အမေရိကန်အစိုးရက ယူကရိန်း-ရုရှားစစ်အဆုံးသတ်ဖို့ ကြားဝင်ပေးနေချိန် နေအိမ်တွေဆုံးရှုံးထားတဲ့ ယူကရိန်းပြည်သူတွေ ဘဝသစ်ပြန်စဖို့အတွက် ကူညီနေတဲ့ စီမံကိန်းလေးတခုအကြောင်း ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
Australia နိုင်ငံ အရှေ့တောင်ပိုင်း ရေပိုင်နက်လွန်မှာ တရုတ်ရေတပ်သင်္ဘောတွေ ကျည်အစစ်သုံး လေ့ကျင့်မှုတွေလုပ်နိုင်တယ်ဆိုတဲ့သတိပေးမှုကြောင့် လေကြောင်းလိုင်းတချို့ လမ်းကြောင်းပြောင်း ပျံသန်းခဲ့ကြပါတယ်။
မလေးရှားက အွန်လိုင်းငွေလိမ်ဂိုဏ်း (၁၇) ခုကို ဗုဒ္ဓဟူးနေ့ညက ရဲတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက် ဖမ်းဆီးခဲ့တာမှာ မြန်မာနိုင်ငံသားသုံးယောက်အပါအဝင် နိုင်ငံခြားသား (၄၆) ယောက်ကို ဖမ်းဆီးခဲ့ ပါတယ်။
ဝါရှင်တန်ဒီစီ မြို့ပြင်မှာ ၃ ရက်ကြာကျင်းပတဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးလှုပ်ရှားမှု ညီလာခံ CPAC ကို ကြာသပတေးနေ့မှာ စတင်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့အတူ အာဂျင်တီးနား၊ အီတလီနဲ့ စလိုဗက်ကီးယား နိုင်ငံခေါင်းဆောင်တွေ တက်ရောက် မိန့်ခွန်းပြောကြဖို့ ရှိနေပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ Zelenskyy တို့ကြား အပြန်အလှန် ပြောဆိုမှုတွေနဲ့ တင်းမာမှုရှိခဲ့တဲ့ နောက်မှာ ကြာသပတေးနေ့ကတော့ အမေရိကန် သံတမန် Keith Kellogg နဲ့ သမ္မတ Zelenskyy တို့ မြို့တော် Kyiv မှာ တွေ့ဆုံခဲ့ကြပါတယ်။
တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတွေအပေါ် သွင်းကုန်ခွန် တိုးမြှင့်တဲ့ကိစ္စ ဥရောပသမဂ္ဂ အီးယူနဲ့ ညှိနှိုင်း နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်လို့ တရုတ် စီးပွားရေးနဲ့ ကူးသန်းသွားလာရေး ဝန်ကြီးဌာန ပြောခွင့်ရက ကြာသပတေးနေ့က ပြောပါတယ်။
တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတွေအပေါ် သွင်းကုန်ခွန် တိုးမြှင့်တဲ့ကိစ္စ ဥရောပသမဂ္ဂ အီးယူနဲ့ ညှိနှိုင်း နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေတဲ့အကြောင်း တရုတ် စီးပွားရေးနဲ့ ကူးသန်းသွားလာရေး ဝန်ကြီးဌာန ပြောခွင့်ရက ကြာသပတေးနေ့က ပြောပါတယ်။
၃ နှစ်ကြာနေပြီဖြစ်တဲ့ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ Volodymyr Zelenskyy တို့ကြား အပြန်အလှန် ပြောဆိုမှုတွေနဲ့ တင်းမာမှုရှိခဲ့တဲ့နောက်မှာ ကြာသပတေးနေ့ကတော့ အမေရိကန် သံတမန် Keith Kellogg နဲ့ သမ္မတ Zelenskyy တို့ မြို့တော် Kyiv မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဖမ်းဆီးထားစဥ်သေဆုံးသွားတဲ့ အစ္စရေးဓားစာခံ ၄ ဦးရဲ့ ရုပ်အလောင်းကို Hamas စစ်သွေးကြွအဖွဲ့က အစ္စရေးကို ဒီနေ့ ပြန်ပေးခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Khan Younis မြို့မှာ အလောင်းတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ Red Cross လက်ထဲ လွှဲပေးခဲ့တာဖြစ်ပါတယ်။
အလတ်တန်းစား ဖုန်းစျေးကွက်ထဲက ဖုန်းဝယ်သူတွေကို ပြန်လည်ဆွဲဆောင်နိုင်ဖို့ အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယ စျေးကွက်တွေမှာ ယှဉ်ပြိုင်နိုင်ဖို့ Apple ကုမ္ပဏီက iPhone 16e ကို ဗုဒ္ဓဟူးနေ့မှာ မိတ်ဆက်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခအဖြေရှာရေး အာဆီယံအဖွဲ့ကြီးရဲ့ ဘုံသဘောတူညီချက်တွေကို ပြန်လည် အသက်သွင်းနိုင်အောင် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တို့ဟာ ဘရူနိုင်းစော်ဘွား Hassanal Bolkiah နဲ့ ဘရူးနိုင်ငံမှာ အင်္ဂါနေ့က တွေ့ဆုံ ဆွေးနွေးကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကနေ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်နေကြတဲ့ လုပ်ငန်းတွေကို အမြစ်ဖြတ်ဖို့ တရုတ်အစိုးရအနေနဲ့ ထိုင်းနဲ့ မြန်မာအပါအဝင် နိုင်ငံစုံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရ Guo Jiakun က ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်