မြန်မာနိုင်ငံဘက်က အွန်လိုင်း လိမ်လည်ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး လူမှောင်ခိုကူးရာမှာ မသင်္ကာမှုနဲ့ ရဲဗိုလ်ချုပ် Ekkarat Intasueb နဲ့ Samrit Aimkamol တို့ကို ဘန်ကောက် ရဲဌာနချုပ်ကို ချက်ချင်းလာရောက်ဖို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ Kittharath Punpetch က ဒီကနေ့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ ဆင့်ခေါ်လိုက်တာပါ။
“နိုင်ငံတကာ ဆက်ဆံရေးနဲ့ပတ်သက်လို့ ရိုမေးနီးယားနဲ့ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အပြန်အလှန်ပြောဆိုဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်တွေနဲ့ ကြိုးပမ်းမှုတွေကိုလည်း ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံမှာရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားမျှတမှု ရရှိအောင်လည်း လုပ်နိုင်မှာပါ။” (မလေးရှားဝန်ကြီးချုပ်)
ပါလက်စတိုင်းတွေ ဂါဇာကိုပြန်လာဖို့ သူ့ အဆိုပြု အစီအစဥ်အောက်မှာတော့ အခွင့်အရေး မရှိဘူး လို့ အမေရိကန်သမ္မတ ထရမ့်က တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်းဝင်နိုင်ငံတွေက နိုင်ငံသားတွေ တရုတ်နိုင်ငံ ဆစ်ဆောင်ပနား(Xishuangbanna) ဒေသကို အုပ်စုလိုက်အလည်လာကြမယ်ဆိုရင် ဒီကနေ့ကစလို့ ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ကြောင်း တရုတ်နိုင်ငံက ကြေညာပါတယ်။
မြန်မာနိုင်ငံနယ်ခြားက အွန်လိုင်းငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေကို တိုက်ဖျက်ရေးမှာ မပြီးဆုံးသေးသလို ထောက်ခံပေးကြဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra က မြန်မာနိုင်ငံအတွင်းက လူ့မှုအဖွဲ့အစည်းတွေကို တိုက်တွန်းပြောဆိုလိုက်တာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
ရုရှား၊ ဘဲလားရုစ်တို့နဲ့ ဆယ်စုပေါင်းများစွာ စွမ်းအင်ချိတ်ဆက်ထားတာကို ဖြတ်တောက်လိုက်ပြီး နောက်တရက်မှာ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတွေက ဥရောပ လျှပ်စစ် မဟာလိုင်းနဲ့ အောင်မြင်စွာ ချိတ်ဆက်လိုက်ကြပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး အစိတ်အပိုင်းတရပ်အဖြစ်နဲ့ အစ္စရေးတပ်ဖွဲ့တွေကို ဂါဇာဒေသရဲ့ အရေးပါတဲ့ Netzarim စင်္ကြန်ဒေသကနေ ပြန်ရုတ်သိမ်းလိုက်တယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံဘက်ကို မှောင်ခိုတင်သွင်းမယ့် နေစွမ်းအင်သုံး Solar ပြားတွေနဲ့ လောင်စာဆီတွေကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ ဒီကနေ့ပဲ ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။
ဂါဇာဒေသမှာ ၁ နှစ်ကျော်လောက် ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရကနေ လွတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသား ၅ ယောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဒီနေ့ ပြန်ရောက်လာခဲ့ပါတယ်။ အကျဉ်းသား လဲလှယ်ရေးအစီအစဉ် အစိတ်အပိုင်းတရပ်အဖြစ်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ သွင်းကုန်ခွန် တိုးကောက်မယ့် အစီအစဉ်ကနေ လွတ်လိမ့်မယ်လို့ အကောင်းမြင် မျှော်လင့်ထားကြောင်း ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba က ဒီနေ့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
နေရောင်ခြည်နဲ့ လေစွမ်းအင် တပ်ဆင်အသုံးပြုမှုတွေ အားကောင်းလာတဲ့ တရုတ်နိုင်ငံမှာ ပြန်ပြည့်မြဲစွမ်းအင် သုံးစွဲမှုတွေအတွက် အစိုးရက ထောက်ပံ့နေတာတွေကို လျှော့ချမယ့်အကြောင်း တရုတ်အစိုးရ ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နဲ့ အမေရိကန်က လုံခြုံရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်လိုက်တာက မြောက်ကိုရီးယားနိုင်ငံအတွက် စိုးရိမ်စရာ ခြိမ်းခြောက်မှုဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်