မြန်မာနိုင်ငံဘက်က အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေမှာ လူကုန်ကူးခံထားရသူတွေ လက်ခံဖို့ ထိုင်းအစိုးရအနေနဲ့ ပြင်ဆင်ထားကြောင်း ဒါပေမယ့် ဒီလူအားလုံးကို လက်ခံဖို့တော့မဖြစ်နိုင်ကြောင်းလည်း ဒီကနေ့ ဖေဖေါ်ဝါရီ ၁၂ ရက် ဗုဒ္ဓဟူးနေ့မှာ ထိုင်း ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ပြောပါတယ်။
မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်နွယ်ပတ်သက်နိုင်ခြေစုံစမ်းစစ်ဆေးဖို့ Tak ခရိုင် နယ်ခြားဒေသက လူသိများတဲ့ ရဲချုပ်အဆင့်တာဝန်ရှိသူနှစ်ယောက်ကို ဘန်ကောက်ဌာနချုပ်မှာ တာဝန် ရွှေ့ပြောင်းထမ်းဆောင်ဖို့ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ Kittharath Punpetch က အမိန့်ထုတ်ကြောင်း ဘန်ကောက်ပို့စ်မှာရေးပါတယ်။
မြန်မာနိုင်ငံ နယ်စပ်အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့ အစီအစဉ် တစိတ်တပိုင်းအဖြစ် လျှပ်စစ်နဲ့စက်သုံးဆီအပြင် မြန်မာနိုင်ငံကိုတင်သွင်းနေတဲ့ ကုန်ပစ္စည်း ၁၁ မျိုးလောက်ကို ထိုင်းနိုင်ငံကကန့်သတ်မယ့်သတင်းကြောင့် ကုန်သည်တွေ စိုးရိမ်နေကြပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေရဲ့ သားကောင်အဖြစ် ထိခိုက်နစ်နာသူတွေထဲမှာ အမေရိကန်နိုင်ငံသားတွေလည်း ပါဝင်တဲ့အတွက် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ ထိုင်းအစိုးရ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း ထိုင်းတရားရေးဝန်ကြီးက ပြောဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာမှာရေးသားထားပါတယ်။
စွပ်စွဲ ပြစ်တင်ခံထားရတဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ် (Yoon Suk Yeol) ပြောသလိုမဟုတ်ဘဲ ရွေးကောက်ပွဲက ရိုးသား ဖြောင့်မတ်တယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသား ရွေးကောက်ပွဲ ကော်မရှင် (NEC) က ကာကွယ်ပြောဆိုလိုက်ပါတယ်။
စနေနေ့ နေ့လည်မှာ ဓားစာခံတွေကို ဟားမတ်စ်အဖွဲ့က ပြန်မလွှတ်ရင် ဂါဇာကို ပြန်တိုက်မယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် နေတန်ယာဟုက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဂျော်ဒန်ဘုရင် ဒုတိယမြောက် Abdullah ကို အိမ်ဖြူတော်မှာ အင်္ဂါနေ့က လက်ခံတွေ့ဆုံပြီး ဂါဇာကို ခရီးသွားလုပ်ငန်းနေရာအဖြစ် ပြောင်းဖို့ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံဘက်က အွန်လိုင်း လိမ်လည်ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး လူမှောင်ခိုကူးရာမှာ မသင်္ကာမှုနဲ့ ရဲဗိုလ်ချုပ် Ekkarat Intasueb နဲ့ Samrit Aimkamol တို့ကို ဘန်ကောက် ရဲဌာနချုပ်ကို ချက်ချင်းလာရောက်ဖို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ Kittharath Punpetch က ဒီကနေ့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ ဆင့်ခေါ်လိုက်တာပါ။
“နိုင်ငံတကာ ဆက်ဆံရေးနဲ့ပတ်သက်လို့ ရိုမေးနီးယားနဲ့ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အပြန်အလှန်ပြောဆိုဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်တွေနဲ့ ကြိုးပမ်းမှုတွေကိုလည်း ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံမှာရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားမျှတမှု ရရှိအောင်လည်း လုပ်နိုင်မှာပါ။” (မလေးရှားဝန်ကြီးချုပ်)
ပါလက်စတိုင်းတွေ ဂါဇာကိုပြန်လာဖို့ သူ့ အဆိုပြု အစီအစဥ်အောက်မှာတော့ အခွင့်အရေး မရှိဘူး လို့ အမေရိကန်သမ္မတ ထရမ့်က တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်းဝင်နိုင်ငံတွေက နိုင်ငံသားတွေ တရုတ်နိုင်ငံ ဆစ်ဆောင်ပနား(Xishuangbanna) ဒေသကို အုပ်စုလိုက်အလည်လာကြမယ်ဆိုရင် ဒီကနေ့ကစလို့ ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ကြောင်း တရုတ်နိုင်ငံက ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်