အရှေ့အလယ်ပိုင်းဒေသမှာ စစ်ဖြစ်နေတဲ့ ဂါဇာဒေသကို ဂုဏ်ပြုတဲ့အနေနဲ့ ဂါဇာနာမည်မှည့်ထားတဲ့ ဒရုန်းကြီးကို အီရန်က စမ်းသပ်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဟာ အီရန်အစိုးရ ထောက်ခံတဲ့ ဟားမားစ်အဖွဲ့နဲ့ အစ္စရေးတို့ကြား တိုက်ပွဲတွေကြောင့် တနှစ်ကျော်အကြာမှာ တော်တော်ပျက်စီးယိုယွင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ လာရောက်လည်ပတ်သူ အများဆုံး ပြတိုက်ဖြစ်တဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က လုဗ်ပြတိုက်မှာ Chanel ရှန်နယ်၊ Saint Laurent စိန့်လော်ရင့်နဲ့ Dior ဒီယော ဒီလို ကမ္ဘာကျော် နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်တွေရဲ့ ဒီဇိုင်နာဝတ်စုံတွေနဲ့ ဖက်ရှင်ပစ္စည်းတွေကို ပြခန်းဖွင့်လှစ်ပြသနေပါတယ်။
အရှေ့တောင်အာရှတိုက်အတွင်း တရားမဝင်လောင်းကစားဝိုင်းတွေ ဖွင့်လှစ်လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားလုပ်ငန်းရှင်တဦးကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ထိုင်းအာဏာပိုင်တွေက ငြင်းဆိုလိုက်ပါတယ်။
အွန်လိုင်းကနေငွေကြေးလိမ်လည်နေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အဓိကဂိုဏ်းကြီး ၃၆ ခု ရှိပြီး လူတသိန်း ကျော်ကို အလုပ်ခိုင်းစေနေကြောင်း ထိုင်းနိုင်ငံကိုရောက်လာတဲ့ တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး Liu Zhongyi (လျို ကျုံရီ) က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း တရားမဝင် လာရောက်နေထိုင်မှုနဲ့ ဖမ်းဆီးပြန်ပို့ခံရတဲ့ ကိုလံဘီယာနိုင်ငံသား ၁၁၀ ကို တင်ဆောင်လာတဲ့ ကိုလံဘီယာ လေတပ်ဂျက်လေယာဉ်ဟာ ဒေသစံတော်ချိန် ဒီကနေ့ ဇန်နဝါရီ ၂၈ ရက် အစောပိုင်းမှာ ပြန်လည် ဆင်းသက်လာဖို့ရှိပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းငွေကြေး လိမ်လည်တဲ့ ဂိုဏ်းတွေလက်ထဲကကယ်တင်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ဟောင်ကောင်ဒေသခံ အမျိုးသား ဒီနေ့ နေရပ်ပြန်ရောက်သွားပြီဖြစ်တဲ့အကြောင်း ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ သောကြာနေ့က သူ့ကို ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ကယ်တင်ခဲ့တာလို့ Hong Kong Free Press သတင်းစာမှာ ဖေါ်ပြပါတယ်။
သိုးနဲ့ဆိတ် ကျောက်ရောဂါ၊ ခွာနာလျှာနာတို့လို မွေးမြူရေးတိရစ္ဆာန်တွေမှာ ရောဂါကူးစက်မှု အန္တရာယ်စိုးရိမ်တာကြောင့် အာရှ၊ အာဖရိကနဲ့ ဥရောပနိုင်ငံတွေက သိုး၊ ဆိတ်၊ ကြက်၊ ဘဲနဲ့ တခြားတိရစ္ဆာန်အသားတွေတင်သွင်းခွင့် တရုတ်နိုင်ငံက တားမြစ်လိုက်ပါတယ်။
တရုတ်နိုင်ငံသား ၇ ယောက်ကို ပြန်ပေးဆွဲ ငွေတောင်းဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းရဲ ၄ ယောက်၊ ရိန်ဂျာလက်နက်ကိုင် လုံခြုံရေးအဖွဲ့ဝင်တယောက်နဲ့ မြန်မာနိုင်ငံသာ တယောက်အပါ စုစုပေါင်း လူ ၈ ယောက်ကို အရေးယူထားကြောင်း မနေ့က ဇန်နဝါရီလ ၂၆ ရက်နေ့ ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးပါတယ်။
တရုတ် ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xing Xing ကို ထိုင်း-မြန်မာနိုင်ငံနယ်စပ် အွန်လိုင်းကငွေလိမ်တဲ့ ဂိုဏ်းတွေလက်ထဲရောက်အောင် ဖျားယောင်းပို့ဆောင်ခဲ့ရာမှာ အဓိကပါဝင်ခဲ့တယ်လို့ သံသယရှိသူတဦးကို ထိုင်းနိုင်ငံအကူအညီနဲ့ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ သမ္မတ Yoon Suk Yeol ကို ဆူပူအုံကြွမှုမှာ အဓိကဦးဆောင်သူအဖြစ် အစိုးရရှေ့နေတွေ ဒီကနေ့ပဲ တရားဝင် စွဲချက်တင်လိုက်ပါတယ်။ တာဝန်ဆိုင်းငံ့ထားပြီး ဖမ်းဆီးအရေးယူ ခံထားရတဲ့ သမ္မတကို ဆက်လက် ထိန်းသိမ်းထားဖို့လည်း အမိန့်ထုတ်ခဲ့တာပါ။
ဂါဇာကမ်းမြှောင်ဒေသက ပါလက်စတိုင်း ဒုက္ခသည်တွေကို ဂျော်ဒန်၊ အီဂျစ်နဲ့ တခြားအာရပ်နိုင်ငံတွေက ပိုမိုလက်ခံပြီး၊ စစ်ဒဏ်သင့်ဒေသကို အသစ်ဖြစ်အောင် ရှင်းလင်းပစ်လိုကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ လမ်းပေါ်က အတားအဆီးတွေကို ကျော်လွှားပြီး ဝင်ရောက်လာကြတဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့ရာက ဒီကနေ့ တနင်္ဂနွေနေ့မှာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဌာနက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်