မကြာခင် ကုန်ဆုံးတော့မယ့် ၂၀၂၄ ခုနှစ်ကို ပြန်ပြောင်းကြည့်တဲ့အခါ ကမ္ဘာတလွှား စစ်မက်ဖြစ်ပွားတာတွေ၊ နိုင်ငံရေး အပြောင်းအလဲတွေ၊ ကပ်ဘေးအန္တရာယ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ သတင်းတွေမှာ လွှမ်းမိုးနေတာ တွေ့ရပါတယ်။ ဒီသတင်းတွေကို ကိုအောင်လွင်ဦးက စုစည်းပြီး မမြသဇင်အောင်နဲ့အတူ တင်ပြထားပါတယ်။
TNLA ရဲ့ ဒုတိယလှိုင်း စစ်ဆင်ရေးဟာ တခြား တော်လှန်ရေးအင်အားစုတွေနဲ့အတူ နယ်မြေတွေ တိုးချဲ့သိမ်းပိုက်လာတာနဲ့အမျှ၊ စစ်ကောင်စီ ဆက်လက်ရပ်တည်နိုင်ရေး အလားအလာ နည်းလာတယ်လို့ သုံးသပ်မှုတွေ ရှိလာပါတယ်။ ဒီအကြောင်း အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးအောင်လွင်ဦး နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးထားကြပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးမှုတွေကို တဖက်သတ် ဖော်ပြခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီ တုံ့ပြန်ချက်နဲ့ ပတ်သက်လို့ ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို ကိုအောင်လွင်ဦး ဆက်သွယ်မေးမြန်း ထားပါတယ်။
ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်အတွင်းက စစ်ပြေး ဒုက္ခသည်တထောင်ကျော်ဟာ မနေ့က စပြီး နေရပ်ပြန်နေကြပါပြီ။ ပြည်နယ်ကောင်စီက ငွေကျပ်ငါးသိန်းနဲ့ ဆန်ရိက္ခာတွေ ထောက်ပံ့ပေးတယ်လို့လည်း ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုအောင်လွင်ဦး က တင်ပြပေးပါမယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ကြီးထွားလာနေတဲ့ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် နိုင်ငံတကာ ပြဿနာတွေကြောင့် အာရုံစိုက်မှုတွေ လျော့မသွားဖို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
အာဏာသိမ်းတာ ၁ နှစ်ပြည့်အဖြစ် အသံတိတ်သပိတ် မှာပူးပေါင်းပါဝင်သူ၊ သပိတ်မှာ ပါဝင်လာဖို့ စည်း ရုံးသူ တွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်တွေက ဥပဒေနဲ့ညီပါရဲ့လား ဆိုတာနဲ့ပတ်သတ် လို့ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုအောင်လွင်ဦးကပြောပြပေးမှာပါ။
ယူကရိန်းအရေးနဲ့ ပတ်သက်လို့ သံတမန်ရေး နည်းလမ်း သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ရင်ဆိုင်မလားဆိုတာ ရုရှားနိုင်ငံကို ရွေးချယ်ခွင့် ပေးထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောလိုက်ပါတယ်။ ကိုအောင်လွင်ဦး ကကောက်နှုတ်ပြောပြပေးမှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ စစ်ဆေးတဲ့ပစ္စည်း လိုအပ်ချက်တွေလည်း မြင့်တက်လာနေပါတယ်။ စမ်းသပ်စစ်ဆေးတဲ့ ပစ္စည်းတွေဟာ လက်တွေ့ထိရောက်မှု ရှိပါသလား? ကျွမ်းကျင်သူတွေရဲ့ အမြင်တွေနဲ့ ပတ်သက်လို့ ဆိုတာကို Veronica Balderas Iglesias က သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ၊ ကိုဗစ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေနဲ့ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး လယ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေ အပါအဝင် အိန္ဒိယအစိုးရဟာ ၂၀၂၁ ခုနှစ်ထဲ ပြည်တွင်း၊ ပြည်ပ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကိုအောင်လွင်ဦးက ပြောပြပေးပါမယ်။
