အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ ပြင်ဆင်မှုတွေ စလုပ်နေပြီလို့ ရုရှားဘက်က ပြောလိုက်ပါတယ်။
Vatican မှာ တနင်္ဂနွေနေ့တိုင်း ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲကို ပုပ်ရဟန်းမင်းကြီး ဦးဆောင်မှာ မဟုတ်ဘူးလို့ Vatican တာဝန်ရှိသူတွေ ဒီနေ့ ပြောကြားလိုက်ပါတယ်။ အခုလို တနင်္ဂနွေ ဝတ်ပြုပွဲကို ပုပ်ရဟန်းမင်းကြီး Francis ဦးမဆောင်နိုင်တာ သီတင်း၂ ပတ်ဆက်တိုက် ရှိပါပြီ။
ဖိလစ်ပိုင်ဟာ နယ်မြေအငြင်းပွါးနေတဲ့ တောင်တရုတ် ပင်လယ်ပြင် ပေါ်က ဝေဟင်ထဲကို သောကြာနေ့က သူ့ရဲ့ လေယာဉ် ၃ စင်း တရားမဝင် စေလွှတ်ခဲ့ပြီး ၂ နိုင်ငံကြား ကာလတာရှည် နယ်မြေအငြင်းပွါးပြီး တင်းမာနေတဲ့ အခြေအနေကို ပိုဆိုးလာစေတယ်လို့ တရုတ်က စွပ်စွဲပါတယ်။
အစ္စရေးနိုင်ငံ Tel Aviv မြို့က Bat Yam ဆင်ခြေဖုံးဒေသမှာ ပေါက်ကွဲမှု ၃ ခု ဖြစ်ပွါးခဲ့တဲ့နောက် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း West Bank ဒေသမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်မှုတွေ တိုးမြှင့်ဖို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz က သောကြာနေ့မှာ အမိန့်ပေးခဲ့ပါတယ်။
တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ်စတန် နိုင်ငံထဲက အုပ်ချုပ်သူကင်းမဲ့နေတဲ့ ဒေသတွေဟာ အစွန်းရောက်အဖွဲ့တွေ လှုပ်ရှားဖို့ အခွင့်အရေး ပေးသလို ဖြစ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောပါတယ်။
ဖိလစ်ပိုင်ဟာ နယ်မြေအငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ပေါ်က ဝေဟင်ထဲကို သောကြာနေ့က သူ့ရဲ့ လေယာဉ် ၃ စင်း တရားမဝင် စေလွှတ်ခဲ့ပြီး ၂ နိုင်ငံကြား ကာလတာရှည် နယ်မြေအငြင်းပွါး၊ တင်းမာနေတဲ့ အခြေနေကို ပိုဆိုးလာစေတယ်လို့ တရုတ်က စွပ်စွဲပါတယ်။
တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ်စတန်နိုင်ငံထဲက အုပ်ချုပ်သူကင်းမဲ့နေတဲ့ ဒေသတွေဟာ အစွန်းရောက်အဖွဲ့တွေလှုပ်ရှားဖို့ အခွင့်ရေးပေးသလို ဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကပြောပါတယ်။ အကြမ်းဖက်တိုက်ခိုက်လာနိုင်ခြေ ရှိမရှိ CBS ရုပ်သံရဲ့မေးမြန်းခန်းမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံ Tel Aviv မြို့ဆင်ခြေဖုံးဒေသမှာ ပေါက်ကွဲမှု ၃ ခု ဖြစ်ပွါးခဲ့တဲ့နောက် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းမှာ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးတိုးမြှင့်ဖို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Katz က အမိန့်ပေးခဲ့ပါတယ်။ ကြာသပတေးညမှာ လူမပါတဲ့ ဘတ်စ်ကားပေါ် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိပါဘူး။
အမေရိကန်အစိုးရက ယူကရိန်း-ရုရှားစစ်အဆုံးသတ်ဖို့ ကြားဝင်ပေးနေချိန် နေအိမ်တွေဆုံးရှုံးထားတဲ့ ယူကရိန်းပြည်သူတွေ ဘဝသစ်ပြန်စဖို့အတွက် ကူညီနေတဲ့ စီမံကိန်းလေးတခုအကြောင်း ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
Australia နိုင်ငံ အရှေ့တောင်ပိုင်း ရေပိုင်နက်လွန်မှာ တရုတ်ရေတပ်သင်္ဘောတွေ ကျည်အစစ်သုံး လေ့ကျင့်မှုတွေလုပ်နိုင်တယ်ဆိုတဲ့သတိပေးမှုကြောင့် လေကြောင်းလိုင်းတချို့ လမ်းကြောင်းပြောင်း ပျံသန်းခဲ့ကြပါတယ်။
မလေးရှားက အွန်လိုင်းငွေလိမ်ဂိုဏ်း (၁၇) ခုကို ဗုဒ္ဓဟူးနေ့ညက ရဲတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက် ဖမ်းဆီးခဲ့တာမှာ မြန်မာနိုင်ငံသားသုံးယောက်အပါအဝင် နိုင်ငံခြားသား (၄၆) ယောက်ကို ဖမ်းဆီးခဲ့ ပါတယ်။
ဝါရှင်တန်ဒီစီ မြို့ပြင်မှာ ၃ ရက်ကြာကျင်းပတဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးလှုပ်ရှားမှု ညီလာခံ CPAC ကို ကြာသပတေးနေ့မှာ စတင်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့အတူ အာဂျင်တီးနား၊ အီတလီနဲ့ စလိုဗက်ကီးယား နိုင်ငံခေါင်းဆောင်တွေ တက်ရောက် မိန့်ခွန်းပြောကြဖို့ ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်