အမေရိကန်သမ္မတ Donald Trump ဟာ အစ္စရေးနိုင်ငံအတွက် အကောင်းဆုံးမိတ်ဆွေဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ပြောလိုက်ပါတယ်။
ဩစတြီးယားနိုင်ငံ တောင်ပိုင်းမှာ ဓါးနဲ့ထိုးတိုက်ခိုက်မှု ကျုးလွန်သူဟာ အစ္စလာမ်မစ် အကြမ်းဖက်ဝါဒီ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဥရောပအနေနနဲ့ ပါဝင်ခွင့်ရမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ယူကရိန်းနိုင်ငံဆိုင်ရာ သံတမန်က မနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီက ရထားဘူတာရုံတခုမှာ လူအုပ်ပြိုရာက သေဆုံးသူ ၁၈ ယောက်ထက်မနည်း ရှိတယ်လို့ အာဏာပိုင်တွေနဲ့ သတင်းတွေက ပြောပါတယ်။ ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်ဖြစ်တဲ့ ဟိန္ဒူဘာသာရေးပွဲတော်အတွက် ရထားနဲ့ သွားမယ့်သူတွေ များလွန်းပြီး တိုးဝှေ့ရာက စနေနေ့နှောင်းပိုင်းမှာ လူအုပ်ပိခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနယ်စပ်ဒေသ အခြေစိုက်လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့ အစီအစဉ် တစိတ်တပိုင်းအဖြစ် ထိုင်းနိုင်ငံကို တရုတ်ဒုဝန်ကြီး ဒီကနေ့ပဲ ရောက်ရှိနေပါတယ်။
ကန်မှာ ကျင်းပတဲ့ မြန်မာ့အရေး ညီလာခံ - ၄ ကြိမ်မြောက် Spring Flowers International Conference ကို ကျင်းပရခြင်းဟာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အမေရိကန်အစိုးရက ကူညီပံ့ပိုးပေးနိုင်ရေးအတွက်ဖြစ်တတ်လို့ ညီလာခံကို ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။ ကိုယ်တိုင်သတင်းသွားယူတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပါမယ်။
အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းပြည်နယ် နေရာအတော်များများမှာ အခုသီတင်းပတ်ကုန် ရက်ပိုင်းတွေအတွင်း စိုစွတ်ပြီး ဆိုးရွား ပြင်းထန်တဲ့ ရာသီဥတု ဒဏ်ကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေ ပါဝင်တဲ့ ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် ရယူနိုင်ဖို့ ဆက်လက် အတူလက်တွဲ ဆောင်ရွက်ရေးနဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာ ရုရှားနိုင်ငံဘက်က သဘောထား မှန်မှန်ကန်ကန်နဲ့ ပါဝင်လာခြင်းမရှိရင် ထပ်ဆောင်း ပိတ်ဆို့အရေးယူဖို့ G7 နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။
စက်မှု ဖွံ့ဖြိုးပြီး G7 ဒီမိုကရေစီနိုင်ငံကြီး ၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေ ပါဝင်တဲ့ ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက်တရပ် ရယူနိုင်ဖို့ ဆက်လက်ပြီး အတူလက်တွဲ ဆောင်ရွက်ရေး စနေနေ့က သဘောတူညီခဲ့ကြပါတယ်။
Hamas စစ်သွေးကြွအဖွဲ့က ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံတွေထဲက နောက်ထပ် ၃ ဦးကို ဒီကနေ့ စနေနေ့မှာ ထပ်မံလွှတ်ပေးလိုက်ပါတယ်။ အပြန်အလှန်အားဖြင့် အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသား ၃၀၀ ကျော်ကို ပြန်လွှတ်ပေးနေပါတယ်။
ရုရှားရဲ့ခြိမ်းခြောက်မှုနဲ့ အမေရိကန်ရဲ့ အကူအညီတွေ မသေချာ မရေရာချိန်မှာ ဥရောပအနေနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စုစည်းတဲ့ တပ်ဖွဲ့တည်ထောင်ဖို့ လိုနေပြီလို့ ယူကရိန်းသမ္မတက ပြောကြားလိုက်ပါတယ်။
Semiconductor ခေါ် တပိုင်းလျှပ်ကူးပစ္စည်း သွင်းကုန်တွေအပေါ် အခွန် ၁၀၀ ရာနှုန်းအထိ တိုးကောက်မယ်လို့ အမေရိကန်သမ္မတရဲ့ ပြောဆိုချက်အပေါ် ထိုင်ဝမ်အနေနဲ့ ချင့်ချင့်ချိန်ချိန် တုန့်ပြန်သွားမယ်လို့ ထိုင်ဝမ်သမ္မတက ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်