အစ္စရေးစစ်တပ်က သီတင်းပတ်နဲ့ချီ စစ်ဆင်နေတဲ့ အနောက်ဖက်ကမ်းဒေသက နေရာတချို့မှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်နေပြီး ရှေ့လာမယ့်နှစ်ထဲအထိ တပ်စွဲထားဖို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ရေးအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် စစ်ကောင်စီနဲ့ သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း ရုရှား စီးပွားရေးဇွံ့ဖြိုးမှုဝန်ကြီးဌာနက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
အသက်ရှုလမ်းကြောင်း ပိုးဝင်ရာက ကျန်းမာရေး ဆိုးဆိုးရွားရွား ကြုံနေရတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ညပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း အနားရခဲ့ကြောင်း ဗာတီကန်ကျောင်းတော်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့အစီအစဉ် တစိတ်တပိုင်းအဖြစ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယား အာဏာပိုင်တွေ ပူးပေါင်းပြီး ဒီနေ့ စီးနင်းရှာဖွေမှုအတွင်း နိုင်ငံခြားသား ၂၁၅ ယောက် လွတ်မြောက်လာကြောင်း တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လူမှောင်ခိုမှု ထိန်းချုပ်ဖို့ ကိစ္စတွေ အပါအဝင် မြန်မာနိုင်ငံ အကျပ်အတည်းကို တစိုက်မတ်မတ် ဖြေရှင်းမယ့်အကြောင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်ကြား တင်းမာမှုတွေ တိုးမြင့်လာနေပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ ရှေ့ရေး မရေမရာ ဖြစ်နေတဲ့ကြားမှာ ဖမ်းထားတဲ့ ဓားစာခံ ၆ ဦးကို ဟားမတ်စ်အဖွဲ့က စနေနေ့မှာ လွှတ်ပေးခဲ့ပါတယ်။
ဝါရှင်တန်မြို့တော် အနီးမှာကျင်းပတဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးလှုပ်ရှားမှုညီလာခံ CPAC ရဲ့ နောက်ဆုံးနေ့ ဖြစ်တဲ့ စနေနေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ညီလာခံ အပိတ် မိန့်ခွန်းပြောကြားခဲ့ပြီး “တိုင်းပြည်ကို ကျနော်တို့ ပြန်ရခဲ့ပြီ” လို့ ကြွေးကြော်ခဲ့ပါတယ်။
ဖက်ဒရယ်အစိုးရ ဝန်ဆောင်မှုနဲ့ ဝန်ထမ်း အရေအတွက် လျှော့ချနိုင်ရေးကို ပိုပြီး ပြင်းပြင်းထန်ထန် အရှိန်မြှင့်လုပ်ဆောင်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အစိုးရ ဌာန စွမ်းဆောင်ရည် စိစစ် အကဲဖြတ်ရေး အတွက် တာဝန်ပေးထားတဲ့ ကုဋေကြွယ် သူဌေးကြီး အီလွန်မတ်စ်ကို စနေနေ့က တိုက်တွန်းလိုက်ပါတယ်။
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်ထဲက ကလန်းမဲရူးဈေးကြီးကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ မလေးရှား အာဏာပိုင်တွေက အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ဝင်ရောက် စီးနင်းရာမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဖမ်းဆီးခံရပါတယ်။ အမှု ရင်ဆိုင်နေတဲ့ကာလမှာ နေရပ်ပြန်ပို့ဖို့အတွက် မြန်မာတွေကို လက်မှတ်ထိုးခိုင်းတာတွေ လုပ်လာပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ ပြင်ဆင်မှုတွေ စလုပ်နေပြီလို့ ရုရှားဘက်က ပြောလိုက်ပါတယ်။
Vatican မှာ တနင်္ဂနွေနေ့တိုင်း ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲကို ပုပ်ရဟန်းမင်းကြီး ဦးဆောင်မှာ မဟုတ်ဘူးလို့ Vatican တာဝန်ရှိသူတွေ ဒီနေ့ ပြောကြားလိုက်ပါတယ်။ အခုလို တနင်္ဂနွေ ဝတ်ပြုပွဲကို ပုပ်ရဟန်းမင်းကြီး Francis ဦးမဆောင်နိုင်တာ သီတင်း၂ ပတ်ဆက်တိုက် ရှိပါပြီ။
နောက်ထပ်ကြည့်ရှုရန်