တောင်ကိုရီးယားမှာ တရုတ်ကုမ္ပဏီပိုင် DeepSeek ဉာဏ်ရည်တု AI အပလီကေးရှင်းသုံးခွင့်ကို ဆိုင်းငံ့လိုက်ပါတယ်။ ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာစိုးရိမ်မှုတွေကြောင့် ဒီ app ကို download လုပ်လို့မရအောင်ပိတ်ထားတယ်လို့ တောင်ကိုရီးယား အချက်အလက်ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက တနင်္လာနေ့မှာပြောတာပါ။
ယူကရိန်းစစ်ပွဲအရေးနဲ့ပတ်သက်တဲ့ အရေးပေါ်အစည်းအဝေးကို ပြင်သစ်သမ္မတ Emmanuel Macron ကမကထလုပ်ပြီး ဥရောပခေါင်းဆောင်တွေနဲ့ ဒီကနေ့ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့မှာ ပဲရစ်မှာ တွေ့ဆုံ ဆွေးနွေးဖို့ရှိပါတယ်။
မြန်မာနိုင်ငံထဲ တရားမဝင်,ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုနဲ့ KK Park နယ်မြေတွေက ဥပဒေမဲ့ရာဇဝတ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူ ၁,၀၃၀ ကို မကြာသေးခင်က ဖော်ထုတ်ဖမ်းဆီးမိခဲ့ပြီး အခု သက်ဆိုင်ရာနိုင်ငံအသီးသီးကို ပြန်ပို့လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဟာ ယူကရိန်း-ရုရှားစစ် အဆုံးသတ်ရေး ရုရှား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေချိန်မှာပဲ ဒီကနေ့ ဖေဖေါ်ဝါရီ ၁၇ ရက် တနင်္လာနေ့မှာ ဆော်ဒီအာရေးဘီးယားကို ရောက်နေပါတယ်။
မြန်မာနိုင်ငံ နယ်စပ်မှာ အခြေစိုက်ထားတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေလက်ထဲ ရောက်သွားတဲ့ တရုတ်သရုပ်ဆောင်ကို လူကုန်ကူးမှုနဲ့ မသင်္ကာသူ တရုတ်နိုင်ငံသား ၁၀ ဦးကို နေရပ်ပြန်ပို့လိုက်ကြောင်း ထိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ငြိမ်းချမ်းရေးကို သွားတဲ့ဖြစ်စဥ်ဟာ အစည်းအဝေးတကြိမ်နဲ့ ဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ရုရှား ယူကရိန်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
တောင်အာဖရိက လူဖြူတချို့က အမေရိကန်သမ္မတ ထရမ့်ကို ထောက်ခံကြောင်း ပရီတိုးရီးယားမြို့တော်၊ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒ ထုတ်ဖော်ပြလိုက်ကြပြီး သူတို့ဟာ အစိုးရရဲ့ လူမျိုးရေး ခွဲခြားမှုကို ခံရသူတွေ ဖြစ်ကြတယ်လို့ ဆိုလိုက်ကြပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ အစ္စရေးနိုင်ငံအတွက် အကောင်းဆုံးမိတ်ဆွေဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ပြောလိုက်ပါတယ်။
ဩစတြီးယားနိုင်ငံ တောင်ပိုင်းမှာ ဓါးနဲ့ထိုးတိုက်ခိုက်မှု ကျုးလွန်သူဟာ အစ္စလာမ်မစ် အကြမ်းဖက်ဝါဒီ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဥရောပအနေနနဲ့ ပါဝင်ခွင့်ရမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ယူကရိန်းနိုင်ငံဆိုင်ရာ သံတမန်က မနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီက ရထားဘူတာရုံတခုမှာ လူအုပ်ပြိုရာက သေဆုံးသူ ၁၈ ယောက်ထက်မနည်း ရှိတယ်လို့ အာဏာပိုင်တွေနဲ့ သတင်းတွေက ပြောပါတယ်။ ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်ဖြစ်တဲ့ ဟိန္ဒူဘာသာရေးပွဲတော်အတွက် ရထားနဲ့ သွားမယ့်သူတွေ များလွန်းပြီး တိုးဝှေ့ရာက စနေနေ့နှောင်းပိုင်းမှာ လူအုပ်ပိခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနယ်စပ်ဒေသ အခြေစိုက်လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့ အစီအစဉ် တစိတ်တပိုင်းအဖြစ် ထိုင်းနိုင်ငံကို တရုတ်ဒုဝန်ကြီး ဒီကနေ့ပဲ ရောက်ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်