ရှမ်းပြည်နယ်၊ ညောင်ရွှေအကျဉ်းထောင်မှာ ၈ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကမ္ဘောဇတိုင်းမ် သတင်းဌာနက သတင်းသမားသုံးဦးနဲ့ မိသားစုဝင်တဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ သောကြာနေ့မှာ တရားရုံးက ထောင်ဒဏ် သုံးနှစ်စီ ချမှတ်လိုက်ပါတယ်။ အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ နေရာတော်တော်များများမှာ တိုက်ခိုက်မှုတွေ ပေါက်ကွဲမှုတွေ မကြာခဏ ကြုံနေရပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့မှာလည်း တပတ်အတွင်း ပေါက်ကွဲမှု ၂ ကြိမ် ကြုံခဲ့ရပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ ကချင်ပြည်နယ် အင်ဂျန်ယန်မြို့နယ်က အင်ဂွမ်လ ကျေးရွာ အထက်တန်းကျောင်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ စတင်အတည်ပြုခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့အထိဆိုရင် ၄၅၀ လောက် ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို အချိန်မီ မဖြေရှင်းနိုင်ရင် ဒီထက်ပိုဆိုးလာနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဆင့်မြင့်အရာရှိက သတိပေးလိုက်ပါတယ်။ လူပေါင်းသန်းချီ စာနာမှုအကူအညီတွေ လိုအပ်နေတဲ့ အခြေအနေမှာ နိုင်ငံရေးကို ရှေ့တန်းမတင်ကြဖို့လည်း သူက တိုက်တွန်းလိုက်တာပါ။
ကမ္ဘာတဝန်း စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ အတူလက်တွဲ ရင်ဆိုင်သွားဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ အမေရိကန်သမ္မတ Joe Biden က ပြောဆိုလိုက်ပါတယ်။
ကိုဗစ်ကူးစက်သူ များလာတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်တဲ့ အခက်အခဲတွေ ရှိနေတာကြောင့် ကုသရေးပိုင်း အားနည်းတာတွေနဲ့ ပိုးတွေ့လူနာတွေကို လက်ခံကုသဖို့ ခက်ခဲနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ အမေရိကန် အခြေစိုက် မြန်မာသံရုံးဝန်ထမ်းတဦး ထပ်မံပူးပေါင်း ပါဝင်လာပါတယ်။
ဝါရှင်တန်အခြေစိုက် မြန်မာသံတမန်တွေကို စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပူးပေါင်းဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာသံအမတ်ကြီး ဦးအောင်လင်းကတော့ လတ်တလော အခြေအနေအရ ပူးပေါင်းဖို့ အခြေအနေ မပေးသေးဘူးလို့ တုံ့ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း လုပ်ရပ်ကို လက်မခံနိုင်ကြောင်း နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ သောကြာနေ့က မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကြေညာလိုက်တဲ့အပေါ် နိုင်ငံတော်တော်များများက ကြိုဆိုလိုက်ကြပါတယ်။
ဇန်နဝါရီ ၁၇၊ ၂၀၂၁ - Refugees International အဖွဲ့ကလည်း “ရိုဟင်ဂျာအရေး နိုင်ငံတကာအတိုင်းအတာနဲ့ ဦးဆောင်ဖြေရှင်းဖို့ ရွေးကောက်ခံသမ္မတ Biden အတွက် အရေးကြီးတဲ့ မူဝါဒရေးရာ အကြံပြုချက်အဖြစ်” အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး တိုက်တွန်းခဲ့တာပါ။ အစီရင်ခံစာကို ဦးဆောင်ပြုစုခဲ့တဲ့ Daniel Sullivan ကို Skype ကနေ ဆက်သွယ
နောက်ထပ်ကြည့်ရှုရန်