ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa က လုပ်စရာရှိတာတွေ အများကြီး လုပ်သွားပြီးပြီဆိုပေမဲ့ ခုထက်ပိုပြီး အားကောင်းအောင် မြန်မြန်ဆန်ဆန်နဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ဖို့ လိုတယ်လို့ မနေ့က Brussels မှာလုပ်ခဲ့တဲ့ ဥရောပ ခေါင်းဆောင်တွေရဲ့ ကာကွယ်ရေးဆိုင်ရာ တရက်တာ ထိပ်သီးအစည်းအဝေးမှာ ပြောလိုက်ပါတယ်။
“ အခု တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသကလူတွေ လိမ်လည်ခံနေရတဲ့ကိစ္စမှာလည်း သက်ဆိုင်ရာသံရုံးတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ တကယ်တော့ ထိုင်းကိုဖြတ်ပြီး မြန်မာနိုင်ငံထဲကိုဝင်သွားခဲ့ ကြတာဆိုတော့ ထိုင်းနိုင်ငံအနေနဲ့ တာဝန်ရှိနေပါတယ်။” (ထိုင်းတရားသူကြီးPol. Col. Thawee Sodsong)
တိုင်ဝမ်ကျွန်းက အစိုးရရုံးတွေမှာ တရုတ်ကုမ္ပဏီပိုင် DeepSeek ဉာဏ်ရည်တု (AI) နည်းပညာကို မသုံးကြဖို့ ဒီကနေ့ တနင်္လာနေ့မှာ တားမြစ်လိုက်ပါတယ်။ အစောပိုင်းမှာ အသုံးမပြုသင့်ဘူးလို့ သတိပေးခဲ့ရာက အခုနောက်ဆုံး လုံခြုံရေးအတွက်အန္တရာယ်ရှိတယ်ဆိုပြီး တားမြစ်လိုက်တာပါ။
အမေရိကန်သမ္မတ Donald Trump ဟာ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေကသွင်းကုန်တွေကို အခွန်တိုးကောက်ဖို့ကြေညာအပြီး ရက်ပိုင်းအတွင်းမှာပဲ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဒီနေ့ စကားပြောဖို့ စီစဉ်ထားပါတယ်။ တရုတ်နိုင်ငံကတော့ တန်ပြန်တာအပါအဝင် တခြားအစီအစဉ်တွေနဲ့ပါ တုံ့ပြန်မယ်လို့ ပြောထားတာပါ။
ဥရောပတိုက်မှာ ရုရှားရန်ကာကွယ်ရေးနဲ့ အမေရိကန်သမ္မတ Donald Trump က ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေအပေါ် သွင်းကုန်ခွန်တိုးမြှင့်တဲ့ကိစ္စတွေကို ဆွေးနွေးဖို့ ဥရောပသမဂ္ဂ (EU) နိုင်ငံက ခေါင်းဆောင်တွေ Belgium နိုင်ငံ Brussels မြို့မှာ ရောက်နေကြပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်အခြမ်းမှာရှိနေတဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကို ရောင်းချပေးနေတဲ့ လျှပ်စစ်ဓာတ်အားတွေဖြတ်တောက်ဖို့ မဆုံးဖြတ်ခင် သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို အစိုးရအနေနဲ့ အရင် ထည့်သွင်း စဉ်းစားဖို့လိုအပ်ကြောင်း ထိုင်းတာဝန်ရှိသူတွေက ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပြောပါတယ်။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းက ဖော်ပြပါတယ်။
အမေရိကန်သမ္မတ Donald Trump က တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့အပေါ် သွင်းကုန်အခွန်တွေ တိုးကောက်မယ်လို့ ကြေညာလိုက်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေအကြား စိုးရိမ်မှုတွေထွက်ပေါ်ပြီး နိုင်ငံတကာကအစုရှယ်ယာဈေးတွေ ဒီကနေ့ ကျဆင်းခဲ့ပါတယ်။
အခုလို ဆော်ဒီနိုင်ငံကို သွားလိုက်တဲ့အတွက် ဆီးရီးယားအစိုးရအနေနဲ့ ဒေသတွင်းမှာ အီရန်ဟာ သူတို့ရဲ့ အဓိကမဟာမိတ်နိုင်ငံ မဟုတ်တော့ဘူးဆိုတာကို ပြသဖို့ ကြိုးစားတဲ့အနေနဲ့ သွားရောက်တာ ဖြစ်နိုင်ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ တွေ့ဆုံရာမှာ အီရန်အပေါ် တန်ပြန်တာ၊ အာရပ်နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး တိုးချဲ့တာတွေနဲ့အတူ ဟားမတ်စ်တွေအပေါ် အောင်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ကနေဒါနဲ့ မက္ကစီကိုနိုင်ငံတွေက သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံအပေါ် ၁၀ ရာခိုင်နှုန်း လာမယ့်အင်္ဂါနေ့ကစ ကောက်ခံမယ့်အမိန့်ကို သမ္မတ Donald Trump မနေ့ စနေနေ့က လက်မှတ်ထိုးလိုက်ကြောင်း သမ္မတအိမ်ဖြူတော်က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်