ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေဆီက ကယ်တင်ခဲ့တဲ့သူတွေကို ဘယ်သူက အမှန်တကယ် လူကုန်ကူး ခံရသူဆိုတာကို ထုတ်ဖေါ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်း တော်ဝင်ရဲတပ်ဖွဲ့ RTP က ဘန်ကောက် မြို့မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေကို ဖိတ်ကြားထားတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲအရေးနဲ့ပတ်သက်ပြီး ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာကျင်းပနေတဲ့ နိုင်ငံတကာ လုံခြုံရေးညီလာခံကိုတက်ရောက်လာတဲ့ အမေရိကန်ဒုသမ္မတ JD Vance နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky တို့ ဒီကနေ့သောကြာနေ့မှာ သီးခြားတွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။
အာရှဒေသတွင်း အင်အားခိုင်မာအောင် တရုတ်က လုပ်ဆောင်နေချိန်မှာ သမ္မတထရမ့်က ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနဲ့ ဆက်ဆံရေး ခိုင်မာအောင်လုပ်ဖို့နဲ့ အမေရိကန်ရဲ့ ကာကွယ်ရေးနဲ့ စွမ်းအင်ဆိုင်ရာ ပစ္စည်းတွေရောင်းချမှုတိုးလာအောင် လုပ်ဆောင်မှာ ဖြစ်ကြောင်း ထရမ့်အစိုးရအဖွဲ့ အရာရှိတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာအမျိုးသား တဦးဖြစ်တဲ့ အောင်ကိုကို သေဆုံးမှုဟာ ထိုင်းစစ်သား တွေကြောင့်လို့ စွပ်စွဲထားတဲ့ အမှုအတွက် ပြန်လည် စုံစမ်းဖေါ်ထုတ်ဖို့ လုပ်နေပြီဖြစ်ကြောင်း သြဇာကြီးတဲ့ ထိုင်းရှေ့နေများအဖွဲ့ဖြစ်တဲ့ LCT ထိုင်းရှေ့နေများကောင်စီက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်က မြန်မာအမျိုးသား တဦးဖြစ်တဲ့ အောင်ကိုကို သေဆုံးမှုဟာ ထိုင်းစစ်သားတွေ ကြောင့်လို့ စွပ်စွဲထားတဲ့ အမှု အတွက် ပြန်လည် စုံစမ်းဖေါ်ထုတ်ဖို့ လုပ်နေပြီ ဖြစ်ကြောင်း သြဇာကြီးတဲ့ ထိုင်းရှေ့နေများအဖွဲ့ ဖြစ်တဲ့ LCT -ထိုင်းရှေ့နေများ ကောင်စီက ပြောပါတယ်။
အာရှဒေသတွင်း အင်အားခိုင်မာအောင် တရုတ်က လုပ်ဆောင်နေချိန်မှာ သမ္မတထရမ့်က ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနဲ့ ဆက်ဆံရေး ခိုင်မာအောင်လုပ်ဖို့နဲ့ အမေရိကန်ရဲ့ ကာကွယ်ရေးနဲ့ စွမ်းအင်ဆိုင်ရာပစ္စည်းတွေ ရောင်းချမှုတိုးလာအောင် လုပ်ဆောင်မှာ ဖြစ်ကြောင်း ထရမ့်အစိုးရအဖွဲ့ အရာရှိတွေက ပြောပါတယ်။
၃ နှစ် ကြာလာပြီဖြစ်တဲ့ ရုရှားကျူးကျော်စစ် အဆုံးသတ်ရေးနဲ့ ပတ်သက်ပြီး ယူကရိန်း မပါပဲ အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံ ဆုံးဖြတ်ပြီး ချမှတ်တဲ့ ဘယ် သဘောတူညီချက်မျိုးကိုမဆို ယူကရိန်းက လက်ခံမှာ မဟုတ်ဖူးလို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
၃ နှစ်လာတဲ့ကြာ ရုရှားကျူးကျော်စစ် အဆုံးသတ်ရေးမှာ ယူကရိန်းမပါပဲ အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံ ဆုံးဖြတ်ပြီးချမှတ်တဲ့ ဘယ်သဘောတူညီချက်မျိုးကိုမဆို ယူကရိန်းက လက်ခံမှာမဟုတ်ဖူးလို့ ယူကရိန်းသမ္မတ Zelenskyy က ကြာသပတေးနေ့မှာပြောပါတယ်။ ကိုယ့်နိုင်ငံမပါဝင်တဲ့ ဘယ်သဘောတူညီချက်ကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ဆိုပါတယ်။
နယူးယောက်ဖက်ရှင် သီတင်းပတ်မှာ ပြသသွားတဲ့ ဖက်ရှင်ဒီဇိုင်နာ Carolina Herrera (ကယ်ရိုလိုင်းနား ဟာ) ရဲ့ ၂၀၂၅ ဆောင်းဦးရာသီ ဖက်ရှင်ပြပွဲကို ဒီဇိုင်နာ Wes Gordon ဝက်စ်ဂေါ်ဒန်က သူအကြိုက်ဆုံး ရုပ်ရှင်ဖြစ်တဲ့ "Being There" ကနေ စိတ်ကူးကွန့်မြူးပြီး အခိုက်တန့် အလှတရားဆိုတာကို ဖော်ကျူးပြသခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ပမာဏအများဆုံး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စတင်တည်ဆောက်နေတယ်လို့ သုတေသီတွေက ပြောလိုက်ပါတယ်။
ကမ္ဘာတဝှမ်း အဂတိလိုက်စားမှုတွေကို စုံစမ်းအကဲဖြတ်တဲ့ Transparency International အဖွဲ့ကြီးရဲ့ ၂၀၂၄ ခု အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အထဲ မြန်မာက ၁၆၈ နေရာကိုရောက်နေတဲ့အပြင် အရှေ့တောင်အာရှမှာ လာဘ်စားမှုအဆိုးဆုံးနိုင်ငံအဖြစ်လည်း Transparency International ကဖော်ပြပါတယ်။
နာမည်ကျော် အမေရိကန် ရုပ်ရှင်မင်းသမီး Angelina Jolie အန်ဂျလီနာ ဂျိုလီ ဆန်တာဘာဘရာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ Maltin Modern Master Award မော်လ်တင် ခေတ်သစ်ပညာရှင်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်