ထိုင်း-မြန်မာနယ်စပ်ဒေသအခြေစိုက်ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေလုပ်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဒေသတွင်းမှာ အမြစ်ပြတ်သွားအောင်ရှင်းနိုင်ဖို့ တရုတ်ကသက်ဆိုင်တဲ့နိုင်ငံတွေနဲ့ တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်နေတယ်လို့ သောကြာနေ့ ပုံမှန်သတင်းစာရှင်းပွဲအတွင်း ပြောခွင့်ရ Lin Jian ကပြောပါတယ်။
“Funding က HIV နဲ့ TB ကိုလည်း အများဆုံး ဆေးကုဖို့ပေးနေတာဖြစ်တဲ့အတွက်ကြောင့် HIV ဆေး တွေ ပြတ်သွားရင် သူတို့က ဒုက္ခတွေရောက်မယ်၊ တီဘီဆေးပြတ်သွားလို့ရှိရင် multi-drug resistance တွေ ဖြစ်လာနိုင်တယ်။" (ဒေါက်တာ စင်သီတင်ဦး- ယခင် Relief International/Save the Children )
တရုတ်နိုင်ငံကိုလာလည်နေကြတဲ့ ထိုင်းလူမျိုးတွေ လုံခြုံနွေးထွေးတဲ့ ခံစားမှုမျိုးရကြသလို တရုတ်လူမျိုးတွေလည်း ထိုင်းနိုင်ငံကို ကိုယ့်အိမ် ကိုယ့်ယာလို ခံစားမှုမျိုးနဲ့ လာလည်ကြဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံမှာရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ပြောပါတယ်။
ပါကစ္စတန်နိုင်ငံအတွင်း အခြေခံ အဆောက်အအုံ နဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေ လုံခြုံမှု ရှိအောင် ဆောင်ရွက်ပေးပါမယ်လို့ ပါကစ္စတန်အစိုးရက တရုတ်ကို အာမခံ ပြောကြားလိုက်ပါတယ်။
အီရန်က ရေနံစည်တွေ သန်းနဲ့ချီ တရုတ်နိုင်ငံကို တင်ပို့ရာမှာ ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာ ကွန်ရက်တွေကို ပစ်မှတ်ထားပြီး အီရန် ရေနံလုပ်ငန်းအပေါ် ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုသစ် ချမှတ်လိုက်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေညာပါတယ်။
ပါကစ္စတန်နိုင်ငံမှာ အလုပ် လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေ ဘေးကင်း လုံခြုံမှု ရှိအောင် ဆောင်ရွက်ပေးပါမယ်လို့ ပါကစ္စတန်အစိုးရက တရုတ်ကို အာမခံ ပြောကြားလိုက်ပါတယ်။ တရုတ်အစိုးရကလည်း ပါကစ္စတန်ရဲ့ အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ကူညီပေးသွားမယ့်အကြောင်း ကမ်းလှမ်းခဲ့ပါတယ်။
ဒုက္ခသည်ခေါ်ယူရေး အစီအစဉ်တွေကို အမေရိကန်က ဆိုင်းငံ့ထားတဲ့အတွက် အရဲစွန့်ပြီး ထွက်ခွာဖို့ကြိုးပမ်းတာတွေကို မလုပ်ကြဖို့ မလေးရှားမှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုနှိမ်နှင်းဖို့ နယ်စပ်က နယ်မြေငါးနေရာကို လျှပ်စစ်မီးဖြတ်တောက်မယ်လို့ မြန်မာစစ်ကောင်စီကို ကြိုတင်အကြောင်းကြားခဲ့ပေမဲ့ တစုံတရာအကြောင်းမပြန်ကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ Phumtham Wechayachai က ထိုင်းရုပ်သံ Channel 22 ကို ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီခရိုင် ရွှေကုက္ကိုဒေသက အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေရဲ့သားကောင်ဖြစ်ခဲ့ရတဲ့ တရုတ်နိုင်ငံသား ၃၉ ဦး အပါအဝင် နိုင်ငံခြားသား ၆၁ ဦးကို ဒီကနေ့ နေ့လယ် ၁၂ နာရီ ကျော်မှာ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား (၂) ကနေ နယ်ခြားစောင့်တပ် BGF က ထိုင်းဘက်ကို ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။
တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်ညာငွေရှာနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပြတ်ပြတ်သားသား နှိမ်နှင်းနေတဲ့ ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်း ဘေဂျင်းမြို့တော်မှာရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နဲ့ ဒီနေ့ ကြာသပတေးနေ့ တွေ့ဆုံစဉ် သမ္မတ Xi Jinping က ပြောပါတယ်။
သမ္မတထရမ့်က ပနားမားတူးမြောင်းကို "မိုက်မဲတဲ့လက်ဆောင်" လို့ ပြောပြီး "ပြန်သိမ်းမယ်" လို့ ကတိပြုထားလို့ အခြေအတင်တွေ ဖြစ်နေကြတာပါ။ ပနားမားနိုင်ငံကတော့ ဒီကိစ္စကို ကန့်ကွက်ပြီး ကုလသမဂ္ဂကို တိုင်ကြားထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပနားမားကို သွားရောက်တာမှာ ဒီကိစ္စက အဓိကဆွေးနွေးတာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်