အစ္စရေး-ဟားမတ်စ် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ ဟားမတ်စ်ဘက် ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက နောက်ထပ် ၃ ဦးကို ဒီကနေ့ စနေနေ့မှာ ဟားမတ်စ်က ထပ်လွှတ်ပေးလိုက်ပါတယ်။
ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန် တိုးကောက်မိန့် ဒီနေ့ စနေနေ့မှာ ထုတ်ပြန်မယ်လို့ အိမ်ဖြူတော်က သောကြာနေ့က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့် ၆ လအတွင်း လူသားချင်းစာနာမှု အကူအညီ လိုနေတဲ့ ပြည်သူ ၁ သန်းနီးပါးအတွက် ဗြိတိန်အစိုးရက ကျန်းမာရေးဆိုင်ရာ ထပ်တိုးကူညီထောက်ပံ့သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းထားတာကို ဆန့်ကျင်တဲ့အနေနဲ့ ဒီနေ့ ၄ နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အာရှတလွှားက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို ချိတ်ဆက်လုပ်နေတဲ့ Milk Tea Alliance လူငယ်တွေ ဦးဆောင်လုပ်ခဲ့တာပါ။
မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီး မရှိပေးနိုင်အောင် ခွင့်ပြုဖို့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက တောင်းဆိုလိုက်ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေထံ ရောက်နေတဲ့ တရုတ်နိုင်ငံသား ၅ ဦးဟာ ဇန်နဝါရီလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ဘက်ကို ထွက်ပြေးလွတ်မြောက်လာတယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကနေဒါနဲ့ မက္ကဆီကိုက တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို အခွန် ၂၅ % ကောက်ခံမှာ ဖြစ်သလို တရုတ်ကလာတဲ့ ကုန်ပစ္စည်းတွေအတွက် အခွန် ၁၀% ကောက်ခံမှာဖြစ်ပြီး ဒါဟာ စနေနေ့မှာ စတင် အကျိုးသက်ရောက်မှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာ ပြောပါတယ်။
ဂါဇာ အပစ်ရပ်ရေး သဘောတူညီချက်အရ အစ္စရေးနဲ့ ဟားမတ်စ်တွေကြား အကျဉ်းသား လဲလှယ်ရေး အစီအစဉ် စတုတ္ထ အသုတ်အဖြစ် ဟားမတ်စ်တွေဘက်က ဓါးစာခံ ၃ ဦးနဲ့ အစ္စရေးဘက်က ပါလက်စတိုင်းအကျဉ်းသား ၉၀ ကို စနေနေ့မှာ ထပ်လွှတ်ပေးမယ်လို့ ဟားမတ်စ်ကရော အစ္စရေးကပါ အတည်ပြုပါတယ်။
ကနေဒါနဲ့ မက္ကဆီကိုက တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို အခွန် ၂၅ % ကောက်ခံမှာ ဖြစ်သလို တရုတ်ကလာတဲ့ ကုန်ပစ္စည်းတွေအတွက် အခွန် ၁၀% ကောက်ခံမှာဖြစ်ပြီး ဒါဟာ စနေနေ့မှာ စတင် အကျိုးသက်ရောက်မှာဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာ ပြောပါတယ်။ အခုလို အခွန်ကောက်ခံမှုအတွက် ဖြေလျှော့မှုရှိမရှိတော့ ထုတ်မပြောပါဘူး။
တရုတ်နိုင်ငံက DeepSeek startup ကုမ္ပဏီက ဒီလထဲမှာ သူ့ရဲ့ AI မော်ဒယ်ကို ထုတ်ပြလိုက်တဲ့အခါ တကမ္ဘာလုံးက အတော်လေးအံ့အားသင့်ခဲ့ကြပါတယ်။ တရုတ်က AI ကုမ္ပဏီတွေဟာ အရင်းအမြစ်နည်းနည်းနဲ့ Silicon Valley က ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲ။
မနီလာမြို့တော်က စီးပွားရေးအချက်အချာကျတဲ့ Makati အရပ်မှာ အွန်လိုင်းဂိမ်းလုပ်ငန်းလိုအသွင်ဆောင်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတခုကို ရာဇဝတ်ဂိုဏ်း တိုက်ဖျက်ရေးကော်မရှင် PAOCC နဲ့ ဖိလစ်ပိုင် စုံစမ်းစစ်ဆေးရေးဗျူရိုက တပ်ဖွဲ့ဝင်တွေက လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်ရှာဖွေပြီး လူ ၁၀၀ ဝန်းကျင်ကိုဖမ်းဆီးခဲ့တာပါတယ်။
နောက်ထပ်ကြည့်ရှုရန်