ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရေး EU-ဥရောပသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လိုကြောင်း အမေရိကန်က အီးယူရဲ့သွင်းကုန်အခွန်တွေကို တိုးမြှင့်ကောက်ခံမယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေထွက်ပေါ်နေချိန်မှာ တရုတ်အစိုးရရဲ့ အီးယူအပေါ် ကမ်းလှမ်းချက်ထွက်လာပါတယ်။
ဖိလစ်ပိုင်ဒုတိယသမ္မတ Sara Duterte ကို အရေးယူဖို့ ဖိလစ်ပိုင်အောက်လွှတ်တော်က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံးဖြတ်လိုက်တာကြောင့် သမ္မတနဲ့ သဘောထားကွဲပြားမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့တဲ့ ဒုသမ္မတကို ရာထူးကဖယ်ရှားဖို့အထိဖြစ်လာမယ့် အထက်လွှတ်တော် ကြားနာစစ်ဆေးမှု တွေဖြစ်လာဖို့ လမ်းကြောင်းပွင့်သွားပြီ ဖြစ်ပါတယ်
“ဒီနေ့ကစပြီး မီးဖြတ်လိုက်ပါပြီ။ မီးမရတော့တာကြောင့် အခက်အခဲတွေ့နိုင်ပေမယ့်လည်း တရားမဝင်လုပ်ငန်းတွေမှာပါဝင်နေတယ်ဆိုပြီး ထိုင်းနိုင်ငံအပေါ် အပြစ်တင်လို့မရတော့ပါဘူး။ ထိုင်းလုံခြုံရေးကောင်စီက ညွှန်ကြားတဲ့ထဲမှာ စက်သုံးဆီနဲ့ အင်တာနက် ဖြတ်ဖို့လည်းပါဝင်ပါတယ်။” (Anutin Charnvirakul ထိုင်း ဒု-ဝန်ကြီးချုပ်)
ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်ကထိန်းချုပ်ပြီး တာဝန်ယူလိုကြောင်း၊ ဂါဇာကို အရှေ့အလယ်ပိုင်းဒေသရဲ့ အပန်းဖြေဒေသအဖြစ် ပြောင်းလဲပစ်လိုကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့က အိမ်ဖြူတော်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ Trump က ပြောပါတယ်။
ဆွီဒင်နိုင်ငံ အလယ်ပိုင်းက ကျောင်းတကျောင်း ပစ်ခတ်မှုမှာ ပစ်ခတ်သူအပါအဝင် လူ ၁၀ ယောက် သေဆုံးသွားခဲ့တယ်လို့ ဆွီဒင်ရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ဟာ ဗုဒ္ဓဟူးနေ့မှာ ၄ ရက်ကြာ တရုတ်ခရီးစဥ်ကို စမှာဖြစ်ပြီး စီးပွါးရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေ အဓိက ဆွေးနွေးကြမယ်လို့ မျှော်လင့်ထားကြပါတယ်။
လာမယ့်ရက်တွေမှာ အမေရိကန်နဲ့ ပြန်လည်ဆက်ဆံဖို့ သူ့အစိုးရက ရည်ရွယ်ထားပေမဲ့ ထရမ့် အစိုးရနဲ့ အဆက်အသွယ် မရသေးကြောင်း ဆီးရီးယား ကြားဖြတ်သမ္မတ Ahmed al-Sharaa က ပြောပါတယ်။
ဂါဇာ အပစ်ရပ်ရေး ဒုတိယအဆင့်နဲ့ ပတ်သက်လို့ နိုင်ငံတကာ ကြားဝင်စေ့စပ်သူတွေနဲ့ စကား စပြောနေပြီလို့ ဟားမတ်စ် ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်သလို ဂါဇာ ပြန်လည်ထူထောင်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က အင်္ဂါနေ့မှာ ပြောလိုက်ကြပါတယ်။
ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa က လုပ်စရာရှိတာတွေ အများကြီး လုပ်သွားပြီးပြီဆိုပေမဲ့ ခုထက်ပိုပြီး အားကောင်းအောင် မြန်မြန်ဆန်ဆန်နဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ဖို့ လိုတယ်လို့ မနေ့က Brussels မှာလုပ်ခဲ့တဲ့ ဥရောပ ခေါင်းဆောင်တွေရဲ့ ကာကွယ်ရေးဆိုင်ရာ တရက်တာ ထိပ်သီးအစည်းအဝေးမှာ ပြောလိုက်ပါတယ်။
“ အခု တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသကလူတွေ လိမ်လည်ခံနေရတဲ့ကိစ္စမှာလည်း သက်ဆိုင်ရာသံရုံးတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ တကယ်တော့ ထိုင်းကိုဖြတ်ပြီး မြန်မာနိုင်ငံထဲကိုဝင်သွားခဲ့ ကြတာဆိုတော့ ထိုင်းနိုင်ငံအနေနဲ့ တာဝန်ရှိနေပါတယ်။” (ထိုင်းတရားသူကြီးPol. Col. Thawee Sodsong)
တိုင်ဝမ်ကျွန်းက အစိုးရရုံးတွေမှာ တရုတ်ကုမ္ပဏီပိုင် DeepSeek ဉာဏ်ရည်တု (AI) နည်းပညာကို မသုံးကြဖို့ ဒီကနေ့ တနင်္လာနေ့မှာ တားမြစ်လိုက်ပါတယ်။ အစောပိုင်းမှာ အသုံးမပြုသင့်ဘူးလို့ သတိပေးခဲ့ရာက အခုနောက်ဆုံး လုံခြုံရေးအတွက်အန္တရာယ်ရှိတယ်ဆိုပြီး တားမြစ်လိုက်တာပါ။
အမေရိကန်သမ္မတ Donald Trump ဟာ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေကသွင်းကုန်တွေကို အခွန်တိုးကောက်ဖို့ကြေညာအပြီး ရက်ပိုင်းအတွင်းမှာပဲ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဒီနေ့ စကားပြောဖို့ စီစဉ်ထားပါတယ်။ တရုတ်နိုင်ငံကတော့ တန်ပြန်တာအပါအဝင် တခြားအစီအစဉ်တွေနဲ့ပါ တုံ့ပြန်မယ်လို့ ပြောထားတာပါ။
နောက်ထပ်ကြည့်ရှုရန်