်အနီးမှာ စစ်တပ်ယာဉ်တန်းကို ကချင်လက်နက်ကိုင်အဖွဲ့ KIA က နေရာ နှစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေက တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မိုးမောက်မြို့နယ် မြို့သစ်၊ စီဟတ်၊ ကုန်းလောဘက်တွေမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ငြိမ်သက်နေေ
ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းထားခဲ့တဲ့ တပ်မတော်သား စစ်သုံ့ပန်း ၉ ဦးအပါအဝင် စုစုပေါင်း ၂၃ ဦးကို AA အဖွဲ့က ပြန်လွတ်ပေးလိုက်ပါတယ်။ အဲဒီထဲမှာ ၂၀၁၉ အောက်တိုဘာလတုန်းက ရွှေနဒီ အမြန်ယာဉ်ပေါ်ကနေ ဖမ်းဆီးခံရသူ ၁၄ ယောက်လည်း ပါပါတယ်။
မြန်မာပြည်နဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့အတွက် ထိုင်းနိုင်ငံအစိုးရက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကမ်းလှမ်းထားပါတယ်။ ဒီကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ တွေ့ဆုံဖွယ်အလားအလာရှိ
ကချင်ပြည်နယ် ရွှေကူမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်တွေ ဖမ်းမိပြီးနောက် စစ်ဆေးရှာဖွေမှုတွေကို စစ်ကောင်စီတပ်တွေက တိုးမြှင့်လုပ်နေပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နဲ့ဆက်စပ်ပြီး ဒေသခံ ၁၀ ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။
ကယားပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ သောင်းနဲ့ချီ ရှိမယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။ အဲ့ဒီထဲမှာ စစ်တပ်ကို လက်နက်ကိုင်တိုက်မယ်ဆိုတဲ့ ခံယူချက်နဲ့ ထွက်ခွာသွားတဲ့ လူငယ်တွေလည်း ရာနဲ့ချီပါဝင်ပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ကချင်လွတ်မြောက်ရေးတပ် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး မြစ်ကြီးနား - ဗန်းမော်ကားလမ်းမှာ ဖြတ်သွားတဲ့ စစ်ကောင်စီယာဉ်တန်းကို KIA က ဒီကနေ့ မနက်က ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကား ၄ စီး ထိခိုက်ခဲ့
NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နှစ်ရက်ကြာအွန်လိုင်းဆွေးနွေးပွဲအပြီး လောလောဆယ် စစ်ကောင်စီနဲ့ ဆွေးနွေးမှာ မဟုတ်သေးကြောင်းနဲ့ CRPH၊ NUG တို့နဲ့ ညှိနှိုင်းဆောင်ရွက်ရေး ဆောင်ရွက်သွားရေးမူကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးအဖွဲ့ PPST ကဆုံးဖြတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါအတည်ပြုလူနာ မေလ ၂၇ ရက်နေ့မှာ ၁၀၀ နီးပါးအထိ ရှိလာတာကြောင့် ကူးစက်မှုပြန်များလာတဲ့အခြေအနေကို သတိထားပြီး သွားလာနေထိုင်ကြဖို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက သတိပေးထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကနေ သိန္နီဘက်အထွက် နမ့်ပါချီးရွာအနီး၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စက်သုံးဆီတင်ယာဉ် တစီးကို ကချင်လက်နက်ကိုင် KIA က ဒီနေ့မနက်အစောပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု စီးပွားရေးပြန်လည် နာလန်ထရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက်တွေရအောင် ကြိုးစားဖို့ ဒီသတင်းပတ်အတွင်း သမ္မတ Joe Biden လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ သမ္မတ Biden နဲ့ လွတ်တော်အမတ်တွေ ဆွေးနွေးကြတာပါ။ Michelle Quinn ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြပါ့လိ့မ်မယ်။
