Hamas စစ်သွေးကြွအဖွဲ့က ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံတွေထဲက နောက်ထပ် ၃ ဦးကို ဒီကနေ့ စနေနေ့မှာ ထပ်မံလွှတ်ပေးလိုက်ပါတယ်။ အပြန်အလှန်အားဖြင့် အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသား ၃၀၀ ကျော်ကို ပြန်လွှတ်ပေးနေပါတယ်။
ရုရှားရဲ့ခြိမ်းခြောက်မှုနဲ့ အမေရိကန်ရဲ့ အကူအညီတွေ မသေချာ မရေရာချိန်မှာ ဥရောပအနေနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စုစည်းတဲ့ တပ်ဖွဲ့တည်ထောင်ဖို့ လိုနေပြီလို့ ယူကရိန်းသမ္မတက ပြောကြားလိုက်ပါတယ်။
Semiconductor ခေါ် တပိုင်းလျှပ်ကူးပစ္စည်း သွင်းကုန်တွေအပေါ် အခွန် ၁၀၀ ရာနှုန်းအထိ တိုးကောက်မယ်လို့ အမေရိကန်သမ္မတရဲ့ ပြောဆိုချက်အပေါ် ထိုင်ဝမ်အနေနဲ့ ချင့်ချင့်ချိန်ချိန် တုန့်ပြန်သွားမယ်လို့ ထိုင်ဝမ်သမ္မတက ပြောကြားလိုက်ပါတယ်။
ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို သိပ်အားမပေးတဲ့ နိုင်ငံတွေကြားမှာ ရှိတာကြောင့် ဥရောပက ဒီမိုကရေစီအားပေးတဲ့ နိုင်ငံတွေနဲ့ မြန်မာ့အရေးကို လက်တွဲဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဘက်အရာရှိ ၂၀ ကျော်ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်တဲ့ အကြောင်းမှာ ၂၀၁၇ ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ကျူးလွန်မှု သက်သေအခိုင်အမာရှိတာကြောင့်လို့ အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေက ဗွီအိုအေကိုပြောပါတယ်။ ရှေ့နေ Quintana ကို မအင်ကြင်းနိုင် မေးမြန်းထားပါတယ်။
ဖိလစ်ပိုင်အစိုးရက ကနေဒါ ၊ နယူးဇီလန်တို့နဲ့ ကာကွယ်ရေးဆိုင်ရာ အဓိက စာချုပ်တွေ ချုပ်ဆိုဖို့ ကြိုးစားနေတဲ့ အပြင် ဖိလစ်ပိုင်ရဲ့ အဓိက ကာကွယ်ရေးမိတ်ဘက်ဖြစ်တဲ့ အမေရိကန်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု တိုးချဲ့ နိုင်မယ့် နည်းလမ်းတွေလည်း ရှာနေတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့အမှု စွဲချက် တင်ခံထားရတဲ့ အာဏာသိမ်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အဓိကထား ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အာဂျင်တီးနားတရားရုံး ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဥရောပနိုင်ငံအစိုးရတွေဟာ ပြင်းထန်တဲ့ စိစစ်ဖြတ်တောက်မှုတွေ လုပ်နေတာဖြစ်ပေမယ့် ရွှေ့ပြောင်းအခြေချသူများအရေး သေသေချာချာကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဂျာမဏီနိုင်ငံ မြူးနစ်လုံခြုံရေးညီလာခံမှာ အမေရိကန် ဒုသမ္မတ JD Vance က ဝေဖန်ရင်း၊ ခြိမ်းခြောက်မှုအန္တရာယ်ဟာ ဥရောပတွင်းမှာပဲရှိနေတယ်လို့ သတိပေးလိုက်ပါတယ်။
ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေဆီက ကယ်တင်ခဲ့တဲ့သူတွေကို ဘယ်သူက အမှန်တကယ် လူကုန်ကူး ခံရသူဆိုတာကို ထုတ်ဖေါ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်း တော်ဝင်ရဲတပ်ဖွဲ့ RTP က ဘန်ကောက် မြို့မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေကို ဖိတ်ကြားထားတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲအရေးနဲ့ပတ်သက်ပြီး ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာကျင်းပနေတဲ့ နိုင်ငံတကာ လုံခြုံရေးညီလာခံကိုတက်ရောက်လာတဲ့ အမေရိကန်ဒုသမ္မတ JD Vance နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky တို့ ဒီကနေ့သောကြာနေ့မှာ သီးခြားတွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။
အာရှဒေသတွင်း အင်အားခိုင်မာအောင် တရုတ်က လုပ်ဆောင်နေချိန်မှာ သမ္မတထရမ့်က ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနဲ့ ဆက်ဆံရေး ခိုင်မာအောင်လုပ်ဖို့နဲ့ အမေရိကန်ရဲ့ ကာကွယ်ရေးနဲ့ စွမ်းအင်ဆိုင်ရာ ပစ္စည်းတွေရောင်းချမှုတိုးလာအောင် လုပ်ဆောင်မှာ ဖြစ်ကြောင်း ထရမ့်အစိုးရအဖွဲ့ အရာရှိတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာအမျိုးသား တဦးဖြစ်တဲ့ အောင်ကိုကို သေဆုံးမှုဟာ ထိုင်းစစ်သား တွေကြောင့်လို့ စွပ်စွဲထားတဲ့ အမှုအတွက် ပြန်လည် စုံစမ်းဖေါ်ထုတ်ဖို့ လုပ်နေပြီဖြစ်ကြောင်း သြဇာကြီးတဲ့ ထိုင်းရှေ့နေများအဖွဲ့ဖြစ်တဲ့ LCT ထိုင်းရှေ့နေများကောင်စီက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်