ဖမ်းဆီးထားစဥ်သေဆုံးသွားတဲ့ အစ္စရေးဓားစာခံ ၄ ဦးရဲ့ ရုပ်အလောင်းကို Hamas စစ်သွေးကြွအဖွဲ့က အစ္စရေးကို ဒီနေ့ ပြန်ပေးခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Khan Younis မြို့မှာ အလောင်းတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ Red Cross လက်ထဲ လွှဲပေးခဲ့တာဖြစ်ပါတယ်။
အလတ်တန်းစား ဖုန်းစျေးကွက်ထဲက ဖုန်းဝယ်သူတွေကို ပြန်လည်ဆွဲဆောင်နိုင်ဖို့ အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယ စျေးကွက်တွေမှာ ယှဉ်ပြိုင်နိုင်ဖို့ Apple ကုမ္ပဏီက iPhone 16e ကို ဗုဒ္ဓဟူးနေ့မှာ မိတ်ဆက်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခအဖြေရှာရေး အာဆီယံအဖွဲ့ကြီးရဲ့ ဘုံသဘောတူညီချက်တွေကို ပြန်လည် အသက်သွင်းနိုင်အောင် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တို့ဟာ ဘရူနိုင်းစော်ဘွား Hassanal Bolkiah နဲ့ ဘရူးနိုင်ငံမှာ အင်္ဂါနေ့က တွေ့ဆုံ ဆွေးနွေးကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကနေ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်နေကြတဲ့ လုပ်ငန်းတွေကို အမြစ်ဖြတ်ဖို့ တရုတ်အစိုးရအနေနဲ့ ထိုင်းနဲ့ မြန်မာအပါအဝင် နိုင်ငံစုံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရ Guo Jiakun က ပြောကြားလိုက်ပါတယ်။
UAE နိုင်ငံ သမ္မတ Sheikh Mohammed bin Zayed Al Nahyan က ပါလက်စတိုင်းတွေကို သူတို့ရဲ့ မြေပေါ်ကနေ ရွှေ့ပြောင်းစေမယ့် ကြိုးပမ်းချက်မှန်သမျှကို လက်မခံနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က အဘူဒါဘီကို လာရောက်လည်ပတ်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရိုဘီယို (Marco Rubio) ကို ပြောလိုက်ပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ “ရွေးကောက်ပွဲ မရှိတဲ့ အာဏာရှင်” ဆိုပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
အငြင်းပွားနေတဲ့တောင်တရုတ်ပင်လယ်ပြင်အတွင်း ပြီးခဲ့တဲ့နေ့က ကင်းလှည့်နေတဲ့ဖိလစ်ပိုင် လေယာဉ်အနီး တရုတ်ရေတပ်ရဟတ်ယာဉ်တစင်း အန္တရယ်ဖြစ်လောက်အောင် အနီးကပ် ပျံသန်းခဲ့တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ရေး ယူကရိန်းကိုအမေရိကန်အနေနဲ့ လုံခြုံရေးအာမခံချက် ပေးရမယ်ဆိုတာကိုနား လည်သဘောပေါက်တယ်လို့ ယူကရိန်းမြို့တော် Kyiv ကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတရဲ့ယူကရိန်းဆိုင်ရာ အထူးကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးဟောင်း Keith Kellogg က ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက်က ကယ်တင်ထားသူ ၇,၀၀၀ ရှိပြီး သူတို့ကို ထိုင်းနိုင်ငံကိုလွှဲပြောင်းပေးဖို့ စောင့်ဆိုင်းနေကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဒီနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှငါးနိုင်ငံကို ခရီးသွားမယ့် ခရီးသည်တွေ အနေနဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေရဲ့ အန္တရာယ်ကို သတိထားဖို့ ထိုင်ဝမ် ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
စနေနေ့မှာ ဓားစာခံ အစ္စရေးလ်လူမျိုး ၆ ယောက်နဲ့ ကြာသပတေးနေ့မှာ သေဆုံးသွားသူ ၄ ယောက်ရဲ့ အလောင်းတွေကို ပြန်လွှဲပေးမယ်လို့ ဟားမတ်စ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ရဲ့ အဆိုပြုချက်နဲ့အပြိုင် ပါလက်စတိုင်းတွေကို မရွှေ့ဘဲ ဂါဇာ ပြန်လည် တည်ဆောက်ရေး အဆိုပြုချက်တရပ်ကို အီဂျစ်နိုင်ငံက ရေးဆွဲနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်