ဒီသတင်းပတ်ထဲမှာပဲ ကိုရိုနာဗိုင်းရပ်ကူးစက်မှုတွေ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံကနေ ရောက်လာမယ့်သူတွေကို အမေရိကန်ပြည်ထောင်စုက စတင်ကန့်သတ်လိုက်ပါတယ်။ တချိန်တည်းမှာ သမ္မတ Joe Biden အစိုးရက အိန္ဒိယနိုင်ငံအတွက် ဆေးဘက်ဆိုင်ရာ အကူအညီအထောက်အပံ့တွေ ပေးပို့နေပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ဗုဒ္ဓဟူးနေ့ည သမ္မတ Joe Biden အထက်နဲ့ အောက်လွှတ်တော်နှစ်ရပ်စလုံးကို ပထမဆုံးအကြိမ် ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် ပြည်ထောင်စု အခြေခံ အဆောက်အအုံတွေ တည်ဆောက်ရေးနဲ့ အလုပ်အကိုင် ဖန်တီးရေးကို အဓိက ပြောပါတယ်။ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
သမ္မတ Joe Biden က အမေရိကန်ပြည်ထောင်စု လွှတ်တော်နှစ်ရပ်ရှေ့ မိန့်ခွန်းပြောကြာဖို့ စီစဉ်နေပါတယ်။ ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန် ခေါင်းဆောင်တွေကတော့ အကြောင်းအရာတော်တော်များများ သမ္မတ Biden ပြောဆိုမယ်လို့ မျှော်လင့်နေကြတဲ့အကြောင်း Michelle Quinn ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ သွေးမြေကျမှုတွေ အဆုံးသတ်ပြီး အခြေအနေ ပိုမဆိုးအောင် အာဆီယံ အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်တွေ နည်းလမ်းရှာနေတဲ့ အချိန်မှာပဲ လမ်းမတွေပေါ်မှာ ကလေးငယ်တွေနဲ့ မိန်းခလေးတွေ အပါအဝင် လူ ၇၀၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ နိုင်ငံတကာက ထောက်ပြနေပါတယ်။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေ အဆုံးသတ်အောင် နည်းလမ်းရှာရေး အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပမယ့် အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေရဲ့အစည်းဝေးမှာ ဒေသတွင်းအဖွဲ့အစည်းအပေါ် မကြုံခဲ့ဘူးတဲ့ အကဲစမ်းမှုတွေနဲ့ စောင့်ကြည့်မှုတွေ ရှိနေရတယ်လို့ လေ့လာ သုံးသပ်သူတွေ ပြောဆိုပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာ တဝှမ်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တဲ့ လူမည်းအမျိုးသား George Floyd သေဆုံးခဲ့မှုမှာ တရားစွဲခံထားရတဲ့ လူဖြူရဲအရာရှိဟောင်းကို စွဲဆိုထားတဲ့အမှု မနေ့က Minnesota ပြည်နယ်မှာ အပြီးသတ် လျှောက်လဲချက်တွေ စတင်ကြားနာပါတယ်။ Michelle Quinn ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
ရန်ကုန်မြို့အတွင်း ရဲတပ်ဖွဲ့စစ်ဆေးရေး ဂိတ်တွေကနေ ဖြတ်သန်းသွားလာသူတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးပြီး ငွေတောင်းခံတာ၊ ရိုက်နက်တာတွေ လုပ်နေတဲ့အကြောင်း ကိုယ်တိုင်ငွေပေးခဲ့ရတဲ့ သာကတေမြို့ခံ တယောက်က VOA ကို ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု ပြည်နယ်အများစုက မြန်မာတိုင်းရင်းသားပေါင်းစုံ စနေနေ့က ဝါရှင်တန်ဒီစီ မြို့တော်မှာ စုဝေးကာ တရုတ်သံရုံးနဲ့ မြန်မာစစ်သံရုံးတို့ကို ကန့်ကွက်ဆန္ဒပြကြပြီး အမေရိကန်လွတ်လပ်ရေးကျောက်တိုင်ကွင်း ကို ချီတက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်