မြောက်ကိုရီးယားရဲ့ Nuclear လက်နက်တွေဟာ အပေးအယူ ညှိနှိုင်းဖို့မဟုတ်ဘဲ၊ မြောက်ကိုရီးယား ပြည်သူတွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်တိုက်ခိုက်ဖို့ ဖြစ်တယ်လို့ ဒီကနေ့ စနေနေ့မှာဘဲ မြောက်ကိုရီးယား အစိုးရသတင်းဌာနက ကြေငြာပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ်ဟာ မြန်မာနိုင်ငံအပြန် ထိုင်းနိုင်ငံမှာ NUG အပါအဝင် မြန်မာအတိုက်အခံတွေနဲ့ ဒီမနက် တွေ့ဆုံခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲလထဲက စတင်ခဲ့တဲ့ ပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဟားမတ်စ်အဖွဲ့က နောက်ထပ် အစ္စရေးဓားစာခံ ၃ ဦးကို ဒီကနေ့ စနေနေ့မှာ ထပ်မံလွှတ်ပေးလိုက်ပါတယ်။
အမေရိကန် U.S. Steel သံမဏိကုမ္ပဏီကြီးကို ဂျပန် Nippon Steel က ဝယ်မယ့်အစား၊ ရင်းနှီးမြှပ်နှံမှု လုပ်လိမ့်မယ်လို့ သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။ ဝါရှင်တန်မြို့တော်မှာ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba ဆွေးနွေးအပြီး၊ ပူးတွဲသတင်းစာရှင်းပွဲမှာ သမ္မတ Trump ကပြောကြားခဲ့တာ ဖြစ်ပါတယ်။
စစ်ဒဏ်ကြောင့် ပျက်စီး ယိုယွင်းနေတဲ့ ဂါဇာကမ်းမြောင်ဒေသအတွက် စီမံခန့်ခွဲရေးဆိုင်ရာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အဆိုပြုချက် ထွက်ပေါ်လာပြီးနောက်မှာ ဂါဇာကမ်းမြောင်ဒေသကနေ ပါလက်စတိုင်းတွေ ထွက်ခွါသွားရေး စီစဉ်ဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကို အစ္စရေးကာကွယ်ရေးဝန်ကြီးက အမိန့်ပေးလိုက်ပါတယ်။
ယူကရိန်းစစ် အဆုံးသတ်ရေးအတွက် ရုရှားအပေါ်ဒဏ်ခတ်အရေးယူမှုတွေနဲ့ တိုးပြီး ဖိအားပေးဖို့ အမေရိကန်ကစီစဉ်နေတယ်လို့ ရုရှားနဲ့ယူကရိန်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Keith Kellogg ကပြောပါတယ်။ အရေးယူဒဏ်ခတ်မှုတွေ လုပ်နိုင်တာ အများကြီးရှိတဲ့အထဲ အထူးသဖြင့် ရုရှားရဲ့စွမ်းအင်ကဏ္ဍပဲ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
မဟာမိတ်နိုင်ငံတွေရော ပြိုင်ဘက်နိုင်ငံတွေကိုပါ လှုပ်ခတ်စေမယ့် နိုင်ငံခြားရေးမူဝါဒတွေ ထုတ်ပြန်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba ရှီဂဲရု အီရှိဘကို သောကြာနေ့က သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံပြီး အမေရိကန်-ဂျပန် ဆက်ဆံရေး ပြန်လည်ခိုင်မာလာဖို့ ဂျပန်ဘက်က မျှော်လင့်နေတာပါ။
ထိုင်း-မြန်မာနယ်စပ်ဒေသအခြေစိုက်ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေလုပ်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဒေသတွင်းမှာ အမြစ်ပြတ်သွားအောင်ရှင်းနိုင်ဖို့ တရုတ်ကသက်ဆိုင်တဲ့နိုင်ငံတွေနဲ့ တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်နေတယ်လို့ သောကြာနေ့ ပုံမှန်သတင်းစာရှင်းပွဲအတွင်း ပြောခွင့်ရ Lin Jian ကပြောပါတယ်။
“Funding က HIV နဲ့ TB ကိုလည်း အများဆုံး ဆေးကုဖို့ပေးနေတာဖြစ်တဲ့အတွက်ကြောင့် HIV ဆေး တွေ ပြတ်သွားရင် သူတို့က ဒုက္ခတွေရောက်မယ်၊ တီဘီဆေးပြတ်သွားလို့ရှိရင် multi-drug resistance တွေ ဖြစ်လာနိုင်တယ်။" (ဒေါက်တာ စင်သီတင်ဦး- ယခင် Relief International/Save the Children )
တရုတ်နိုင်ငံကိုလာလည်နေကြတဲ့ ထိုင်းလူမျိုးတွေ လုံခြုံနွေးထွေးတဲ့ ခံစားမှုမျိုးရကြသလို တရုတ်လူမျိုးတွေလည်း ထိုင်းနိုင်ငံကို ကိုယ့်အိမ် ကိုယ့်ယာလို ခံစားမှုမျိုးနဲ့ လာလည်ကြဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံမှာရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ပြောပါတယ်။
ပါကစ္စတန်နိုင်ငံအတွင်း အခြေခံ အဆောက်အအုံ နဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေ လုံခြုံမှု ရှိအောင် ဆောင်ရွက်ပေးပါမယ်လို့ ပါကစ္စတန်အစိုးရက တရုတ်ကို အာမခံ ပြောကြားလိုက်ပါတယ်။
အီရန်က ရေနံစည်တွေ သန်းနဲ့ချီ တရုတ်နိုင်ငံကို တင်ပို့ရာမှာ ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာ ကွန်ရက်တွေကို ပစ်မှတ်ထားပြီး အီရန် ရေနံလုပ်ငန်းအပေါ် ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုသစ် ချမှတ်လိုက်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်