တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ သမ္မတ Yoon Suk Yeol ကို ဆူပူအုံကြွမှုမှာ အဓိကဦးဆောင်သူအဖြစ် အစိုးရရှေ့နေတွေ ဒီကနေ့ပဲ တရားဝင် စွဲချက်တင်လိုက်ပါတယ်။ တာဝန်ဆိုင်းငံ့ထားပြီး ဖမ်းဆီးအရေးယူ ခံထားရတဲ့ သမ္မတကို ဆက်လက် ထိန်းသိမ်းထားဖို့လည်း အမိန့်ထုတ်ခဲ့တာပါ။
ဂါဇာကမ်းမြှောင်ဒေသက ပါလက်စတိုင်း ဒုက္ခသည်တွေကို ဂျော်ဒန်၊ အီဂျစ်နဲ့ တခြားအာရပ်နိုင်ငံတွေက ပိုမိုလက်ခံပြီး၊ စစ်ဒဏ်သင့်ဒေသကို အသစ်ဖြစ်အောင် ရှင်းလင်းပစ်လိုကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ လမ်းပေါ်က အတားအဆီးတွေကို ကျော်လွှားပြီး ဝင်ရောက်လာကြတဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့ရာက ဒီကနေ့ တနင်္ဂနွေနေ့မှာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဌာနက ပြောပါတယ်။
အာဖဂန်နစ္စတန်က တာလီဘန်အာဏာပိုင်တွေဟာ အမျိုးသမီးကျောင်းသူတွေကို အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှာ အဆင့်မြင့်ပညာဆက်လက်သင်ကြားနိုင်ဖို့ ခွင့်ပြုပြီး သူတို့နဲ့ အတူ အမျိုးသားအုပ်ထိန်းသူတွေ လိုက်နိုင်ဖို့လည်း ခွင့်ပြုခဲ့ကြောင်း ဒီအကြောင်းအရာကို သိရှိထားတဲ့ တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအတွက် အရေးပါတဲ့ဌာနဖြစ်တဲ့ အမိမြေလုံခြုံရေးဝန်ကြီးအဖြစ် တောင်ဒါကိုတာပြည်နယ် အုပ်ချုပ်ရေးမှူး Kristi Noem ကို ဆီးနိတ် အထက်လွှတ်တော်က စနေနေ့က အတည်ပြုလိုက်ပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချသူတွေ နှိမ်နင်းရေးအစီအစဥ်မှာ အရေးပါတဲ့ကဏ္ဍကနေ ဦးဆောင်ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဆိုက်လုံးမုန်တိုင်းဒဏ်၊ ရေကြီးတဲ့ဒဏ်နဲ့ ပူလှိုင်းဒဏ်စတဲ့ ပြင်းထန်လှတဲ့ ရာသီဥတုဒဏ်တွေကြောင့် နိုင်ငံပေါင်း ၈၅ နိုင်ငံက ကလေးငယ်ပေါင်း ၂၄၂ သန်းရဲ့ ပညာရေးဟာ အခက်အခဲ အဟန့်အတားတွေ ဖြစ်ခဲ့ရတယ်လို့ UNICEF က သောကြာနေ့တုန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုက ပေးနေသမျှ နိုင်ငံတကာ ကူညီထောက်ပံ့မှုအားလုံးနီးပါးကို ရပ်ဆိုင်းရမယ်လို့၊ ပေါက်ကြားလာတဲ့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ရဲ့ ရုံးတွင်းပေးစာမှာ ညွှန်ကြားထားပါတယ်။
Hamas အဖွဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ အစ္စရေးအမျိုးသမီးငယ် ၄ ယောက် ဒီနေ့ ပြန်လွတ်လာပါတယ်။ ၂၀၂၃ အောက်တိုဘာတုန်းက အစ္စရေးဒေသတွေထဲ Hamas စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ပြီး ဖမ်းဆီးသွားတဲ့ အမျိုးသမီး ၄ ယောက် အခုတော့ အစ္စရေးကို ပြန်ရောက်သွားကြပါပြီ။
ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီယားနိုင်ငံ နယ်စပ်ဒေသတွေမှာ တရှိန်ထိုးကြီးမားကျယ်ပြန့်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းနိုင်ဖို့ ထိုင်းနဲ့ တရုတ် ညှိနှိုင်းရေးရုံးတခုကို ဘန်ကောက်မြို့မှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
ဆိုမာလီယာ နိုင်ငံမှာ ၂၀၂၂ ခုနှစ်ကစပြီး မိုးခေါင်ရေရှားမှုဒဏ် အကြီးအကျယ်ခံစားရတာကြောင့် သေဆုံးခဲ့ရသူ အနည်းဆုံး ၇ သောင်း ၁ ထောင် လောက်ရှိမယ်လို့ နောက်ဆုံး လေ့လာချက်အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
တရုတ်နှစ်သစ်ကူးပွဲတော်အားလပ်ရက်ဟာ ဇန်နဝါီ ၂၈ ရက်မှာ စတင်တော့မှာ ဖြစ်ပြီး ဒီအားလပ်ရက် ကာလ အတွင်း လူပေါင်း ဘီလီယံနဲ့ ချီပြီး ခရီးသွားလာကြမယ်လို့ ခန့်မှန်းထားပါတယ်။
ရုရှားတပ်တွေရဲ့ သောကြာည ဒရုန်းနဲ့ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် ယူကရိန်း ၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့သလို စီးပွါးရေးနဲ့ လူနေ အဆောက်အဦတွေ ပျက်စီးခဲ့ရတယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်