အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး အစိတ်အပိုင်းတရပ်အဖြစ်နဲ့ အစ္စရေးတပ်ဖွဲ့တွေကို ဂါဇာဒေသရဲ့ အရေးပါတဲ့ Netzarim စင်္ကြန်ဒေသကနေ ပြန်ရုတ်သိမ်းလိုက်တယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံဘက်ကို မှောင်ခိုတင်သွင်းမယ့် နေစွမ်းအင်သုံး Solar ပြားတွေနဲ့ လောင်စာဆီတွေကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ ဒီကနေ့ပဲ ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။
ဂါဇာဒေသမှာ ၁ နှစ်ကျော်လောက် ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရကနေ လွတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသား ၅ ယောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဒီနေ့ ပြန်ရောက်လာခဲ့ပါတယ်။ အကျဉ်းသား လဲလှယ်ရေးအစီအစဉ် အစိတ်အပိုင်းတရပ်အဖြစ်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ သွင်းကုန်ခွန် တိုးကောက်မယ့် အစီအစဉ်ကနေ လွတ်လိမ့်မယ်လို့ အကောင်းမြင် မျှော်လင့်ထားကြောင်း ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba က ဒီနေ့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
နေရောင်ခြည်နဲ့ လေစွမ်းအင် တပ်ဆင်အသုံးပြုမှုတွေ အားကောင်းလာတဲ့ တရုတ်နိုင်ငံမှာ ပြန်ပြည့်မြဲစွမ်းအင် သုံးစွဲမှုတွေအတွက် အစိုးရက ထောက်ပံ့နေတာတွေကို လျှော့ချမယ့်အကြောင်း တရုတ်အစိုးရ ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နဲ့ အမေရိကန်က လုံခြုံရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်လိုက်တာက မြောက်ကိုရီးယားနိုင်ငံအတွက် စိုးရိမ်စရာ ခြိမ်းခြောက်မှုဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ပြောလိုက်ပါတယ်။
အငြင်းပွားစရာ တရုတ်သံရုံးသစ် လန်ဒန်မြို့မှာ တည်ဆောက်ဖို့ ပြင်နေတာနဲ့ပတ်သက်ပြီး တရုတ်ရဲ့ လူ့အခွင့်အရေး နဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို စိုးရိမ်ကြသူ ရာပေါင်းများစွာဟာ သံရုံးသစ်အတွက် လျာထားတဲ့ နေရာမှာ စနေနေ့က စုဝေး ဆန္ဒပြကြပါတယ်။
ထိုင်း−မြန်မာ နယ်စပ် မြဝတီ ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေကို ညွှန်ကြား ခိုင်းစေသူတွေအဖြစ် သံသယရှိတဲ့ တရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးလိုက်တဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားရဲ့ Nuclear လက်နက်တွေဟာ အပေးအယူ ညှိနှိုင်းဖို့မဟုတ်ဘဲ၊ မြောက်ကိုရီးယား ပြည်သူတွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်တိုက်ခိုက်ဖို့ ဖြစ်တယ်လို့ ဒီကနေ့ စနေနေ့မှာဘဲ မြောက်ကိုရီးယား အစိုးရသတင်းဌာနက ကြေငြာပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ်ဟာ မြန်မာနိုင်ငံအပြန် ထိုင်းနိုင်ငံမှာ NUG အပါအဝင် မြန်မာအတိုက်အခံတွေနဲ့ ဒီမနက် တွေ့ဆုံခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲလထဲက စတင်ခဲ့တဲ့ ပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဟားမတ်စ်အဖွဲ့က နောက်ထပ် အစ္စရေးဓားစာခံ ၃ ဦးကို ဒီကနေ့ စနေနေ့မှာ ထပ်မံလွှတ်ပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်